နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူအပါအဝင် ဝန်ထမ်းအချို့ Q ဝင်လိုက်ရပြီဟုသိရ
ထူးထူး
Unicode
နာရေးကူညီမှုအသင်း (ရန်ကုန်)မှဝန်ထမ်းတစ်ဦး အနံ့ပျောက်၍ ယင်းဝန်ထမ်းနှင့်ထိတွေ့ခဲ့သည့် အသင်းဥက္ကဋ္ဌ ဦးကျော်သူအပါအဝင်
အခြားဝန်ထမ်းများပါ Home Quarantine နေထိုင်လျက်ရှိကြောင်း သိရသည်။“ဒီဝန်ထမ်းက ကျွန်တော်နဲ့ထိတွေ့ထားတော့
သေချာအောင်လုပ်နေတယ်။ အခုချိန်က ဝန်ထမ်းအင်အားလျှော့နေတော့ ကိုယ်တိုင်လည်း အလုပ်ဝင်လုပ်နေတယ်။
အဲဒီအတွက်ကြောင့် အခြားသူတွေမထိအောင် ကျွန်တော်တို့သေသေချာချာလုပ်ဆောင်ရမယ်။ နောက်သုံးရက်လောက်ဆို ဆေးစစ်ပါ့မယ်” ဟု နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်ထံမှသိရပါတယ်။
ထူးထူး
Source;https://mmcelebrity.info/
Be the first to comment
Leave a Reply
Your email address will not be published.
*