ေကာင္းမႈေတာ္ေစတီေတာ္ရွိ ေရွးေဟာင္းေမတၱာကန္အတြင္းမွ ငါးမ်ားေသဆုံးမႈျဖစ္ေပၚ

ေကာင္းမႈေတာ္ေစတီေတာ္ရွိ ေရွးေဟာင္းေမတၱာကန္အတြင္းမွ ငါးမ်ားေသဆုံးမႈျဖစ္ေပၚ

စစ္ကိုင္း စက္တင္ဘာ ၁၆စစ္ကိုင္းၿမိဳ႕၊ရာဇမဏိစူဠာ ေကာင္းမႈေတာ္ေစတီေတာ္ႀကီးရွိ ေရွးေဟာင္းေမတၱာကန္အတြင္းမွ ငါးမ်ား ေသဆုံးမႈ ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။

ရာဇမဏိစူဠာ ေကာင္းမႈေတာ္ေစတီေတာ္ႀကီးရွိ ေရွးေဟာင္းေမတၱာကန္အတြင္းမွ ငါးမ်ားသည္ စက္တင္ဘာ ၁၅ ရက္ေန႔မွ ညေနပိုင္းအခ်ိန္ကစတင္၍ ေသဆုံးမႈျဖစ္ေပၚခဲ့ေၾကာင္း၊ထို ကန္အတြင္းမွ ငါးမ်ားေသဆုံးမႈႏွင့္ ပတ္သက္၍ ငါးလုပ္ငန္းဦးစီးဌာနမွ တာဝန္ရွိသူမ်ား၊

ဘုရား ေဂါပကအဖြဲ႕၊ရပ္ကြက္အုပ္ခ်ဳပ္ေရးမႈးတို႔ပါဝင္ေသာ အဖြဲ႕မွ စက္တင္ဘာလ ၁၆ ရက္ေန႔ နံနက္ပိုင္းအခ်ိန္က သြားေရာက္စစ္ေဆးမႈမ်ားလုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

ရာဇမဏိစူဠာ ေကာင္းမႈေတာ္ေစတီေတာ္ႀကီးရွိ ေရွးေဟာင္းေမတၱာကန္အတြင္းမွ ေသဆုံးခဲ့သည့္ ငါးမ်ားမွ အ႐ြယ္အစားစုံလင္ အေကာင္ ၂၀၀ ခန္႔ ရွိေၾကာင္း၊ေသဆုံးခဲ့သည့္ ငါးမ်ားကို တာဝန္ရွိသူမ်ားက လိုက္လံ ေကာက္ယူၿပီး

စက္တင္ဘာလ ၁၆ ရက္ေန႔ (ယေန႔)နံနက္ပိုင္းတြင္ ေရွးေဟာင္းေမတၱာကန္၏ အေနာက္ေျမာက္ေထာင့္ဘက္တြင္ ကြၽင္းတူး၍ ေျမျမဳပ္ခဲ့ေၾကာင္း သိရသည္

။ေရွးေဟာင္းေမတၱာကန္အတြင္းက ငါးမ်ားေသဆုံးရျခင္းမွာ ေနအရမ္းပူျပင္းျခင္းႏွင့္ ကန္ အတြင္း ငါးအေကာင္အေရ မ်ားျပားျခင္းတို႔ေၾကာင့္ ေအာက္ဆီဂ်င္ ျပတ္လပ္၍ ေသဆုံးရျခင္းျဖစ္ေၾကာင္း သိရသည္။

Credit…

Unicode

ကောင်းမှုတော်စေတီတော်ရှိ ရှေးဟောင်းမေတ္တာကန်အတွင်းမှ ငါးများသေဆုံးမှုဖြစ်ပေါ်

စစ်ကိုင်း စက်တင်ဘာ ၁၆စစ်ကိုင်းမြို့၊ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်ကြီးရှိ ရှေးဟောင်းမေတ္တာကန်အတွင်းမှ ငါးများ သေဆုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်ကြီးရှိ ရှေးဟောင်းမေတ္တာကန်အတွင်းမှ ငါးများသည် စက်တင်ဘာ ၁၅ ရက်နေ့မှ ညနေပိုင်းအချိန်ကစတင်၍ သေဆုံးမှုဖြစ်ပေါ်ခဲ့ကြောင်း၊ထို ကန်အတွင်းမှ ငါးများသေဆုံးမှုနှင့် ပတ်သက်၍ ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊

ဘုရား ဂေါပကအဖွဲ့၊ရပ်ကွက်အုပ်ချုပ်ရေးမှုးတို့ပါဝင်သော အဖွဲ့မှ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းအချိန်က သွားရောက်စစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်ကြီးရှိ ရှေးဟောင်းမေတ္တာကန်အတွင်းမှ သေဆုံးခဲ့သည့် ငါးများမှ အရွယ်အစားစုံလင် အကောင် ၂၀၀ ခန့် ရှိကြောင်း၊သေဆုံးခဲ့သည့် ငါးများကို တာဝန်ရှိသူများက လိုက်လံ ကောက်ယူပြီး

စက်တင်ဘာလ ၁၆ ရက်နေ့ (ယနေ့)နံနက်ပိုင်းတွင် ရှေးဟောင်းမေတ္တာကန်၏ အနောက်မြောက်ထောင့်ဘက်တွင် ကျွင်းတူး၍ မြေမြုပ်ခဲ့ကြောင်း သိရသည်။

ရှေးဟောင်းမေတ္တာကန်အတွင်းက ငါးများသေဆုံးရခြင်းမှာ နေအရမ်းပူပြင်းခြင်းနှင့် ကန် အတွင်း ငါးအကောင်အရေ များပြားခြင်းတို့ကြောင့် အောက်ဆီဂျင် ပြတ်လပ်၍ သေဆုံးရခြင်းဖြစ်ကြောင်း သိရသည်။

Credit…

Be the first to comment

Leave a Reply

Your email address will not be published.


*