ယနေ့နံနက် ထုတ်ပြန်ချက် ကိုဗစ်-၁၉ လူနာသစ် ၁၃၄ဦး ထပ်တိုး







Credit MOHs

Unicode

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၁,၀၉၄) ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၃၆၄) ခု၊

ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၂၀၁) ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး)မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၁၉၉) ခု၊ ပြည်သူ့ဆေးရုံကြီး၊

ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ (၁၂) ခု၊ ပြည်သူ့ဆေးရုံကြီး၊ ဟားခါးမြို့မှ ဓာတ်ခွဲနမူနာ (၁၆) ခု နှင့် အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၅၃၈) ခု စုစုပေါင်း ဓာတ်ခွဲနမူနာ (၂,၄၂၄) ခုတို့အား ထပ်မံ စစ်ဆေးပြီးစီးခဲ့ရာတွင် အတည်ပြုလူနာသစ် (၁၀၄၁၃၄)ဦး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် စက်တင်ဘာလ (၁၅) ရက်နေ့၊ နံနက် (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၃,၆၃၆) ဦးရှိပြီ ဖြစ်ပါသည်။

ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း (၃၉)ဦး ရှိပြီဖြစ်ပါသည်။

ဓာတ်ခွဲစစ်ဆေးမှုများပြီးစီးချိန်နှင့် သတင်းထုတ်ပြန်ချိန်အကြား အချိန်တိုတောင်းခြင်း ကြောင့် ဓာတ်ခွဲအတည်ပြုလူနာသစ်များ၏ သတင်းအချက်အလက်များကို ပြုစုလျက်ရှိပြီး ထပ်မံထုတ်ပြန် မည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည်။

Credit MOHs

Be the first to comment

Leave a Reply

Your email address will not be published.


*