ယနေ့ည ထုတ်ပြန်ချက် ကိုဗစ်-၁၉ လူနာသစ် ၁,၃၈၇ဦး ထပ်တိုး







Unicode

(၁၆-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၁၇-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၉,၇၃၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၁,၃၈၇)ဦး တွေ့ရှိရပါသည်။

ထို့ကြောင့် အောက်တိုဘာလ ၁၇ ရက် ည ၈နာရီအထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၃၄,၈၇၅) ဦးရှိပြီ ဖြစ်ပါသည်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များအနက် စုစုပေါင်း (၁၆,၃၇၀) ဦး အား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။

ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း (၈၃၈) ဦးရှိပါသည်။

ဓာတ်ခွဲစစ်ဆေးမှုများပြီးစီးချိန်နှင့် သတင်းထုတ်ပြန်ချိန်အကြား အချိန်တိုတောင်းခြင်း ကြောင့် ဓာတ်ခွဲအတည်ပြုလူနာသစ်များ၏ သတင်းအချက်အလက်များကို ပြုစုလျက်ရှိပြီး ထပ်မံထုတ်ပြန် မည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည်။

Credit https://thadinsone.info/

Be the first to comment

Leave a Reply

Your email address will not be published.


*