အင္းယားစင္တာမွ ဆင္းခြင့္ရ ကိုဗစ္လူနာမ်ားအား တစ္ပတ္စာ စားေသာက္ဖြယ္ရာမ်ားႏွင့္ အလႉေငြ ၅ေသာင္းေထာက္ပံ့

ကိုဗစ္ေရာဂါကုသေရး အင္းယားစင္တာမွ ႏွစ္ရက္အတြင္း ကိုဗစ္အတည္ျပဳလူနာ ၂၈၃ ဦးမွာ ေနအိမ္ သို႔ အသီးသီးျပန္ခြင့္ရရွိခဲ့ၾကၿပီး ေနအိမ္မ်ားတြင္ ဆက္လက္၍

အသြားအလာကန႔္သတ္ေနထိုင္ စဥ္အ တြင္း၌ အဆင္ေျပေစရန္ စားေသာက္ဖြယ္ရာမ်ား ႏွင့္ အလႉေငြ ၅ေသာင္းက်ပ္ကို ေထာက္ပံ့ လႉဒါန္း ေပးခဲ့ေၾကာင္း သိရသည္။

အင္းယားစင္တာတြင္ တက္ေရာက္ေနခဲ့ေသာကိုဗစ္အတည္ျပဳ လူနာမ်ားအနက္ေအာက္တိုဘာလ ၁၆ ရက္တြင္ ပထမအသုတ္အျဖစ္ ၁၀၁ ဦး ႏွင့္ ေအာက္တိုဘာလ ၁၇ ရက္တြင္ ဒုတိယအသုတ္အျဖစ္ ၁၈၂ ဦးတို႔ကို က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ လမ္းၫႊန္မႈ၊

ရန္ကုန္တိုင္းေဒသႀကီး Covid- 19 ကာကြယ္ထိန္းခ်ဳပ္ကုသေရးႏွင့္ ေပါင္းစပ္ညႇိႏႈိင္းေရးေကာ္မတီ၏ အနီးကပ္ႀကီးၾကပ္ကြပ္ကဲ မႈတို႔ ျဖင့္ အိမ္ျပန္ခြင့္ျပဳခဲ့ျခင္းျဖစ္ၿပီး အင္းယားစင္တာမွ သက္ဆိုင္ရာၿမိဳ႕နယ္အသီးသီးသို႔ ေနအိမ္မ်ားသို႔ အေရာက္ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

”ကြၽန္ေတာ္တို႔ လက္ရွိကသူတို႔အိမ္ျပန္သြားရင္ စားလို႔ရေအာင္ လက္ေဆာင္ေလးေတြ ထည့္ေပးလိုက္ တာရွိပါတယ္။ တခ်ိဳ႕က်ေတာ့ ဘယ္လိုျဖစ္လဲေတာ့ သူက ဒီစင္တာကေနဆင္းခြင့္ရသြားေပမဲ့ သူရဲ႕ မိသားစုေတြက ကြာရန္တင္းစင္တာေတြမွာ ေရာက္ေနၾကတာ ရွိတယ္။

အိမ္မွာ ဘယ္သူမွ မရွိတဲ့အခါ သူတို႔အေနနဲ႔ Home ကြာရန္တင္း ၇ ရက္ ရွိေသးေတာ့ အျပင္ထြက္ဖို႔က အခက္အခဲေတြ ရွိေနေသး တာေပါ့ေနာ္။ အဲ့ဒါေၾကာင့္ တစ္ပတ္စာအတြက္ လိုအပ္ႏိုင္တဲ့ဟာေတြ ထည့္ေပးတယ္။အလႉေငြ ေလး ေတြလည္း ေပးတယ္။

လက္ရွိမွာ ကြၽန္ေတာ္တို႔က အခ်ိန္ကန႔္သတ္ခ်က္အရေငြသားေတြကို ထည့္ေပး ေနရတာေပါ့။ ေနာက္ပိုင္း က်ရင္ေတာ့ အိမ္မွာ တစ္ခါတည္း စီစဥ္လို႔ရေအာင္ ဆန္၊ ဆီ၊ စား အဲလိုမ်ိဳး ေလးေတြ ထည့္ေပးဖို႔ စီစဥ္ေပးသြားဖို႔ရွိပါတယ္ ” ဟု အင္းယားစင္တာမွ ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ရဲ ေနာင္က ေျပာသည္။

ရန္ကုန္တိုင္းေဒသႀကီး ၊ မရမ္းကုန္းၿမိဳ႕နယ္ရွိ ကိုဗစ္ေရာဂါကုသေရး အင္းယားစင္တာတြင္ ကိုဗစ္ အေရးေပၚလူနာမ်ားအတြက္ HDU ကုတင္ ၁၀၄ ကုတင္ ႏွင့္ ႐ိုး႐ိုး ကုတင္၄၁၂ ကုတင္ စုစုေပါင္း လူနာ ၅၁၆ဦးအတြက္

တစ္ၿပိဳင္နက္တည္း လက္ခံကုသေပးႏိုင္ရန္ ျပင္ဆင္ေဆာင္႐ြက္ထားၿပီး လူနာမ်ားကို ေအာက္တိုဘာလ ၁၀ရက္တြင္ စတင္လက္ခံခဲ့ေၾကာင္း သိရသည္။

ယင္းစင္တာသိသို႔ ေရာက္ရွိလာေသာ လူနာမ်ားအား ၇ရက္အၾကာ၌ အသုတ္လိုက္ ေနအိမ္အသီးသီး သို႔ ျပန္ခြင့္ျပဳေနျခင္းျဖစ္ၿပီး လူနာမ်ားဆင္းသြားသည္ႏွင့္ ေစတနာဝန္ထမ္းမ်ားက သန႔္ရွင္းေရးမ်ားျပဳ လုပ္ျခင္း ၊

အသုံးအဆာင္ ပစၥည္းမ်ားကို မီးရႈိ႕ဖ်က္ဆီးျခင္း ၊ ပိုးသတ္ေဆးျဖန္းျခင္း ၊ အသုံးအေဆာင္ ပစၥည္းမ်ား အသစ္လဲလွယ္ေပးျခင္းမ်ားကို ေန႔တြင္းခ်င္း အၿပီးလုပ္ေဆာင္၍ လူနာသစ္မ်ား အားခ်င္း လက္ခံႏိုင္ရန္ စီစဥ္ေဆာင္႐ြက္ေပးေနသည္။

Pyi Myanmar
Swelsone News

Unicode

ကိုဗစ်ရောဂါကုသရေး အင်းယားစင်တာမှ နှစ်ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၂၈၃ ဦးမှာ နေအိမ် သို့ အသီးသီးပြန်ခွင့်ရရှိခဲ့ကြပြီး နေအိမ်များတွင် ဆက်လက်၍

အသွားအလာကန့်သတ်နေထိုင် စဉ်အ တွင်း၌ အဆင်ပြေစေရန် စားသောက်ဖွယ်ရာများ နှင့် အလှူငွေ ၅သောင်းကျပ်ကို ထောက်ပံ့ လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။

အင်းယားစင်တာတွင် တက်ရောက်နေခဲ့သောကိုဗစ်အတည်ပြု လူနာများအနက်အောက်တိုဘာလ ၁၆ ရက်တွင် ပထမအသုတ်အဖြစ် ၁၀၁ ဦး နှင့် အောက်တိုဘာလ ၁၇ ရက်တွင် ဒုတိယအသုတ်အဖြစ် ၁၈၂ ဦးတို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှု၊

ရန်ကုန်တိုင်းဒေသကြီး Covid- 19 ကာကွယ်ထိန်းချုပ်ကုသရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၏ အနီးကပ်ကြီးကြပ်ကွပ်ကဲ မှုတို့ ဖြင့် အိမ်ပြန်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး အင်းယားစင်တာမှ သက်ဆိုင်ရာမြို့နယ်အသီးသီးသို့ နေအိမ်များသို့ အရောက် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

”ကျွန်တော်တို့ လက်ရှိကသူတို့အိမ်ပြန်သွားရင် စားလို့ရအောင် လက်ဆောင်လေးတွေ ထည့်ပေးလိုက် တာရှိပါတယ်။ တချို့ကျတော့ ဘယ်လိုဖြစ်လဲတော့ သူက ဒီစင်တာကနေဆင်းခွင့်ရသွားပေမဲ့ သူရဲ့ မိသားစုတွေက ကွာရန်တင်းစင်တာတွေမှာ ရောက်နေကြတာ ရှိတယ်။

အိမ်မှာ ဘယ်သူမှ မရှိတဲ့အခါ သူတို့အနေနဲ့ Home ကွာရန်တင်း ၇ ရက် ရှိသေးတော့ အပြင်ထွက်ဖို့က အခက်အခဲတွေ ရှိနေသေး တာပေါ့နော်။ အဲ့ဒါကြောင့် တစ်ပတ်စာအတွက် လိုအပ်နိုင်တဲ့ဟာတွေ ထည့်ပေးတယ်။အလှူငွေ လေး တွေလည်း ပေးတယ်။

လက်ရှိမှာ ကျွန်တော်တို့က အချိန်ကန့်သတ်ချက်အရငွေသားတွေကို ထည့်ပေး နေရတာပေါ့။ နောက်ပိုင်း ကျရင်တော့ အိမ်မှာ တစ်ခါတည်း စီစဉ်လို့ရအောင် ဆန်၊ ဆီ၊ စား အဲလိုမျိုး လေးတွေ ထည့်ပေးဖို့ စီစဉ်ပေးသွားဖို့ရှိပါတယ် ” ဟု အင်းယားစင်တာမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ရဲ နောင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းမြို့နယ်ရှိ ကိုဗစ်ရောဂါကုသရေး အင်းယားစင်တာတွင် ကိုဗစ် အရေးပေါ်လူနာများအတွက် HDU ကုတင် ၁၀၄ ကုတင် နှင့် ရိုးရိုး ကုတင်၄၁၂ ကုတင် စုစုပေါင်း လူနာ ၅၁၆ဦးအတွက်

တစ်ပြိုင်နက်တည်း လက်ခံကုသပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားပြီး လူနာများကို အောက်တိုဘာလ ၁၀ရက်တွင် စတင်လက်ခံခဲ့ကြောင်း သိရသည်။

ယင်းစင်တာသိသို့ ရောက်ရှိလာသော လူနာများအား ၇ရက်အကြာ၌ အသုတ်လိုက် နေအိမ်အသီးသီး သို့ ပြန်ခွင့်ပြုနေခြင်းဖြစ်ပြီး လူနာများဆင်းသွားသည်နှင့် စေတနာဝန်ထမ်းများက သန့်ရှင်းရေးများပြု လုပ်ခြင်း ၊

အသုံးအဆာင် ပစ္စည်းများကို မီးရှို့ဖျက်ဆီးခြင်း ၊ ပိုးသတ်ဆေးဖြန်းခြင်း ၊ အသုံးအဆောင် ပစ္စည်းများ အသစ်လဲလှယ်ပေးခြင်းများကို နေ့တွင်းချင်း အပြီးလုပ်ဆောင်၍ လူနာသစ်များ အားချင်း လက်ခံနိုင်ရန် စီစဉ်ဆောင်ရွက်ပေးနေသည်။

Pyi Myanmar
Swelsone News

Be the first to comment

Leave a Reply

Your email address will not be published.


*