ေ႐ႊသံလြင္ဘိုးဘြားရိပ္သာမွ ဘိုးဘြား(၆၂)ဦး နဲ႔ ဝန္ထမ္း (၁၅)ဦး COVID-19 ကူးစက္ခံရ

ရန္ကုန္ၿမိဳ႕၊ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္ရွိ ေ႐ႊသံလြင္ဘိုးဘြားရိပ္သာမွာရွိတဲ့ အဘိုးအဘြားေတြနဲ႔ ဝန္ထမ္းေတြမွာ COVID-19 ေရာဂါပိုးကူးစက္ခံရတယ္လို႔ ဘိုးဘြားရိပ္သာရဲ႕ ဘ႑ာေရးမႉးဦးေက်ာ္မင္းထြန္းကေျပာပါတယ္။ေ႐ႊသံလြင္ဘိုးဘြားရိပ္သာမွာအဘိုး၊အဘြားစုစုေပါင္း(၆၆)ဦးကိုေစာင့္ေရွာက္ထားတာျဖစ္ၿပီး

ေရာဂါပိုးရွိ၊မရွိ စစ္ေဆးရာမွာဘိုးဘြား(၆၂)ဦးဟာ COVID-19ေရာဂါပိုး ကူးစက္ခံထားရတာကို ေတြ႕ရွိရတယ္လို႔သိရပါတယ္။ ရိပ္သာရဲ႕ဝန္ထမ္းေတြကိုစစ္ေဆးရာမွာလည္းဝန္ထမ္း(၂၁)ဦးအနက္ (၁၅)ဦးမွာ COVID-19 Positive ျဖစ္ေနတာကို ေတြ႕ရတယ္လို႔ဆိုပါတယ္။

အဲဒီကူးစက္မႈအစဟာ ရိပ္သာဝန္ထမ္းတစ္ဦးရဲ႕ မိသားစုကေန စတင္ကူးစက္လာတာျဖစ္ႏိုင္ေၾကာင္း ၿမိဳ႕နယ္ဆရာဝန္ႀကီးက သုံးသပ္ထားတယ္လို႔ ဦးေက်ာ္မင္းထြန္းက ေျပာပါတယ္။

လက္ရွိမွာေတာ့အတည္ျပဳလူနာေတြထဲက က်န္းမာေရးေကာင္းမြန္ေနေသးတဲ့ အဘိုးအဘြားေတြနဲ႔ဝန္ထမ္းေတြအပါအဝင္စုစုေပါင္း(၆၉)ဦးကိုေတာ့ COVID-19ေဆးကုသေရးဌာနတစ္ခုျဖစ္တဲ့ Fortuneစင္တာကို ပို႔ေဆာင္ေပးခဲ့ရပါတယ္။

ေရာဂါေဝဒနာခံစားေနရတဲ့အဘြား(၃)ဦးနဲ႔ အဘိုး(၁)ဦးကိုေတာ့ဧရာဝတီစင္တာ ICU ကိုပို႔ေဆာင္ေပးခဲ့ရပါတယ္။က်န္တဲ့ ဘိုးဘြားေတြနဲ႔ ဝန္ထမ္းႏွစ္ဦးကိုေတာ့ ေဖာင္ႀကီးCOVID-19ကုသေရးဌာနကို ပို႔ေဆာင္ထားတယ္လို႔ ဦးေက်ာ္မင္းထြန္းက ေျပာပါတယ္။

ေ႐ႊသံလြင္ဘိုးဘြားရိပ္သာကို (၁၉၉၉)ခုႏွစ္မွာ ေ႐ႊသံလြင္ကုမၸဏီလီမိတက္က တည္ေဆာက္လႉဒါန္းခဲ့တာျဖစ္ပါတယ္။သီးျခားဖြဲ႕စည္းထားတဲ့ ရိပ္သာအုပ္ခ်ဳပ္ေရးအဖြဲ႕ကေန ရိပ္သာကို စီမံခန႔္ခြဲၿပီး ဘိုးဘြားေတြကို ေစာင့္ေရွာက္မႈေပးေနတာျဖစ္ပါတယ္။

ေ႐ႊသံလြင္ကုမၸဏီလီမိတက္အေနနဲ႔လည္း ေ႐ႊသံလြင္ ဘိုးဘြားရိပ္သာရဲ႕ လိုအပ္ခ်က္ေတြကို စဥ္ဆက္မျပတ္ ေထာက္ပံ့လႉဒါန္းေပးေနတာျဖစ္ပါတယ္။

One News Myanmar
Swelsone News

Unicode

ရန်ကုန်မြို့၊ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ရွှေသံလွင်ဘိုးဘွားရိပ်သာမှာရှိတဲ့ အဘိုးအဘွားတွေနဲ့ ဝန်ထမ်းတွေမှာ COVID-19 ရောဂါပိုးကူးစက်ခံရတယ်လို့ ဘိုးဘွားရိပ်သာရဲ့ ဘဏ္ဍာရေးမှူးဦးကျော်မင်းထွန်းကပြောပါတယ်။ရွှေသံလွင်ဘိုးဘွားရိပ်သာမှာအဘိုး၊အဘွားစုစုပေါင်း(၆၆)ဦးကိုစောင့်ရှောက်ထားတာဖြစ်ပြီး

ရောဂါပိုးရှိ၊မရှိ စစ်ဆေးရာမှာဘိုးဘွား(၆၂)ဦးဟာ COVID-19ရောဂါပိုး ကူးစက်ခံထားရတာကို တွေ့ရှိရတယ်လို့သိရပါတယ်။ ရိပ်သာရဲ့ဝန်ထမ်းတွေကိုစစ်ဆေးရာမှာလည်းဝန်ထမ်း(၂၁)ဦးအနက် (၁၅)ဦးမှာ COVID-19 Positive ဖြစ်နေတာကို တွေ့ရတယ်လို့ဆိုပါတယ်။

အဲဒီကူးစက်မှုအစဟာ ရိပ်သာဝန်ထမ်းတစ်ဦးရဲ့ မိသားစုကနေ စတင်ကူးစက်လာတာဖြစ်နိုင်ကြောင်း မြို့နယ်ဆရာဝန်ကြီးက သုံးသပ်ထားတယ်လို့ ဦးကျော်မင်းထွန်းက ပြောပါတယ်။

လက်ရှိမှာတော့အတည်ပြုလူနာတွေထဲက ကျန်းမာရေးကောင်းမွန်နေသေးတဲ့ အဘိုးအဘွားတွေနဲ့ဝန်ထမ်းတွေအပါအဝင်စုစုပေါင်း(၆၉)ဦးကိုတော့ COVID-19ဆေးကုသရေးဌာနတစ်ခုဖြစ်တဲ့ Fortuneစင်တာကို ပို့ဆောင်ပေးခဲ့ရပါတယ်။

ရောဂါဝေဒနာခံစားနေရတဲ့အဘွား(၃)ဦးနဲ့ အဘိုး(၁)ဦးကိုတော့ဧရာဝတီစင်တာ ICU ကိုပို့ဆောင်ပေးခဲ့ရပါတယ်။ကျန်တဲ့ ဘိုးဘွားတွေနဲ့ ဝန်ထမ်းနှစ်ဦးကိုတော့ ဖောင်ကြီးCOVID-19ကုသရေးဌာနကို ပို့ဆောင်ထားတယ်လို့ ဦးကျော်မင်းထွန်းက ပြောပါတယ်။

ရွှေသံလွင်ဘိုးဘွားရိပ်သာကို (၁၉၉၉)ခုနှစ်မှာ ရွှေသံလွင်ကုမ္ပဏီလီမိတက်က တည်ဆောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။သီးခြားဖွဲ့စည်းထားတဲ့ ရိပ်သာအုပ်ချုပ်ရေးအဖွဲ့ကနေ ရိပ်သာကို စီမံခန့်ခွဲပြီး ဘိုးဘွားတွေကို စောင့်ရှောက်မှုပေးနေတာဖြစ်ပါတယ်။

ရွှေသံလွင်ကုမ္ပဏီလီမိတက်အနေနဲ့လည်း ရွှေသံလွင် ဘိုးဘွားရိပ်သာရဲ့ လိုအပ်ချက်တွေကို စဉ်ဆက်မပြတ် ထောက်ပံ့လှူဒါန်းပေးနေတာဖြစ်ပါတယ်။

One News Myanmar
Swelsone News

Be the first to comment

Leave a Reply

Your email address will not be published.


*