အမ်ိဳးသမီးတိုင္း သူမလိုအျဖစ္ဆိုးမွကင္းဝင္းဖုိ႔ သူမရဲ႕ အိမ္ေထာင္ေရးအေၾကာင္း ဖြင့္ဟေျပာျပလာတဲ့ ေရဗကၠာဝင္း

အဆိုေတာ္ႏွင့္သရုပ္ေဆာင္ ေရဗကၠာဝင္းက သူမရဲ႕ အိမ္ေထာင္ေရးအေၾကာင္းကို ခုလိုပဲဖြင့္ဟလာခဲ့ပါတယ္။ ေရဗကၠာဝင္းဟာ လူမ်ိဳးမတူ၊

ဘာသာမတူသူတစ္ဦးနဲ႔ အိမ္ေထာင္ေရးတစ္ခုကုိ နားလည္မွုေတြနဲ႔ ေရွ႕ဆက္သြားႏိုင္ခဲ့သူတစ္ဦးျဖစ္ခဲ့ပါတယ္။ ေရဗကၠာဝင္းနဲ႔ ခင္ပြန္းျဖစ္သူ ကိုေကာင္းေက်ာ္ေဆြတို႔ဟာ ၂၀၁၃ ခုႏွစ္အတြင္းမွာ ထိမ္းျမားလက္ထပ္ခဲ့ၾကတာျဖစ္ပါတယ္။ အိမ္ေထာင္သက္တမ္း ၆ ႏွစ္ေက်ာ္အၾကာမွာေတာ့ ခင္ပြန္းျဖစ္သူနဲ႔ တရားဝင္ကြာရွင္းလိုက္ျပီျဖစ္ေၾကာင္း ေၾကျငာခဲ့ပါတယ္။

သို႔ေသာ္လည္း ဘယ္လိုအေၾကာင္းေၾကာင္းေၾကာင့္ ကြာရွင္းခဲ့ရတယ္ဆိုတာကိုေတာ့ အသိေပးေျပာျပခဲ့ျခင္းမရွိေပမယ့္ ယခုအခ်ိန္မွာေတာ့ သူမရဲ႕ Public Account ကေနျပီးေတာ့ ယခုလို အသိေပးလာခဲ့တာျဖစ္ပါတယ္။

“လတ္တေလာမွာ Drama အရမ္းခင္းၿပီး တေလာကလုံးကို လိမ္ညာေနတဲ့ သူတစ္ေယာက္အေၾကာင္းကို မေျပာခ်င္လဲ ေျပာရေတာ့မလိုျဖစ္ေနပါၿပီ…

ကြၽန္မဘယ္သူ႔ကိုမွ ပုတ္ခတ္ေစာ္ကားၿပီး မေျပာခဲ့မေရးခဲ့ဖူးပါဘူး… အခုက သူခိုးက လူျပန္ဟစ္ေနတဲ့အေနအထားမို႔ ေျပာသင့္ေျပာထိုက္တာကို ေျပာရပါေတာ့မယ္… ကြၽန္မနဲ႔အိမ္ေထာင္ကြဲၿပီးသားေယာက်ာ္းတစ္ေယာက္ကကြၽန္မကိုအတင္းအိမ္ကိုျပန္လိုက္ခဲ့ဖို႔ေခၚတာေၾကာင့္ ကြၽန္မရဲ႕လက္က်န္သံ‌ေယာဇဥ္နဲ႔သူ႔အိမ္ျပန္လိုက္သြားခဲ့ပါတယ္…”

“ကြၽန္မအေနနဲ႔ သူငယ္ခ်င္းတစ္ေယာက္အျပင္ပိုတဲ့ ဆက္ဆံမႈမ်ိဳးမရွိခဲ့ေပမယ့္ သူ႔ဘက္က ကြၽန္မကို အိမ္ျပန္လာေစခ်င္တဲ့ ေခၚဖိတ္မႈမ်ိဳး လုပ္ခဲ့တဲ့ messageေတြ ခုထိရွိပါတယ္….

ႏွစ္ရွည္လမ်ားခ်စ္သူရည္းစားအျဖစ္ျဖတ္သန္းခဲ့ၿပီး အိမ္ေထာင္သက္တမ္းတစ္ခုလဲရွိခဲ့တဲ့ ကြၽန္မရဲ႕ ပထမဦးဆုံးအိမ္ေထာင္ဖက္ျဖစ္တဲ့အတြက္ ကြၽန္မမွာ ေထာက္ညႇာငဲ့ကြက္စဥ္းစားစရာေတြမ်ားလြန္းတဲ့အတြက္ မိတ္ေဆြသူငယ္ခ်င္းအျဖစ္ ကြၽန္မအရင္အမ်ိဳးသားကိုေဖေဖာ္ဝါရီလမွာ ဆက္သြယ္ေျပာဆိုမႈေတြလုပ္ခဲ့ပါတယ္…”

“သူနဲ႔ကြၽန္မ ၄ရက္ ၅ရက္ေလာက္ ဆက္သြယ္ေျပာဆိုမႈေတြရွိေနတုန္းမွာပဲ ကြၽန္မ အင္တာဗ်ဴးမွာေျဖထားတဲ့ မလြတ္လပ္ေသးတဲ့ အိမ္ေထာင္သည္အမ်ိဳးသမီးက

သူ႔အိမ္ေပၚညလုံးေပါက္တက္ေနၿပီး မနက္မိုးလင္းတဲ့အခါ ကြၽန္မမိဘေတြကိုေရာ ကြၽန္မသူငယ္ခ်င္းေတြကိုေရာ ကြၽန္မက သူတို႔ကိုေႏွာင့္ယွက္ေနပါတယ္ဆိုၿပီး ဖုန္းဆက္တိုင္တန္းအရွက္ခြဲၿပီး ကြၽန္မကို ျပန္ေခၚယူေစခဲ့ပါတယ္….”

အိမ်ထောင်သက်တမ်း(၆)နှစ်ကျော်မှာ …

“အဲ့ဒီညမွာ သူမသြားအိပ္လို႔ ရခဲ့တဲ့ လက္ေဆာင္နဲ႔ ပိုက္ဆံကိုလဲ သူမ FB မွာ Valentine’s gift အေနနဲ႔ အားလုံးသိေအာင္တင္ထားခဲ့ပါတယ္….

အဲ့ေနာက္ပိုင္း ဈာန္ႂကြသြားေတာ့မလားထင္ရေအာင္ သူမ FB မွာ ခင္ပြန္းႀကီးဆယ္ပါးေတာင္းပန္လိုက္ ဘုရားရွစ္ခိုးလိုက္ ပန္းေရခ်မ္းသပၸာယ္လိုက္နဲ႔ အမ်ိဳးမ်ိဳးဟန္ေဆာင္လိမ္ညာေနၿပီး ကြၽန္မဝယ္ထားခဲ့တဲ့ပန္းကန္ခြက္ေယာက္ အသုံးအေဆာင္ေတြနဲ႔ ေန႔တိုင္း မ႐ိုးရေအာင္ပို႔စ္ေတြတင္တာ ကြၽမ္မအိမ္ေရာက္ဖူးတဲ့ ကြၽန္မသူငယ္ခ်င္းမိတ္ေဆြအားလုံးက သိၾကပါတယ္…”

“ကြၽန္မနဲ႔တရားဝင္ကြာရွင္းထားတဲ့အမ်ိဳးသားကို ဘာမွမေျပာလိုေပမယ့္ တရားဝင္မကြာရွင္းရေသးတဲ့ ကြၽန္မသူငယ္ခ်င္းျဖစ္ခဲ့တဲ့ အဲ့ဒီအမ်ိဳးသမီးက FB မွာ သူဟာ ဘယ္လိုႀကံ့ခိုင္ေၾကာင္း ဘယ္လိုအိမ္ေထာင္တစ္ခုကို ႀကိဳးစားျဖတ္သန္းခဲ့ေၾကာင္း အေကာင္းဆုံးမိခင္ျဖစ္ေၾကာင္း

အလြန္တရာေခ်ာေမာလွပေၾကာင္းေတြ အဆက္မျပတ္တင္ေနခဲ့ေသာ္လည္း ကြၽန္မနဲ႔မသက္ဆိုင္တာမို႔ လ်စ္လ်ဴရႉထားခဲ့ပါတယ္…တစ္ရက္ Covid 19 ကာလ ဘယ္မွမသြားဖို႔အစိုးရက ေၾကျငာခ်က္ထုတ္ထားစဥ္ ကြၽန္မအရင္အမ်ိဳးသားနဲ႔ ဖုန္းေျပာျဖစ္ပါတယ္…”

“ေနာက္တစ္ေခါက္ ကြၽန္မအေနနဲ႔ Covid ကာလ ညဘက္ အိပ္မေပ်ာ္တာနဲ႔ မနက္ ၂နာရီေလာက္မွာ ရည္႐ြယ္ခ်က္မရွိဘဲ လက္က Video call ႏွိပ္မိလိုက္တဲ့အခ်ိန္မွာေတာ့ ထိုအမ်ိဳးသမီးက ကိုင္ၿပီး ကြၽန္မအရင္အမ်ိဳးသားနဲ႔ တစ္အိပ္ရာထဲအိပ္ေနတာကို live ျပပါတယ္…

ကြၽန္မအရမ္းလဲရွက္ အရမ္းလဲအံ့ဩ မယုံႏိုင္ေလာက္ေအာင္ျဖစ္ရလို႔ ကြၽန္မ FB account ကိုေတာင္ Deactivate လုပ္ခဲ့ၿပီး ကြၽန္မရဲ႕ အႏုပညာအလုပ္နဲ႔ နာမည္ကို စြန႔္လႊတ္လိုက္ေတာ့မယ္လို႔ ဆုံးျဖတ္ခဲ့ပါတယ္… ကြၽန္မဒီအေၾကာင္းေတြကို အားလုံးရဲ႕မ်က္ႏွာနဲ႔

အဖက္ဖက္ကိုငွဲ႔ၿပီး လုံးဝမေျပာျပခဲ့ပါဘူး…သူမနဲ႔ chat box မွာ စကားသြားေျပာေတာ့လဲ အင္မတန္အံ့ဩစရာေကာင္းစြာ သူမအတြက္ ဒီကိစၥက ေရးႀကီးခြင္က်ယ္မဟုတ္ သူတို႔က friend with benefitsျဖစ္ေၾကာင္းေျပာျပခဲ့လို႔ ကြၽန္မပိုၿပီး ခံစားရပါတယ္…”

“သူတို႔အေနနဲ႔ အခုမွ အခ်စ္စစ္ အခ်စ္မွန္ကိုရွာေဖြေတြ႕ရွိၿပီး လူမွန္ေနရာမွန္ျဖစ္သြားတယ္ဆိုရင္ေတာင္ တစ္ဖက္က မလြတ္လပ္ေသးေပမယ့္ တစ္ဖက္ကလူလြတ္ျဖစ္ေနၿပီမို႔

ယဥ္ေက်းမႈေဘးခ်ိတ္ထားၿပီးနားလည္ေပးလို႔ ရေကာင္းရႏိုင္ပါတယ္… သူမျပန္ေျပာခဲ့တဲ့ တဏွာသီးသန႔္ပတ္သတ္မႈကေတာ့ သူမအသက္အ႐ြယ္ သူမအိမ္ေထာင္ သူမရပ္တည္မႈ

သူမသူငယ္ခ်င္းျဖစ္ခဲ့တဲ့ကြၽန္မ ၿပီးေတာ့ အားလုံးကို ဂ႐ုမစိုက္ရင္ေတာင္ သူမသားအတြက္ ဘာမွမေတြးေတာ့ဘဲ ဒါမ်ိဳးမ်က္ႏွာေျပာင္တိုက္ အက်င့္စာရိတၱပ်က္ျပားရဲတာ ကြၽန္မအတြက္ေတာ့ မႀကဳံဖူးေပါင္ ဂုဏ္ထူးေဆာင္လို႔ေျပာရမလိုကို ဩခ်မိပါတယ္….”

“သူမပတ္သတ္တဲ့ ကြၽန္မနဲ႔ကြာရွင္းထားတဲ့အမ်ိဳးသားက သူမအမ်ိဳးသားရဲ႕သူငယ္ခ်င္းလဲျဖစ္ၿပီး သူမေယာကၡမနဲ႔ ကြၽန္မအေဖနဲ႔ကေက်ာင္းေနဘက္သူငယ္ခ်င္းလဲျဖစ္ပါတယ္…

သူမေယာက္်ားရဲ႕ ဦးေလးကလဲ ကြၽန္မအရင္အမ်ိဳးသားရဲ႕အေဖရဲ႕ လုပ္ေဖာ္ကိုင္ဘက္ဆိုေတာ့ ကြၽန္မသူမရဲ႕စိတ္ဓာတ္နဲ႔ လုပ္ရပ္ကို ဘာေျပာရမွန္းမသိေအာင္ အံ့ဩဆြံ႕အခဲ့တာ ေလးလရွိပါၿပီ… ခုမွ လူေတြအားလုံးလဲ သိေနၿပီျဖစ္လို႔ အျဖစ္မွန္ကိုေျပာျပတာပါ ကြၽန္မလို အလိမ္ညာခံ

အလွည့္ျဖားခံရျခင္းမွ ကင္းလြတ္ၾကပါေစရွင္….ကြၽန္မအခုဒီလိုေရးတာလဲ ကြၽန္မခံစားခ်က္နဲ႔ အေတြ႕အႀကဳံအစစ္အမွန္ကိုသာေရးသားျခင္း ျဖစ္ပါတယ္…မည္သူ႔ကိုမွ တိုက္ခိုက္လိုစိတ္အလ်င္းမရွိေၾကာင္းနဲ႔ အားလုံးစိတ္ရွင္းေအာင္ေျပာျပျခင္းသာျဖစ္ေၾကာင္းပါ တစ္ခါတည္းေျပာျပလိုက္ပါတယ္… အမ်ိဳးသမီးတိုင္း ကြၽန္မလိုအျဖစ္ဆိုးမွ ကင္းေဝးၾကပါေစ 😒😒😒😒”

ေရဗကၠာဝင္းကေတာ့ သူမရဲ႕ အိမ္ေထာင္ေရးအေၾကာင္းကို ခုလိုခ်ျပခဲ့တာျဖစ္ပါတယ္။ လက္တေလာ လူမွုကြန္ယက္စာမ်က္ႏွာေပၚမွာေတာ့ သူမရဲ႕ အရင္အိမ္ေထာင္ေရးဟာ အျခားေသာ အႏုပညာရွင္တစ္ေယာက္နဲ႔ ပတ္သက္ေနတယ္ဆိုတဲ့ ေကာလဟာလေတြလည္း ထြက္ေပၚေရးသားေနၾကတာေတြ႕ရပါတယ္။

We Love Cele

unicode

အဆိုတော်နှင့်သရုပ်ဆောင် ရေဗက္ကာဝင်းက သူမရဲ့ အိမ်ထောင်ရေးအကြောင်းကို ခုလိုပဲဖွင့်ဟလာခဲ့ပါတယ်။ ရေဗက္ကာဝင်းဟာ လူမျိုးမတူ၊ ဘာသာမတူသူတစ်ဦးနဲ့ အိမ်ထောင်ရေးတစ်ခုကို နားလည်မှုတွေနဲ့ ရှေ့ဆက်သွားနိုင်ခဲ့သူတစ်ဦးဖြစ်ခဲ့ပါတယ်။ ရေဗက္ကာဝင်းနဲ့

ခင်ပွန်းဖြစ်သူ ကိုကောင်းကျော်ဆွေတို့ဟာ ၂၀၁၃ ခုနှစ်အတွင်းမှာ ထိမ်းမြားလက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ အိမ်ထောင်သက်တမ်း ၆ နှစ်ကျော်အကြာမှာတော့ ခင်ပွန်းဖြစ်သူနဲ့ တရားဝင်ကွာရှင်းလိုက်ပြီဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။

သို့သော်လည်း ဘယ်လိုအကြောင်းကြောင်းကြောင့် ကွာရှင်းခဲ့ရတယ်ဆိုတာကိုတော့ အသိပေးပြောပြခဲ့ခြင်းမရှိပေမယ့် ယခုအချိန်မှာတော့ သူမရဲ့ Public Account ကနေပြီးတော့ ယခုလို အသိပေးလာခဲ့တာဖြစ်ပါတယ်။

“လတ်တလောမှာ Drama အရမ်းခင်းပြီး တလောကလုံးကို လိမ်ညာနေတဲ့ သူတစ်ယောက်အကြောင်းကို မပြောချင်လဲ ပြောရတော့မလိုဖြစ်နေပါပြီ…

ကျွန်မဘယ်သူ့ကိုမှ ပုတ်ခတ်စော်ကားပြီး မပြောခဲ့မရေးခဲ့ဖူးပါဘူး… အခုက သူခိုးက လူပြန်ဟစ်နေတဲ့အနေအထားမို့ ပြောသင့်ပြောထိုက်တာကို ပြောရပါတော့မယ်… ကျွန်မနဲ့အိမ်ထောင်ကွဲပြီးသားယောကျာ်းတစ်ယောက်ကကျွန်မကိုအတင်းအိမ်ကိုပြန်လိုက်ခဲ့ဖို့ခေါ်တာကြောင့် ကျွန်မရဲ့လက်ကျန်သံ‌ယောဇဉ်နဲ့သူ့အိမ်ပြန်လိုက်သွားခဲ့ပါတယ်…”

“ကျွန်မအနေနဲ့ သူငယ်ချင်းတစ်ယောက်အပြင်ပိုတဲ့ ဆက်ဆံမှုမျိုးမရှိခဲ့ပေမယ့် သူ့ဘက်က ကျွန်မကို အိမ်ပြန်လာစေချင်တဲ့ ခေါ်ဖိတ်မှုမျိုး လုပ်ခဲ့တဲ့ messageတွေ ခုထိရှိပါတယ်…. နှစ်ရှည်လများချစ်သူရည်းစားအဖြစ်ဖြတ်သန်းခဲ့ပြီး အိမ်ထောင်သက်တမ်းတစ်ခုလဲရှိခဲ့တဲ့

ကျွန်မရဲ့ ပထမဦးဆုံးအိမ်ထောင်ဖက်ဖြစ်တဲ့အတွက် ကျွန်မမှာ ထောက်ညှာငဲ့ကွက်စဉ်းစားစရာတွေများလွန်းတဲ့အတွက် မိတ်ဆွေသူငယ်ချင်းအဖြစ် ကျွန်မအရင်အမျိုးသားကိုဖေဖော်ဝါရီလမှာ ဆက်သွယ်ပြောဆိုမှုတွေလုပ်ခဲ့ပါတယ်…”

“သူနဲ့ကျွန်မ ၄ရက် ၅ရက်လောက် ဆက်သွယ်ပြောဆိုမှုတွေရှိနေတုန်းမှာပဲ ကျွန်မ အင်တာဗျူးမှာဖြေထားတဲ့ မလွတ်လပ်သေးတဲ့ အိမ်ထောင်သည်အမျိုးသမီးက

သူ့အိမ်ပေါ်ညလုံးပေါက်တက်နေပြီး မနက်မိုးလင်းတဲ့အခါ ကျွန်မမိဘတွေကိုရော ကျွန်မသူငယ်ချင်းတွေကိုရော ကျွန်မက သူတို့ကိုနှောင့်ယှက်နေပါတယ်ဆိုပြီး ဖုန်းဆက်တိုင်တန်းအရှက်ခွဲပြီး ကျွန်မကို ပြန်ခေါ်ယူစေခဲ့ပါတယ်….”

အိမျထောငျသကျတမျး(၆)နှစျကြောျမှာ …

“အဲ့ဒီညမှာ သူမသွားအိပ်လို့ ရခဲ့တဲ့ လက်ဆောင်နဲ့ ပိုက်ဆံကိုလဲ သူမ FB မှာ Valentine’s gift အနေနဲ့ အားလုံးသိအောင်တင်ထားခဲ့ပါတယ်…. အဲ့နောက်ပိုင်း ဈာန်ကြွသွားတော့မလားထင်ရအောင် သူမ FB မှာ ခင်ပွန်းကြီးဆယ်ပါးတောင်းပန်လိုက် ဘုရားရှစ်ခိုးလိုက်

ပန်းရေချမ်းသပ္ပာယ်လိုက်နဲ့ အမျိုးမျိုးဟန်ဆောင်လိမ်ညာနေပြီး ကျွန်မဝယ်ထားခဲ့တဲ့ပန်းကန်ခွက်ယောက် အသုံးအဆောင်တွေနဲ့ နေ့တိုင်း မရိုးရအောင်ပို့စ်တွေတင်တာ ကျွမ်မအိမ်ရောက်ဖူးတဲ့ ကျွန်မသူငယ်ချင်းမိတ်ဆွေအားလုံးက သိကြပါတယ်…”

“ကျွန်မနဲ့တရားဝင်ကွာရှင်းထားတဲ့အမျိုးသားကို ဘာမှမပြောလိုပေမယ့် တရားဝင်မကွာရှင်းရသေးတဲ့ ကျွန်မသူငယ်ချင်းဖြစ်ခဲ့တဲ့ အဲ့ဒီအမျိုးသမီးက FB မှာ သူဟာ ဘယ်လိုကြံ့ခိုင်ကြောင်း ဘယ်လိုအိမ်ထောင်တစ်ခုကို ကြိုးစားဖြတ်သန်းခဲ့ကြောင်း

အကောင်းဆုံးမိခင်ဖြစ်ကြောင်း အလွန်တရာချောမောလှပကြောင်းတွေ အဆက်မပြတ်တင်နေခဲ့သော်လည်း ကျွန်မနဲ့မသက်ဆိုင်တာမို့ လျစ်လျူရှူထားခဲ့ပါတယ်…တစ်ရက် Covid 19 ကာလ ဘယ်မှမသွားဖို့အစိုးရက ကြေငြာချက်ထုတ်ထားစဉ် ကျွန်မအရင်အမျိုးသားနဲ့ ဖုန်းပြောဖြစ်ပါတယ်…”

“နောက်တစ်ခေါက် ကျွန်မအနေနဲ့ Covid ကာလ ညဘက် အိပ်မပျော်တာနဲ့ မနက် ၂နာရီလောက်မှာ ရည်ရွယ်ချက်မရှိဘဲ လက်က Video call နှိပ်မိလိုက်တဲ့အချိန်မှာတော့ ထိုအမျိုးသမီးက ကိုင်ပြီး ကျွန်မအရင်အမျိုးသားနဲ့ တစ်အိပ်ရာထဲအိပ်နေတာကို

live ပြပါတယ်… ကျွန်မအရမ်းလဲရှက် အရမ်းလဲအံ့ဩ မယုံနိုင်လောက်အောင်ဖြစ်ရလို့ ကျွန်မ FB account ကိုတောင် Deactivate လုပ်ခဲ့ပြီး ကျွန်မရဲ့ အနုပညာအလုပ်နဲ့ နာမည်ကို စွန့်လွှတ်လိုက်တော့မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်… ကျွန်မဒီအကြောင်းတွေကို

အားလုံးရဲ့မျက်နှာနဲ့ အဖက်ဖက်ကိုငှဲ့ပြီး လုံးဝမပြောပြခဲ့ပါဘူး…သူမနဲ့ chat box မှာ စကားသွားပြောတော့လဲ အင်မတန်အံ့ဩစရာကောင်းစွာ သူမအတွက် ဒီကိစ္စက ရေးကြီးခွင်ကျယ်မဟုတ် သူတို့က friend with benefitsဖြစ်ကြောင်းပြောပြခဲ့လို့ ကျွန်မပိုပြီး ခံစားရပါတယ်…”

“သူတို့အနေနဲ့ အခုမှ အချစ်စစ် အချစ်မှန်ကိုရှာဖွေတွေ့ရှိပြီး လူမှန်နေရာမှန်ဖြစ်သွားတယ်ဆိုရင်တောင် တစ်ဖက်က မလွတ်လပ်သေးပေမယ့် တစ်ဖက်ကလူလွတ်ဖြစ်နေပြီမို့ ယဉ်ကျေးမှုဘေးချိတ်ထားပြီးနားလည်ပေးလို့ ရကောင်းရနိုင်ပါတယ်… သူမပြန်ပြောခဲ့တဲ့

တဏှာသီးသန့်ပတ်သတ်မှုကတော့ သူမအသက်အရွယ် သူမအိမ်ထောင် သူမရပ်တည်မှု သူမသူငယ်ချင်းဖြစ်ခဲ့တဲ့ကျွန်မ ပြီးတော့ အားလုံးကို ဂရုမစိုက်ရင်တောင် သူမသားအတွက် ဘာမှမတွေးတော့ဘဲ ဒါမျိုးမျက်နှာပြောင်တိုက် အကျင့်စာရိတ္တပျက်ပြားရဲတာ ကျွန်မအတွက်တော့ မကြုံဖူးပေါင် ဂုဏ်ထူးဆောင်လို့ပြောရမလိုကို ဩချမိပါတယ်….

“သူမပတ်သတ်တဲ့ ကျွန်မနဲ့ကွာရှင်းထားတဲ့အမျိုးသားက သူမအမျိုးသားရဲ့သူငယ်ချင်းလဲဖြစ်ပြီး သူမယောက္ခမနဲ့ ကျွန်မအဖေနဲ့ကကျောင်းနေဘက်သူငယ်ချင်းလဲဖြစ်ပါတယ်…

သူမယောက်ျားရဲ့ ဦးလေးကလဲ ကျွန်မအရင်အမျိုးသားရဲ့အဖေရဲ့ လုပ်ဖော်ကိုင်ဘက်ဆိုတော့ ကျွန်မသူမရဲ့စိတ်ဓာတ်နဲ့ လုပ်ရပ်ကို ဘာပြောရမှန်းမသိအောင် အံ့ဩဆွံ့အခဲ့တာ လေးလရှိပါပြီ… ခုမှ လူတွေအားလုံးလဲ သိနေပြီဖြစ်လို့ အဖြစ်မှန်ကိုပြောပြတာပါ

ကျွန်မလို အလိမ်ညာခံ အလှည့်ဖြားခံရခြင်းမှ ကင်းလွတ်ကြပါစေရှင်….ကျွန်မအခုဒီလိုရေးတာလဲ ကျွန်မခံစားချက်နဲ့ အတွေ့အကြုံအစစ်အမှန်ကိုသာရေးသားခြင်း ဖြစ်ပါတယ်…မည်သူ့ကိုမှ တိုက်ခိုက်လိုစိတ်အလျင်းမရှိကြောင်းနဲ့ အားလုံးစိတ်ရှင်းအောင်ပြောပြခြင်းသာဖြစ်ကြောင်းပါ တစ်ခါတည်းပြောပြလိုက်ပါတယ်… အမျိုးသမီးတိုင်း ကျွန်မလိုအဖြစ်ဆိုးမှ ကင်းဝေးကြပါစေ 😒😒😒😒”

ရေဗက္ကာဝင်းကတော့ သူမရဲ့ အိမ်ထောင်ရေးအကြောင်းကို ခုလိုချပြခဲ့တာဖြစ်ပါတယ်။ လက်တလော လူမှုကွန်ယက်စာမျက်နှာပေါ်မှာတော့ သူမရဲ့ အရင်အိမ်ထောင်ရေးဟာ အခြားသော အနုပညာရှင်တစ်ယောက်နဲ့ ပတ်သက်နေတယ်ဆိုတဲ့ ကောလဟာလတွေလည်း ထွက်ပေါ်ရေးသားနေကြတာတွေ့ရပါတယ်။

We Love Cele

Be the first to comment

Leave a Reply

Your email address will not be published.


*