ဥကၠာဦးသာနဲ႔ ေရစက္ကုန္လို႔ ကိုယ့္လမ္းကိုယ္ေလွ်ာက္တာ ၂ ႏွစ္ေလာက္ရွိၿပီဆိုတဲ့ ရွင္ဖုန္း

တစ္ခ်ိန္ကေအာင္ျမင္ေက်ာ္ၾကားခဲ့တဲ့ ထိပ္တန္းအဆိုေတာ္ေတြထဲမွာ တစ္ေယာက္အပါအဝင္ျဖစ္တဲ့ အဆိုေတာ္ရွင္ဖုန္းကေတာ့ အႏုပညာေလာကမွာ ေနရာတစ္ခုကိုရယူထားႏိုင္ခဲ့ၿပီး ျပည္သူခ်စ္အႏုပညာရွင္တစ္ေယာက္ဆိုရင္လည္း မမွားပါဘူး။

ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈကို အခိုင္အမာရယူထားႏိုင္ခဲ့တဲ့ သူမကေတာ့ သီခ်င္းေကာင္းေလးေတြမ်ားစြာကို အသံခ်ိဳခ်ိဳေလးနဲ႔ သီဆိုခဲ့တဲ့ အဆိုေတာ္တစ္ေယာက္ပဲျဖစ္ပါတယ္။

ရွင္ဖုန္းကေတာ့ ခင္ပြန္းျဖစ္သူ ဥကၠာဦးသာနဲ႔ ေရစက္ကုန္လို႔ လမ္းခြဲခဲ့ၾကတာ ၂ ႏွစ္ေလာက္ရွိၿပီလို႔ ပရိသတ္ကို အသိေပးေျပာလာပါတယ္။

ရွင္ဖုန္းက ” အက်ိဳးရွိလို႔ အေၾကာင္းျဖစ္လာတာဆိုေတာ့ေလ တစ္ေယာက္နဲ႔တစ္ေယာက္က ေရစက္ကုန္တဲ့အခါက်ေတာ့ ကို႔လမ္းကို ေလွ်ာက္ရတာေပါ့ေနာ္။ ရွင္ဖုန္းတို႔ေတြက ခုခ်ိန္မွာမိတ္ေဆြေတြလိုပဲ ရွိေနပါတယ္။

တစ္ေယာက္နဲ႔တစ္ေယာက္ကူညီႏိုင္တာလဲကူညီတယ္။ အဆင္မေျပလို႔ ကိုဘာကို ကို႔လမ္းကိုေလွ်ာက္သြားၾကေပမယ့္ တစ္ေယာက္နဲ႔တစ္ေယာက္ထိခိုက္ေအာင္ ေျပာဆိုတာ နစ္နာေအာင္လုပ္တာေတြ ရွင္ဖုန္းတို႔မရွိပါဘူး။

ေအးေအးခ်မ္းခ်မ္းပဲ ရွင္ဖုန္းတို႔ေတြ ကို႔လမ္းကိုေလွ်ာက္ၿပီးေတာ့ အဆင္ေျပေျပရွိေနပါတယ္။

ကိုဥကၠာလဲ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေအးေအးခ်မ္းခ်မ္းရွိတယ္ ရွင္ဖုန္းလဲ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေအးေအးခ်မ္းခ်မ္းရွိတယ္ လိုအပ္တဲ့အခ်ိန္မွာလဲ ကူညီႏိုင္တာကူညီေပးၾကပါတယ္” ဆိုၿပီးေျပာျပလာပါတယ္။

ရွင္ဖုန္းကေတာ့ လမ္းခြဲတာ ၂ ႏွစ္ေလာက္ရွိၿပီျဖစ္ေၾကာင္း ပရိသတ္ကိုအသိေပးခဲ့သလို ႏွစ္ေယာက္စလုံးကိုဆက္ခ်စ္ေပးဖို႔လဲ ဆက္ၿပီးအား ေပးဖို႔ေျပာခဲ့ပါေသးတယ္။

ရွင္ဖုန္းနဲ႔ ဥကၠာဦးသာတို႔ကေတာ့ ၂၀၀၇ ေလာက္ထဲက မဂၤလာေဆာင္ခဲ့ၾကတာပဲျဖစ္ပါတယ္။ ပရိသတ္ႀကီးအတြက္ ရွင္ဖုန္းတို႔ရဲ႕ အိမ္ေထာင္ေရးအေၾကာင္းေလးကိုေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Swelsone News

Unicode

တစ်ချိန်ကအောင်မြင်ကျော်ကြားခဲ့တဲ့ ထိပ်တန်းအဆိုတော်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ အဆိုတော်ရှင်ဖုန်းကတော့ အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့ပြီး ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ သူမကတော့ သီချင်းကောင်းလေးတွေများစွာကို အသံချိုချိုလေးနဲ့ သီဆိုခဲ့တဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။

ရှင်ဖုန်းကတော့ ခင်ပွန်းဖြစ်သူ ဥက္ကာဦးသာနဲ့ ရေစက်ကုန်လို့ လမ်းခွဲခဲ့ကြတာ ၂ နှစ်လောက်ရှိပြီလို့ ပရိသတ်ကို အသိပေးပြောလာပါတယ်။

ရှင်ဖုန်းက ” အကျိုးရှိလို့ အကြောင်းဖြစ်လာတာဆိုတော့လေ တစ်ယောက်နဲ့တစ်ယောက်က ရေစက်ကုန်တဲ့အခါကျတော့ ကို့လမ်းကို လျှောက်ရတာပေါ့နော်။ ရှင်ဖုန်းတို့တွေက ခုချိန်မှာမိတ်ဆွေတွေလိုပဲ ရှိနေပါတယ်။

တစ်ယောက်နဲ့တစ်ယောက်ကူညီနိုင်တာလဲကူညီတယ်။ အဆင်မပြေလို့ ကိုဘာကို ကို့လမ်းကိုလျှောက်သွားကြပေမယ့် တစ်ယောက်နဲ့တစ်ယောက်ထိခိုက်အောင် ပြောဆိုတာ နစ်နာအောင်လုပ်တာတွေ ရှင်ဖုန်းတို့မရှိပါဘူး။

အေးအေးချမ်းချမ်းပဲ ရှင်ဖုန်းတို့တွေ ကို့လမ်းကိုလျှောက်ပြီးတော့ အဆင်ပြေပြေရှိနေပါတယ်။

ကိုဥက္ကာလဲ ပျော်ပျော်ရွှင်ရွှင်အေးအေးချမ်းချမ်းရှိတယ် ရှင်ဖုန်းလဲ ပျော်ပျော်ရွှင်ရွှင်အေးအေးချမ်းချမ်းရှိတယ် လိုအပ်တဲ့အချိန်မှာလဲ ကူညီနိုင်တာကူညီပေးကြပါတယ်” ဆိုပြီးပြောပြလာပါတယ်။

ရှင်ဖုန်းကတော့ လမ်းခွဲတာ ၂ နှစ်လောက်ရှိပြီဖြစ်ကြောင်း ပရိသတ်ကိုအသိပေးခဲ့သလို နှစ်ယောက်စလုံးကိုဆက်ချစ်ပေးဖို့လဲ ဆက်ပြီးအား ပေးဖို့ပြောခဲ့ပါသေးတယ်။

ရှင်ဖုန်းနဲ့ ဥက္ကာဦးသာတို့ကတော့ ၂၀၀၇ လောက်ထဲက မင်္ဂလာဆောင်ခဲ့ကြတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ရှင်ဖုန်းတို့ရဲ့ အိမ်ထောင်ရေးအကြောင်းလေးကိုဖော်ပြပေးလိုက်ပါတယ်နော်။

Swelsone News

Be the first to comment

Leave a Reply

Your email address will not be published.


*