အမ်ိဳးသမီးေတြ ေသြးဆုံး ၿပီးရင္ မျဖစ္မေန ဒါေတြ စစ္ပါ

ေသြးဆုံး ၿပီးရင္ ဒါေတြ စစ္ပါ။

ျမန္မာႏိုင္ငံမွာ အမ်ိဳးသမီးေတြက အသက္ ၅၀ ပတ္ခ်ာလည္ေလာက္ေရာက္ရင္ ေသြးဆုံး သြားၾကပါၿပီ။ အပ်ိဳေဖာ္ဝင္စကေန အလုပ္လုပ္ခဲ့တဲ့ သားဥအိမ္ေလးရဲ႕ ပင္စင္ယူခ်ိန္ေပါ့။

တစ္သက္လုံး အီစထ႐ိုဂ်င္၊ ပ႐ိုဂ်က္စတုန္း ေဟာ္မုန္းႏွစ္မ်ိဳးနဲ႔ ေနခဲ့သမွ် ခုသူတို႔မရွိေတာ့ဘူးဆိုေတာ့ အစပိုင္းမွာ ေနရတာ ခက္မွာပါ။ ဒါကို မီးယပ္ေသြးဆုံးကိုင္လို႔ ေျပာၾကပါတယ္။ ထားပါေတာ့ေလ။

ခုေျပာခ်င္တာက ေသြးဆုံးခ်ိန္မွာ ေဟာ္မုန္းမရွိတာေၾကာင့္ တခ်ိဳ႕ေရာဂါေတြက အရင္ကထက္စာရင္ ပိုၿပီး အျဖစ္မ်ားလာႏိုင္ပါတယ္။ ဇရာေၾကာင့္လည္း ပါတာေပါ့။

ဒါေၾကာင့္ တခ်ိဳ႕ေသာ ေရာဂါေတြကို ေစာေစာသိေနေအာင္ စစ္ေဆးစရာရွိတာ စစ္ေဆးဖို႔လိုပါတယ္။ ဒါမွ ေစာေစာသိ၊ ေစာေစာကုႏိုင္မွာေပါ့။

ဒီေတာ့ ေသြးဆုံးခ်ိန္မွာ ဘာေရာဂါေတြ ပိုျဖစ္လာႏိုင္လဲ။ ဘာေတြ စစ္ေဆးထားရင္ေကာင္းမလဲဆိုတာ ေျပာျပေပးပါမယ္။

ေသြးေပါင္ခ်ိန္

အရင္က ေသြးတိုးမရွိခဲ့ဘူးဆိုရင္ေတာင္ ခုတိုင္းျဖစ္ေအာင္ တိုင္းၾကည့္ပါ။ အနည္းဆုံးေတာ့ တစ္ႏွစ္ ၂ႀကိမ္ေလာက္ေတာ့ တိုင္းျဖစ္ေအာင္ တိုင္းပါ။ ပုံမွန္ပဲဆိုလည္း ၿပီးတာပဲ။ ေသြးတိုးရွိတယ္ဆိုရင္လည္း ဆရာဝန္နဲ႔ ကုေပါ့။

ဘာျဖစ္လို႔ စစ္ခိုင္းတာလဲဆိုေတာ့ ေသြးတိုးက လကၡဏာမျပဘဲနဲ႔ လူကို ဒုကၡေပးတတ္လို႔ပါပဲ။ ဒါေၾကာင့္ စိတ္ခ်ရေအာင္ တစ္ႏွစ္ ႏွစ္ခါေတာ့ ေသြးေပါင္ပုံမွန္တိုင္းပါ။

ရင္သားကင္ဆာ

ရင္သားကင္ဆာနဲ႔ ပတ္သတ္လို႔ တစ္ႏွစ္ တစ္ခါ ဒါမွမဟုတ္ ႏွစ္ႏွစ္ တစ္ခါေလာက္ေတာ့ ရင္သားဓာတ္မွန္ (mammogram) ႐ိုက္ေစခ်င္ပါတယ္။ အထူးသျဖင့္ မ်ိဳး႐ိုးထဲမွာ ရင္သးကင္ဆာမ်ိဳး႐ိုး (အေမ၊ ညီအစ္မ) ရွိခဲ့ဖူးရင္ ပိုၿပီးေတာင္ ခပ္စိပ္စိပ္ စစ္ေဆးသင့္ပါတယ္။

ဒါေတြ လက္လွမ္းမမီဘူးဆိုရင္လည္း ကိုယ္ကိုယ္တိုင္ တစ္လတစ္ခါေလာက္ ကိုယ့္ရင္သား ကိုယ္စမ္းပါ။ စမ္းနည္းကို ဒီမွာၾကည့္ပါ။ ဒါေပမယ့္ ဒီနည္းက အက်ိတ္ေသးေသးေလးဆို စမ္းမိခ်င္မွ စမ္းမိမွာမို႔လို႔ အေကာင္းဆုံးကေတာ့ ရင္သားဓာတ္မွန္႐ိုက္ပါ။ ေစာေစာသိေတာ့ ေစာေစာကုလို႔ရတာေပါ့။

သားအိမ္ေခါင္းကင္ဆာ

သားအိမ္ေခါင္းကင္ဆာက ကာကြယ္ေဆးထိုးထားထား၊ မထိုးထားထား pap smear လို႔ ေခၚတဲ့ သားအိမ္ေခါင္းအခြၽဲကေတာ့ ပုံမွန္စစ္ရမွာပါ။ အနည္းဆုံးေတာ့ ၃ႏွစ္တစ္ခါ စစ္ရပါတယ္။ ရတဲ့ အေျဖေပၚမူတည္ၿပီး ေနာက္တစ္ခါ ျပန္စစ္ရမယ့္အခ်ိန္ ကြာႏိုင္ပါတယ္။

တကယ္လို႔ အေၾကာင္းတစ္ခုခုေၾကာင့္ သားအိမ္ေရာ သားအိမ္ေခါင္းေရာ ထုတ္ထားတယ္ဆိုရင္ေတာ့ မလိုပါဘူး။ သားအိမ္ေခါင္းကင္ဆာျဖစ္လို႔ ထုတ္ထားရတာ ဆိုရင္ေတာ့ က်န္တဲ့ သာားအိမ္ေခါင္း အပိုင္းေလးကေန Vault smear စစ္ေဆးရမွာပါ။

ေသြးတြင္းကိုလက္စထေရာ စစ္ေဆးျခင္း

အီစထ႐ိုဂ်င္ မရွိေတာ့တာနဲ႔အမွ် ေသြးထဲမွာ ေကာင္းတဲ့အဆီေတြ နည္းၿပီး မေကာင္းတဲ့ အဆီေတြ မ်ားလာမွာ အေသခ်ာပါပဲ။ အစားအေသာက္ အေနအထိုင္ မဆင္ျခင္ရင္ ပိုဆိုးပါတယ္။

ဒါေၾကာင့္ ကိုလက္စထေရာ စစ္ၾကည့္ပါ။ အေျဖေပၚ မူတည္ၿပီး ျပန္စစ္ရမယ့္အခ်ိန္ ကြာပါလိမ့္မယ္။ လိုအပ္ရင္ ဆရာဝန္က ေဆးေပးပါလိမ့္မယ္။ သင့္ဘက္ကလည္း အစားအေသာက္ အေနအထိုင္ ဆင္ျခင္ပါ။

ကိုလက္စထေရာကို ေကာင္းေကာင္း မထိန္းႏိုင္ဘူးဆိုရင္ ေနာက္က ေသြးတိုး၊ ႏွလုံး၊ ဆီးခ်ိဳေတြ လိုက္လာမွာပါ။

အူမႀကီးကင္ဆာ စစ္ေဆးျခင္း

အသက္ႀကီးလာတာနဲ႔အမွ် အမ်ိဳးသားမွာေရာ အမ်ိဳးသမီးမွာပါ အူမႀကီးကင္ဆာျဖစ္ႏိုင္ေခ် မ်ားလာပါတယ္။ ဒါေၾကာင့္ တစ္ခါေလာက္ျဖစ္ျဖစ္ စစ္ၾကည့္တာ မမွားပါဘူး။ အထူးသျဖင့္ အူမႀကီးကင္ဆာ မ်ိဳး႐ိုးရွိတာ၊ ခုမွ ႐ုတ္တရက္ ဝမ္းသြားရတာ မူမမွန္ဘူးလို႔ ခံစားမိရင္ စစ္သင့္ပါတယ္။

စစ္တဲ့နည္းလမ္းေတြကေတာ့ ေသြးစစ္တာ၊ ဝမ္းစစ္တာ၊ အူမႀကီးမွန္ေျပာင္းၾကည့္တာ၊ ကြန္ပ်ဴတာ ဓာတ္မွန္႐ိုက္တာ စသျဖင့္ အမ်ိဳးမ်ိဳး ရွိပါတယ္။ အေျဖေကာင္းရင္ေတာ့ ၅ႏွစ္တစ္ခါမွ စစ္လို႔ရပါတယ္။

အ႐ိုးသိပ္သည္းဆ စစ္ေဆးျခင္း

ေသြးဆုံး ၿပီးရင္ အီစထ႐ိုဂ်င္ မရွိေတာ့လို႔ အ႐ိုးသိပ္သည္းဆေတြ နည္းလာၿပီး အ႐ိုးပြတတ္ပါတယ္။ ဒါေၾကာင့္ နည္းနည္းထိတာနဲ႔ က်ိဳးေတာ့တာပဲ။ ျခစားထားတဲ့ သစ္သားတုံးလိုေပါ့။

ဒါေၾကာင့္ အ႐ိုးသိပ္သည္းဆ စစ္ၾကည့္ပါ။ စစ္တဲ့နည္းလမ္းေတြကလည္း အသားမနာလို႔ စိတ္ခ်လက္ခ်စစ္လို႔ရပါတယ္။ ပါးေန၊ ပြေနတယ္ဆိုလည္း ဆရာဝန္ရဲ႕ ၫႊန္ၾကားခ်က္ကို လိုက္နာပါ။

သြားနဲ႔ ခံတြင္း စစ္ေဆးျခင္း

အသက္ႀကီးလာရင္ သြားေတြလည္း မေကာင္းေတာ့ပါဘူး။ ဒါေၾကာင့္ ႏွစ္ႏွစ္ တစ္ေခါက္ေလာက္ သြားဆရာဝန္ဆီသြားလိုက္ပါဦး။ ယိုင္နဲ႔ေနတဲ့ သြားေတြေၾကာင့္ အစာစားလို႔ အဆင္မေျပရင္ အာဟာရခ်ိဳ႕တဲ့ၿပီး ေရာဂါဝင္လြယ္ပါတယ္။ လိုအပ္ရင္ အံကပ္တပ္ဖို႔၊ သြားစိုက္ဖို႔ ဆရာဝန္နဲ႔ တိုင္ပင္ပါ။

မ်က္စိစစ္ေဆးျခင္း

ဒီအ႐ြယ္ဆို အတြင္းတိမ္ေတြ ေရတိမ္ေတြ ျဖစ္တတ္လို႔ ၃ႏွစ္တစ္ခါေလာက္ပဲ ျဖစ္ျဖစ္ မ်က္စိစစ္ေဆးပါ။ ဆီးခ်ိဳရွိတဲ့သူေတြကေတာ့ တစ္ႏွစ္တစ္ခါ စစ္ရမွာပါ။

Unicode

သွေးဆုံး ပြီးရင် ဒါတွေ စစ်ပါ။

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေက အသက် ၅၀ ပတ်ချာလည်လောက်ရောက်ရင် သွေးဆုံး သွားကြပါပြီ။ အပျိုဖော်ဝင်စကနေ အလုပ်လုပ်ခဲ့တဲ့ သားဥအိမ်လေးရဲ့ ပင်စင်ယူချိန်ပေါ့။

တစ်သက်လုံး အီစထရိုဂျင်၊ ပရိုဂျက်စတုန်း ဟော်မုန်းနှစ်မျိုးနဲ့ နေခဲ့သမျှ ခုသူတို့မရှိတော့ဘူးဆိုတော့ အစပိုင်းမှာ နေရတာ ခက်မှာပါ။ ဒါကို မီးယပ်သွေးဆုံးကိုင်လို့ ပြောကြပါတယ်။ ထားပါတော့လေ။

ခုပြောချင်တာက သွေးဆုံးချိန်မှာ ဟော်မုန်းမရှိတာကြောင့် တချို့ရောဂါတွေက အရင်ကထက်စာရင် ပိုပြီး အဖြစ်များလာနိုင်ပါတယ်။ ဇရာကြောင့်လည်း ပါတာပေါ့။

ဒါကြောင့် တချို့သော ရောဂါတွေကို စောစောသိနေအောင် စစ်ဆေးစရာရှိတာ စစ်ဆေးဖို့လိုပါတယ်။ ဒါမှ စောစောသိ၊ စောစောကုနိုင်မှာပေါ့။

ဒီတော့ သွေးဆုံးချိန်မှာ ဘာရောဂါတွေ ပိုဖြစ်လာနိုင်လဲ။ ဘာတွေ စစ်ဆေးထားရင်ကောင်းမလဲဆိုတာ ပြောပြပေးပါမယ်။

သွေးပေါင်ချိန်

အရင်က သွေးတိုးမရှိခဲ့ဘူးဆိုရင်တောင် ခုတိုင်းဖြစ်အောင် တိုင်းကြည့်ပါ။ အနည်းဆုံးတော့ တစ်နှစ် ၂ကြိမ်လောက်တော့ တိုင်းဖြစ်အောင် တိုင်းပါ။ ပုံမှန်ပဲဆိုလည်း ပြီးတာပဲ။ သွေးတိုးရှိတယ်ဆိုရင်လည်း ဆရာဝန်နဲ့ ကုပေါ့။

ဘာဖြစ်လို့ စစ်ခိုင်းတာလဲဆိုတော့ သွေးတိုးက လက္ခဏာမပြဘဲနဲ့ လူကို ဒုက္ခပေးတတ်လို့ပါပဲ။ ဒါကြောင့် စိတ်ချရအောင် တစ်နှစ် နှစ်ခါတော့ သွေးပေါင်ပုံမှန်တိုင်းပါ။

ရင်သားကင်ဆာ

ရင်သားကင်ဆာနဲ့ ပတ်သတ်လို့ တစ်နှစ် တစ်ခါ ဒါမှမဟုတ် နှစ်နှစ် တစ်ခါလောက်တော့ ရင်သားဓာတ်မှန် (mammogram) ရိုက်စေချင်ပါတယ်။ အထူးသဖြင့် မျိုးရိုးထဲမှာ ရင်သးကင်ဆာမျိုးရိုး (အမေ၊ ညီအစ်မ) ရှိခဲ့ဖူးရင် ပိုပြီးတောင် ခပ်စိပ်စိပ် စစ်ဆေးသင့်ပါတယ်။

ဒါတွေ လက်လှမ်းမမီဘူးဆိုရင်လည်း ကိုယ်ကိုယ်တိုင် တစ်လတစ်ခါလောက် ကိုယ့်ရင်သား ကိုယ်စမ်းပါ။ စမ်းနည်းကို ဒီမှာကြည့်ပါ။ ဒါပေမယ့် ဒီနည်းက အကျိတ်သေးသေးလေးဆို စမ်းမိချင်မှ စမ်းမိမှာမို့လို့ အကောင်းဆုံးကတော့ ရင်သားဓာတ်မှန်ရိုက်ပါ။ စောစောသိတော့ စောစောကုလို့ရတာပေါ့။

သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်းကင်ဆာက ကာကွယ်ဆေးထိုးထားထား၊ မထိုးထားထား pap smear လို့ ခေါ်တဲ့ သားအိမ်ခေါင်းအချွဲကတော့ ပုံမှန်စစ်ရမှာပါ။ အနည်းဆုံးတော့ ၃နှစ်တစ်ခါ စစ်ရပါတယ်။ ရတဲ့ အဖြေပေါ်မူတည်ပြီး နောက်တစ်ခါ ပြန်စစ်ရမယ့်အချိန် ကွာနိုင်ပါတယ်။

တကယ်လို့ အကြောင်းတစ်ခုခုကြောင့် သားအိမ်ရော သားအိမ်ခေါင်းရော ထုတ်ထားတယ်ဆိုရင်တော့ မလိုပါဘူး။ သားအိမ်ခေါင်းကင်ဆာဖြစ်လို့ ထုတ်ထားရတာ ဆိုရင်တော့ ကျန်တဲ့ သာားအိမ်ခေါင်း အပိုင်းလေးကနေ Vault smear စစ်ဆေးရမှာပါ။

သွေးတွင်းကိုလက်စထရော စစ်ဆေးခြင်း

အီစထရိုဂျင် မရှိတော့တာနဲ့အမျှ သွေးထဲမှာ ကောင်းတဲ့အဆီတွေ နည်းပြီး မကောင်းတဲ့ အဆီတွေ များလာမှာ အသေချာပါပဲ။ အစားအသောက် အနေအထိုင် မဆင်ခြင်ရင် ပိုဆိုးပါတယ်။

ဒါကြောင့် ကိုလက်စထရော စစ်ကြည့်ပါ။ အဖြေပေါ် မူတည်ပြီး ပြန်စစ်ရမယ့်အချိန် ကွာပါလိမ့်မယ်။ လိုအပ်ရင် ဆရာဝန်က ဆေးပေးပါလိမ့်မယ်။ သင့်ဘက်ကလည်း အစားအသောက် အနေအထိုင် ဆင်ခြင်ပါ။

ကိုလက်စထရောကို ကောင်းကောင်း မထိန်းနိုင်ဘူးဆိုရင် နောက်က သွေးတိုး၊ နှလုံး၊ ဆီးချိုတွေ လိုက်လာမှာပါ။

အူမကြီးကင်ဆာ စစ်ဆေးခြင်း

အသက်ကြီးလာတာနဲ့အမျှ အမျိုးသားမှာရော အမျိုးသမီးမှာပါ အူမကြီးကင်ဆာဖြစ်နိုင်ချေ များလာပါတယ်။ ဒါကြောင့် တစ်ခါလောက်ဖြစ်ဖြစ် စစ်ကြည့်တာ မမှားပါဘူး။ အထူးသဖြင့် အူမကြီးကင်ဆာ မျိုးရိုးရှိတာ၊ ခုမှ ရုတ်တရက် ဝမ်းသွားရတာ မူမမှန်ဘူးလို့ ခံစားမိရင် စစ်သင့်ပါတယ်။

စစ်တဲ့နည်းလမ်းတွေကတော့ သွေးစစ်တာ၊ ဝမ်းစစ်တာ၊ အူမကြီးမှန်ပြောင်းကြည့်တာ၊ ကွန်ပျူတာ ဓာတ်မှန်ရိုက်တာ စသဖြင့် အမျိုးမျိုး ရှိပါတယ်။ အဖြေကောင်းရင်တော့ ၅နှစ်တစ်ခါမှ စစ်လို့ရပါတယ်။

အရိုးသိပ်သည်းဆ စစ်ဆေးခြင်း

သွေးဆုံး ပြီးရင် အီစထရိုဂျင် မရှိတော့လို့ အရိုးသိပ်သည်းဆတွေ နည်းလာပြီး အရိုးပွတတ်ပါတယ်။ ဒါကြောင့် နည်းနည်းထိတာနဲ့ ကျိုးတော့တာပဲ။ ခြစားထားတဲ့ သစ်သားတုံးလိုပေါ့။

ဒါကြောင့် အရိုးသိပ်သည်းဆ စစ်ကြည့်ပါ။ စစ်တဲ့နည်းလမ်းတွေကလည်း အသားမနာလို့ စိတ်ချလက်ချစစ်လို့ရပါတယ်။ ပါးနေ၊ ပွနေတယ်ဆိုလည်း ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို လိုက်နာပါ။

သွားနဲ့ ခံတွင်း စစ်ဆေးခြင်း

အသက်ကြီးလာရင် သွားတွေလည်း မကောင်းတော့ပါဘူး။ ဒါကြောင့် နှစ်နှစ် တစ်ခေါက်လောက် သွားဆရာဝန်ဆီသွားလိုက်ပါဦး။ ယိုင်နဲ့နေတဲ့ သွားတွေကြောင့် အစာစားလို့ အဆင်မပြေရင် အာဟာရချို့တဲ့ပြီး ရောဂါဝင်လွယ်ပါတယ်။ လိုအပ်ရင် အံကပ်တပ်ဖို့၊ သွားစိုက်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

မျက်စိစစ်ဆေးခြင်း

ဒီအရွယ်ဆို အတွင်းတိမ်တွေ ရေတိမ်တွေ ဖြစ်တတ်လို့ ၃နှစ်တစ်ခါလောက်ပဲ ဖြစ်ဖြစ် မျက်စိစစ်ဆေးပါ။ ဆီးချိုရှိတဲ့သူတွေကတော့ တစ်နှစ်တစ်ခါ စစ်ရမှာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*