ဆီးအောင့် ၊ ဆီးကြိတ်ရောဂါအတွက်



ဆေးနည်း








Maung Maung

Unicode

ခွေးတောက်ရွက်ငှက်ပြောသီးပြုတ် ဆီးကြိတ်ရောဂါအတွက်ဆေးနည်းကောင်း

ဒီဆေးနည်းကို ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ကြီးတပည့်ကိုတိုးလေးမှ ဒေါက်တာဒေါ်မြင့်မြင့် မှတဆင့် ကျွန်တော်ထပ်ဆင့်သိရခြင်းပါခင်ဗျာ။

ဆေးနည်း

ငှက်ပြောသီးဖီးကြမ်းတစ်လုံးကို အခွံပေါ်မှ အပေါက်ဖောက်ပါ ခွေးတောက်ရွက်(၇)ရွက်ပတ်ထုတ်ပြီး သုံးခွက်တစ်ခွက်တင်ပြုတ်ပါ

အခွံခွါပြီးပြုတ်ပြီးငှက်ပျောသီးစားပါ အရည်ကိုလည်းသောက်ပါ။

ကျွန်တော်ကိုယ်တိုင်ဆီးသွားပြီးသော်လည်း ထပ်သွားချင်နေတာ ဆီးတော်တော်နဲ့မထွက်တာ ဆီးအိမ်မှာအောင့်နေတာ ဆီးနဲတာ စတဲ့စတာတွေသက်သာပြီး ကောင်းသွားလို့ အခုအဘအတွက်ပြုတ်ပေးရင်း မိတ်ဆွေတို့တိုက်ဆိုင်သူများရှိရင်ပေါ့ခင်ဗျာ။

အဘဦးဆန်းဝေကိုနှာခေါင်းပိုက်ထည့်ထားရလို့ပြုတ်ရည်ကိုဘဲ ထည့်ပေးပြီးတဲ့အခါ ဆီးသွားရတာအချိန်ပိုခြားသွားပြီး ဆီးများများထွက်ပြီး ဆီးသွားရတာလွယ်သွားလို့ ထပ်ပြုတ်ပါဦးတဲ့ဗျာ။

လူအများအတွက်မို့ရှယ်ပါဗျာ ငြုပ်သီးစားပြီးဆီးအောင့်လေ့ရှိတဲ့ ဇနီးကလည်းဝမ်းသာအားရဖုန်းဆက်လာတယ်။

ကျန်နေတဲ့ငှက်ပြောသီးဂွေးတောက်ရွက်ပြုတ် တစ်လုံးစားလိုက်တော့ သုံးညဆက်တိုက်ဆီးသုံးကြိမ် ထသွားရပြီး အခုဆီးအောင့်နေတာပျေါက်သွားသတဲ့ ခင်ဗျာ။

ဆီးဆေးက ဆရာဝန်ခွင့်ပြုချက်ပါမှ ရောင်းချခွင့်ရှိတာမို့ ဒီနည်းကိုသာသုံးကြပါလို့ မိတ်ဆွေတို့ လွတ်လပ်စွာရှယ်ကြပါခင်ဗျာ ကုသိုလ်ပြုပါတယ်ခင်ဗျာ။

Maung Maung

Be the first to comment

Leave a Reply

Your email address will not be published.


*