တီဗီမွာ စစ္ကားလာရင္ နာက်င္စြာ မ်က္ရည္က်ရတဲ့ စစ္သားမိန္းမ တစ္ေယာက္ အေၾကာင္း

တီဗီမွာ စစ္ကားလာရင္ နာက်င္စြာ မ်က္ရည္က်ရတဲ့ စစ္သားမိန္းမ တစ္ေယာက္ အေၾကာင္း

အဲ့ေန႔က ပန္းအိုးလည္းက်မကြဲခဲ့ပါ ခလုတ္လည္းမတိုက္မိသလို ဘာနိမိတ္မွမျပခဲ့ေပမဲ့ ညေနေစာင္း တပ္ကလွမ္းအေၾကာင္းၾကားတဲ့အခ်ိန္မွာ က်သြားၿပီဆိုတဲ့စကားက အသိစိတ္မဲ့ေနတဲ့ သူတေယာက္လို ငိုဖို႔ မ်က္ရည္က်ဖို႔ဆိုတာ ေမ့ေနခဲ့တဲ့အခ်ိန္ေပါ့…

တီဗီကလာတဲ့ ဇာတ္ကားေတြထဲကလို လူႀကီးဇနီးေတြ အရာရွိေတြ ကိုယ့္အိမ္လာတဲ့အခ်ိန္ မလာနဲ႔ မလာပါနဲ႔ က်မ ေယာက္်ားက်တာ မဟုတ္ဘူးဆိုတဲ့စကား ေျပာဖို႔

အသံထြက္မလာသလို အသိစိတ္မဲ့ေနတဲ့ အ႐ူးတေယာက္လို ေဘးကလူေတြမ်က္ႏွာေတြ အသံေတြကို မၾကား မျမင္ႏိုင္ေလာက္တဲ့အထိ အသိစိတ္ေတြေပ်ာက္ခဲ့ရတယ္…

က်မ သူဆီကိုမေရာက္ေသးေပမဲ့ သူ႔ကိုေရခဲတိုက္ထဲ ထည့္ထားလိုက္ၿပီေျပာေတာ့ ခ်က္ျခင္း အဲ့ထဲက ျပန္ထုတ္ခိုင္းမိခဲ့တယ္.. ေသခ်ာေကာစစ္တာဟုတ္ရဲ႕လား အသက္ရွင္ေနေသး ရင္ဘယ္လိုလုပ္မွာလဲ..

အထဲမွာသတိရေနရင္ တာဝန္ ယူမွာလား ဆိုၿပီး ခ်က္ျခင္းျပန္ထုတ္ခိုင္းခဲ့မိတယ္.. တကယ့္ကို ေသဆုံး သြားတာပါ.. ေသခ်ာေအာင္ စစ္ၿပီးပါၿပီဆိုတဲ့စကားေတြ က်မနားထဲမဝင္ႏိုင္ခဲ့ပါ…

ေနာက္ဆုံး ေသဆုံးေနတဲ့ သူ႔ကို ျပန္ရခဲ့တာေတာင္ ဒါ က်မ ေယာက္်ားမဟုတ္ဘူးလို႔ ေျပာၿပီး က်မ ေယာက္်ားေပ်ာက္ေနတယ္ ျပန္ရွာေပးပါလို႔ ငိုယိုေျပာခဲ့ဖူးတယ္.. (မမွတ္မိေလာက္ေအာင္ျဖစ္ေနတဲ့ ပုံစံမို႔) သူဆိုတာကို မယုံၾကည္ႏိုင္ခဲ့ဘူး..

ေနာက္ဆုံးေတာ့ တာဝန္ေက်ပါတယ္ ဂုဏ္ယူပါတယ္ သင္သြားလိုရာ သြားႏိုင္ၿပီဆိုတဲ့ စကားေတြနဲ႔တင္ ေဆာက္တည္ခဲ့တဲ့မိသားစု ဘဝဆိုတာ လုံးဝ ၿပိဳ ပ်က္သြားခဲ့တာပါပဲ…

(၁) တပ္ထုံးစံအရ တပ္ေရးဗိုလ္ႀကီးနဲ႔ တပ္ရင္းမႉးကေတာ္တို႔ လိုင္းခန္းေတြဘက္ေလွ်ာက္ၿပီဆို သတင္းဆိုးလာၿပီေပါ့ ။ အားလုံး ေၾကာက္႐ြံ႕တိတ္ဆိတ္လို႔ေပါ့ ။ သတင္းဆိုးက “စိန္စိန္ေရ နင္ဂုဏ္ယူလို႔ရၿပီ” တဲ့ ။

ကြၽန္မေယာက္်ားက်ဆုံးတဲ့ သတင္းကို တပ္ရင္းမႉးကေတာ္က လာေျပာသြားတာပါ။ ေၾသာ္ ဂုဏ္ယူလို႔ရၿပီတဲ့လား ။

(၂) ပိန္ခ်ိဳင့္ေနတဲ့ဟန္းေကာခ်ိဳင့္ေလး စစ္ဖိနပ္အစုတ္ကေလးတစ္ရန္ ေဆးကြက္ေနတဲ့သံေသတၱာတစ္လုံး ဖ်ာေဟာင္းေလးႏွစ္ခ်ပ္ နံရံေပၚၿပဳံးေနတဲ့ သူ႔ဓာတ္ပုံရွိတဲ့ လိုင္းခန္းေလးထဲမွာ စစ္သားေသေတာ့ စစ္သားမိန္းမဘာေတြရခဲ့ၿပီလဲ နာက်င္စြာ စိန္စိန္ငိုေလၿပီ ။

(၃) ေဘးခန္းေတြက က႐ုဏာနဲ႔ အားေပးႏွစ္သိမ့္ပါတယ္ ။ တပ္ရင္းမႉးကေတာ္က ေငြကူပါတယ္ ။ ဒါနဲ႔ပဲ ဗိုက္ထဲကကေလးရဲ႕ ဖခင္မဲ့မႈက ထာဝရျဖစ္ၿပီေပါ့ေလ ။

တိုင္းျပည္တာဝန္ထမ္းေဆာင္ရင္းက်ဆုံးလို႔ ဂုဏ္ယူပါတယ္ဆိုတဲ့ ကတ္ထူစာ႐ြက္တစ္႐ြက္က မုဆိုးမျဖစ္ဖို႔ေသခ်ာေစခဲ့တယ္ ။ စစ္သားေသေတာ့ စစ္သားမိန္းမဘာေတြရခဲ့ၿပီလဲ ။

(၄) စစ္သည္တို႔ေရွ႕တန္းကျပန္လာၾကၿပီ ေအာင္ပြဲရလို႔သေျပပန္းနဲ႔ႀကိဳၿပီေပါ့ အိုးစည္ဗုံေမာင္းေတြဘယ္လိုတီးတီး ကြၽန္မေယာက္်ားပါမလာတာက ပါမလာတာပါပဲ ။

မ်က္ရည္ဆိုတာေလ က်တာ က်တာ တစ္ဆုံးနာက်င္မႈနဲ႔ အ႐ူးတစ္ပိုင္းစစ္သားမိန္းမစိန္စိန္ေပါ့ လိုင္းခန္းေလးထဲငိုရၿပီ ေျဖေပးၾကပါဦး စစ္သားေသေတာ့ စစ္သားမိန္းမဘာေတြရခဲ့လို႔လဲ ။

(၅) ျပည္တြင္းစစ္ဆိုတာ ဘယ္ဘက္လက္ကဓားနဲ႔ ညာလက္ကဓားတိုက္ခိုက္တာပဲတဲ့ ။ ဒါဆိုဂုဏ္ယူစရာလား စစ္သားေသေတာ့ စစ္သားမိန္းမဘာေတြရလဲ ။

တိုက္ရလို႔လား ကားရလို႔လား ဘဏ္မွာေငြေတြအပ္ႏိုင္လို႔လား အဖိုးတန္ေျမကြက္ရလို႔လား ဦးပိုင္ရွယ္ယာေတြရလို႔လား မရပါဘူး ဝါဒျဖန္႔လို႔ေကာင္းတဲ့ ဇာတ္လမ္းတစ္ပုဒ္ေတာ့ ရေကာင္းရႏိုင္တယ္ ။

(၆) အဲဒီစိန္စိန္က ဗိုက္ထဲက ကေလးဖခင္ကိုပဲျပန္လိုခ်င္တယ္.. သူ႔ေယာက္်ားအုတ္ဂူေရွ႕သူေတြးေနတာက စစ္ကိုမုန္းတယ္ စစ္ကိုမုန္းတယ္ စစ္ကိုမုန္းတယ္ေပါ့ ။

ဒီလိုနဲ႔ လအနည္းငယ္အၾကာမွာ ငိုေနတဲ့စိန္စိန္ဆီ လိုင္းခန္းေလးက ဖယ္ရွားေပးဖို႔ အမိန္႔စာတစ္ေစာင္ေရာက္လာပါတယ္ ျဖစ္ရေလ စစ္သားမိန္းမဘာေတြရခဲ့လို႔လဲ ။

(၇) အခုေတာ့စိန္စိန္တစ္ေယာက္ ကြၽန္ေတာ္ (စုေမာင္ေမာင္) ေနထိုင္ရာ အန္းကုန္းရပ္ကြက္ ၊ ဟသၤာတၿမိဳ႕ေလး မွာ ကေလးတစ္ေယာက္လက္ဆြဲလို႔ ေျပာင္းဖူးျပဳတ္ေလးေရာင္း ဖရဲသီးစိတ္ေလးေရာင္းေပါ့ ။ တီဗီမွာစစ္ကားလာရင္ နာက်င္စြာ စိန္စိန္ငိုေလၿပီ…။ ။

SLM

credit https://ygnnews.info/

[Unicode]

တီဗီမှာ စစ်ကားလာရင် နာကျင်စွာ မျက်ရည်ကျရတဲ့ စစ်သားမိန်းမ တစ်ယောက် အကြောင်း

အဲ့နေ့က ပန်းအိုးလည်းကျမကွဲခဲ့ပါ ခလုတ်လည်းမတိုက်မိသလို ဘာနိမိတ်မှမပြခဲ့ပေမဲ့ ညနေစောင်း တပ်ကလှမ်းအကြောင်းကြားတဲ့အချိန်မှာ ကျသွားပြီဆိုတဲ့စကားက အသိစိတ်မဲ့နေတဲ့ သူတယောက်လို ငိုဖို့ မျက်ရည်ကျဖို့ဆိုတာ မေ့နေခဲ့တဲ့အချိန်ပေါ့…

တီဗီကလာတဲ့ ဇာတ်ကားတွေထဲကလို လူကြီးဇနီးတွေ အရာရှိတွေ ကိုယ့်အိမ်လာတဲ့အချိန် မလာနဲ့ မလာပါနဲ့ ကျမ ယောက်ျားကျတာ မဟုတ်ဘူးဆိုတဲ့စကား ပြောဖို့

အသံထွက်မလာသလို အသိစိတ်မဲ့နေတဲ့ အရူးတယောက်လို ဘေးကလူတွေမျက်နှာတွေ အသံတွေကို မကြား မမြင်နိုင်လောက်တဲ့အထိ အသိစိတ်တွေပျောက်ခဲ့ရတယ်…

ကျမ သူဆီကိုမရောက်သေးပေမဲ့ သူ့ကိုရေခဲတိုက်ထဲ ထည့်ထားလိုက်ပြီပြောတော့ ချက်ခြင်း အဲ့ထဲက ပြန်ထုတ်ခိုင်းမိခဲ့တယ်.. သေချာကောစစ်တာဟုတ်ရဲ့လား အသက်ရှင်နေသေး ရင်ဘယ်လိုလုပ်မှာလဲ..

အထဲမှာသတိရနေရင် တာဝန် ယူမှာလား ဆိုပြီး ချက်ခြင်းပြန်ထုတ်ခိုင်းခဲ့မိတယ်.. တကယ့်ကို သေဆုံး သွားတာပါ.. သေချာအောင် စစ်ပြီးပါပြီဆိုတဲ့စကားတွေ ကျမနားထဲမဝင်နိုင်ခဲ့ပါ…

နောက်ဆုံး သေဆုံးနေတဲ့ သူ့ကို ပြန်ရခဲ့တာတောင် ဒါ ကျမ ယောက်ျားမဟုတ်ဘူးလို့ ပြောပြီး ကျမ ယောက်ျားပျောက်နေတယ် ပြန်ရှာပေးပါလို့ ငိုယိုပြောခဲ့ဖူးတယ်.. (မမှတ်မိလောက်အောင်ဖြစ်နေတဲ့ ပုံစံမို့) သူဆိုတာကို မယုံကြည်နိုင်ခဲ့ဘူး..

နောက်ဆုံးတော့ တာဝန်ကျေပါတယ် ဂုဏ်ယူပါတယ် သင်သွားလိုရာ သွားနိုင်ပြီဆိုတဲ့ စကားတွေနဲ့တင် ဆောက်တည်ခဲ့တဲ့မိသားစု ဘဝဆိုတာ လုံးဝ ပြို ပျက်သွားခဲ့တာပါပဲ…

(၁) တပ်ထုံးစံအရ တပ်ရေးဗိုလ်ကြီးနဲ့ တပ်ရင်းမှူးကတော်တို့ လိုင်းခန်းတွေဘက်လျှောက်ပြီဆို သတင်းဆိုးလာပြီပေါ့ ။ အားလုံး ကြောက်ရွံ့တိတ်ဆိတ်လို့ပေါ့ ။ သတင်းဆိုးက “စိန်စိန်ရေ နင်ဂုဏ်ယူလို့ရပြီ” တဲ့ ။

ကျွန်မယောက်ျားကျဆုံးတဲ့ သတင်းကို တပ်ရင်းမှူးကတော်က လာပြောသွားတာပါ။ သြော် ဂုဏ်ယူလို့ရပြီတဲ့လား ။

(၂) ပိန်ချိုင့်နေတဲ့ဟန်းကောချိုင့်လေး စစ်ဖိနပ်အစုတ်ကလေးတစ်ရန် ဆေးကွက်နေတဲ့သံသေတ္တာတစ်လုံး ဖျာဟောင်းလေးနှစ်ချပ် နံရံပေါ်ပြုံးနေတဲ့ သူ့ဓာတ်ပုံရှိတဲ့ လိုင်းခန်းလေးထဲမှာ စစ်သားသေတော့ စစ်သားမိန်းမဘာတွေရခဲ့ပြီလဲ နာကျင်စွာ စိန်စိန်ငိုလေပြီ ။

(၃) ဘေးခန်းတွေက ကရုဏာနဲ့ အားပေးနှစ်သိမ့်ပါတယ် ။ တပ်ရင်းမှူးကတော်က ငွေကူပါတယ် ။ ဒါနဲ့ပဲ ဗိုက်ထဲကကလေးရဲ့ ဖခင်မဲ့မှုက ထာဝရဖြစ်ပြီပေါ့လေ ။

တိုင်းပြည်တာဝန်ထမ်းဆောင်ရင်းကျဆုံးလို့ ဂုဏ်ယူပါတယ်ဆိုတဲ့ ကတ်ထူစာရွက်တစ်ရွက်က မုဆိုးမဖြစ်ဖို့သေချာစေခဲ့တယ် ။ စစ်သားသေတော့ စစ်သားမိန်းမဘာတွေရခဲ့ပြီလဲ ။

(၄) စစ်သည်တို့ရှေ့တန်းကပြန်လာကြပြီ အောင်ပွဲရလို့သပြေပန်းနဲ့ကြိုပြီပေါ့ အိုးစည်ဗုံမောင်းတွေဘယ်လိုတီးတီး ကျွန်မယောက်ျားပါမလာတာက ပါမလာတာပါပဲ ။

မျက်ရည်ဆိုတာလေ ကျတာ ကျတာ တစ်ဆုံးနာကျင်မှုနဲ့ အရူးတစ်ပိုင်းစစ်သားမိန်းမစိန်စိန်ပေါ့ လိုင်းခန်းလေးထဲငိုရပြီ ဖြေပေးကြပါဦး စစ်သားသေတော့ စစ်သားမိန်းမဘာတွေရခဲ့လို့လဲ ။

(၅) ပြည်တွင်းစစ်ဆိုတာ ဘယ်ဘက်လက်ကဓားနဲ့ ညာလက်ကဓားတိုက်ခိုက်တာပဲတဲ့ ။ ဒါဆိုဂုဏ်ယူစရာလား စစ်သားသေတော့ စစ်သားမိန်းမဘာတွေရလဲ ။

တိုက်ရလို့လား ကားရလို့လား ဘဏ်မှာငွေတွေအပ်နိုင်လို့လား အဖိုးတန်မြေကွက်ရလို့လား ဦးပိုင်ရှယ်ယာတွေရလို့လား မရပါဘူး ဝါဒဖြန့်လို့ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်တော့ ရကောင်းရနိုင်တယ် ။

(၆) အဲဒီစိန်စိန်က ဗိုက်ထဲက ကလေးဖခင်ကိုပဲပြန်လိုချင်တယ်.. သူ့ယောက်ျားအုတ်ဂူရှေ့သူတွေးနေတာက စစ်ကိုမုန်းတယ် စစ်ကိုမုန်းတယ် စစ်ကိုမုန်းတယ်ပေါ့ ။

ဒီလိုနဲ့ လအနည်းငယ်အကြာမှာ ငိုနေတဲ့စိန်စိန်ဆီ လိုင်းခန်းလေးက ဖယ်ရှားပေးဖို့ အမိန့်စာတစ်စောင်ရောက်လာပါတယ် ဖြစ်ရလေ စစ်သားမိန်းမဘာတွေရခဲ့လို့လဲ ။

(၇) အခုတော့စိန်စိန်တစ်ယောက် ကျွန်တော် (စုမောင်မောင်) နေထိုင်ရာ အန်းကုန်းရပ်ကွက် ၊ ဟင်္သာတမြို့လေး မှာ ကလေးတစ်ယောက်လက်ဆွဲလို့ ပြောင်းဖူးပြုတ်လေးရောင်း ဖရဲသီးစိတ်လေးရောင်းပေါ့ ။ တီဗီမှာစစ်ကားလာရင် နာကျင်စွာ စိန်စိန်ငိုလေပြီ…။ ။

SLM

credit https://ygnnews.info/

Be the first to comment

Leave a Reply

Your email address will not be published.


*