Covid-19 ရောဂါနဲ့ ဆင်တူတဲ့လက္ခဏာတွေပြလာတာကြောင့် Q ဝင်နေရတဲ့ Alex ရဲ့ သမီး Dora Alex








video ကြည့်ရန်

ဆယ်လီကွန်နက်ရှင်
Swelsone News

Unicode

နိုင်ငံကျော် အဆိုတော် Alex မှာ ကတော့ ဂီတလောကမှာ အောင်မြင်သလို ချစ်စရာကောင်းတဲ့ မိသားစုလေးကိုလည်း ပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်ပါတယ်။

Alex ရဲ့ အမြွှာလေးတွေထဲက သမီးကြီး Dora Alex ကတော့ ဖေဖေနဲ့တူပြီး ဂီတကိုဝါသနာပါသူဖြစ်ကာ သူမရဲ့ တစ်ကိုယ်တော်အခွေကို ထွက်ရှိထားပြီး သားအငယ် Kelvin Alex ကတော့ အနုပညာကို ဝါသနာမပါပဲ သာမာန်လူတစ်ယောက်လို နေထိုင်နေတာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေကတော့ Alex အပြင် Dora Alex ကိုရော Kelvin Alex ကိုပါ ချစ်ကြတာပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ Dora Alex က မိသားစုတွေနဲ့ ခွဲခွာပြီး သူမတစ်ယောက်တည်း ဆွစ်ဇာလန်နိုင်ငံမှာ ကျောင်းသွားတက်နေခဲ့တာပဲ ဖြစ်ပါတယ်။

Dora Alex က မြန်မာပြည်ကနေ ဆွစ်ဇာလန်ကို ကျောင်းသွားတက်နေတဲ့ အချိန် (၂) ပတ်အတွင်းမှာ Covid-19 ရောဂါနဲ့ ဆင်တူတဲ့လက္ခဏာတွေပြလာတာကြောင့် ကျောင်းကနေ အနားယူပြီး Quarantine ဝင်နေရတယ်ဆိုပြီး သူမရဲ့အခြေအနေကို Live လွှင့်ပြီး ပြောပြလာတာကို အခုလိုပဲ တွေ့ရပါတယ်။

Dora Alex ကတော့ မိုးမိပြီး နေမကောင်းဖြစ်ရာမှ လည်ချောင်းနာခြင်း၊ နာစေးခြင်း၊ ခေါင်းကိုက်ခြင်း စတဲ့ လက္ခဏာတွေပြလာတာကြောင့် ကျောင်းကနေ ခဏတာ အနားယူပြီး Quarantine ဝင်နေရတာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း Dora Alex တစ်ယောက် ဆေးစစ်ချက်အဖြေကောင်းမွန်ပါစေလို့ ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ဆယ်လီကွန်နက်ရှင်
Swelsone News

Be the first to comment

Leave a Reply

Your email address will not be published.


*