ရန္ကုန္ျမိဳ့ကို အင္အားျဖည့္ေဆာင္ရြက္ရန္ က်န္းမာေရး၀န္ထမ္းမ်ား ထပ္မံေရာက္ရွိ

COVID-19 ေရာဂါ ကူးစက္မႈ ျမင့္တက္ေနသည့္ ရန္ကုန္ၿမိဳ႕၏ ျပည္သူ႔က်န္းမာေရး လုပ္ငန္းမ်ားတြင္ အားျဖည့္ေဆာင္႐ြက္ႏိုင္ရန္ ကယားျပည္နယ္မွ က်န္းမာေရးဝန္ထမ္း (၂၀)ဦးသည္ ယေန႔ နံနက္ပိုင္းတြင္ လြိဳင္ေကာ္ၿမိဳ႕မွ စတင္ထြက္ခြာၾကၿပီျဖစ္ေၾကာင္း ႏိုင္ငံပိုင္မီဒီယာက ေၾကညာသည္။

က်န္းမာေရး ေဆာင္႐ြက္ေပးမည့္အဖြဲ႕ကို သူနာျပဳဆရာမႀကီး (၁)ဦးဦးေဆာင္ၿပီး အထက္တန္း သူနာျပဳ(၇)ဦး ၊ သူနာျပဳ(၁၂)ဦးတို႔ပါဝင္ကာ၊ COVID-19 ကုသေရးဌာန(ေဖာင္ႀကီး) ႏွင့္ COVID-19 ကုသေရးဌာန (ဒဂုံ ဆိပ္ကမ္း) တို႔တြင္ အားျဖည့္ေဆာင္႐ြက္ၾကမည္ဟု ေၾကညာခ်က္အရသိရသည္။

အဆိုပါ က်န္းမာေရးအဖြဲ႕ကို ကယားျပည္နယ္ က်န္းမာေရးဦးစီးဌာနက စိတ္ဓာတ္ ခြန္အားႏွင့္အတူ စားေသာက္ဖြယ္ရာႏွင့္ ေငြေၾကးမ်ား ဝိုင္းဝန္းပံ့ပိုးေပးၾကေၾကာင္း ျပည္နယ္ ကုသေရးႏွင့္ျပည္သူ႔ က်န္းမာေရး ဦးစီးဌာနမႉး ေဒါက္တာေဌးလြင္၏ ေျပာျပခ်က္အရ သိရွိရသည္။

Credit:Myanmar Harp

Unicode

COVID-19 ရောဂါ ကူးစက်မှု မြင့်တက်နေသည့် ရန်ကုန်မြို့၏ ပြည်သူ့ကျန်းမာရေး လုပ်ငန်းများတွင် အားဖြည့်ဆောင်ရွက်နိုင်ရန် ကယားပြည်နယ်မှ ကျန်းမာရေးဝန်ထမ်း (၂၀)ဦးသည် ယနေ့ နံနက်ပိုင်းတွင် လွိုင်ကော်မြို့မှ စတင်ထွက်ခွာကြပြီဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ကြေညာသည်။

ကျန်းမာရေး ဆောင်ရွက်ပေးမည့်အဖွဲ့ကို သူနာပြုဆရာမကြီး (၁)ဦးဦးဆောင်ပြီး အထက်တန်း သူနာပြု(၇)ဦး ၊ သူနာပြု(၁၂)ဦးတို့ပါဝင်ကာ၊ COVID-19 ကုသရေးဌာန(ဖောင်ကြီး) နှင့် COVID-19 ကုသရေးဌာန (ဒဂုံ ဆိပ်ကမ်း) တို့တွင် အားဖြည့်ဆောင်ရွက်ကြမည်ဟု ကြေညာချက်အရသိရသည်။

အဆိုပါ ကျန်းမာရေးအဖွဲ့ကို ကယားပြည်နယ် ကျန်းမာရေးဦးစီးဌာနက စိတ်ဓာတ် ခွန်အားနှင့်အတူ စားသောက်ဖွယ်ရာနှင့် ငွေကြေးများ ဝိုင်းဝန်းပံ့ပိုးပေးကြကြောင်း ပြည်နယ် ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဌေးလွင်၏ ပြောပြချက်အရ သိရှိရသည်။

Credit:Myanmar Harp

Be the first to comment

Leave a Reply

Your email address will not be published.


*