မောင်နဲ့ ချစ်သူတွေဖြစ်နေကြတဲ့ သမီးဖြစ်သူရီရီပွင့်ဖြူရဲ့အချစ်ရေးအကြောင်းပြောပြလာတဲ့ ဒေါ်ခင်သန်းဝင်း









Swelsone News

Unicode

သရုပ်ဆောင် ဒေါ်ခင်သန်းဝင်းကိုတော့ ပရိသတ်အားလုံး သိပြီးသားဖြစ်ပါလိမ့်မယ်။ ဒေါ်ခင်သန်းဝင်းကတော့ ကျရာဇာတ်ရုပ်ကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်သလို မြို့ကားရော နယ်ကားတွေမှာပါ ဇာတ်ကားပေါင်းများစွာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

ဒေါ်ခင်သန်းဝင်းဟာ ယခုအချိန်ထိ မမများအဖွဲ့မှာ ပါဝင်ပြီး အနုပညာလုပ်ငန်းတွေကို လုပ်နေတုန်းပဲဖြစ်ပါတယ်။

သရုပ်ဆောင်ဒေါ်ခင်သန်းဝင်းကတော့ ရီရီပွင့်ဖြူ မိခင်ပဲဖြစ်ပါတယ်။ ဒေါ်ခင်သန်းဝင်းကတော့ သမီးလေးရီရီပွင့်ဖြူရဲ့ အချစ်လေးအကြောင်းလေးကိုပြလာခဲ့ပါတယ်။

ရီရီပွင့်ဖြူတို့အတွဲလေးကိုကြည့်ပြီး အားကျနေကြတာနဲ့ ပတ်သက်ပြီး ” သူတို့ဘေးလူတွေကတောင်သူတို့ကိုအမြင်ရှင်းကြပါတယ် တီတီဆိုရင် အနီးကပ်နေတဲ့သူဆိုတော့ ပိုပြီး အမြင်ရှင်းတာပေါ့။

သူတို့စကားပြောဆိုနေလို့ ရန်ဖြစ်နေကြတာမျိုး နမန်းကစ ပြောနေကြတာမျိုး တစ်ခါမှ မမြင်ရဘူး။ ပြောရင်ကို ရီစရာနဲ့နောက်စရာနဲ့ သူတို့ဘာသာသူတို့ဒီလိုပဲနေကြတာ ဒါပေမယ့် တီတီ့အနေနဲ့ကတော့ တီတီက သမီးလေးကို အရမ်းချစ်တယ်လေ။

သမီးကချစ်တယ်ဆိုရင် တီတီက ငြင်းမှာ မဟုတ်ပါဘူး။ မောင်မှရယ်မဟုတ်ဘူးပေါ့ သူယူလာတဲ့သူပေါ့နော်။ တီတီရဲ့ သားလေးဖြစ်လာမဲ့သူ ဘယ်သူပဲဖြစ်ဖြစ်ပေါ့ သမီးနှစ်သက်တယ်ဆိုရင် တီတီကလက်ခံမှာပါ” ဆိုပြီးပြောလာခဲ့ပါတယ်။

သမီးဖြစ်သူရဲ့အချစ်ရေးကံကောင်းတယ်ဆိုရင်ပဲ အတိုင်းမသိဝမ်းသာမိကြောင်းကို ဒေါ်ခင်သန်းဝင်းကပြောခဲ့ပါသေးတယ်။

သူတို့နှစ်ယောက်က အေးအေးချမ်းချမ်းလေးပါပဲ..တစ်ယောက်နဲ့တစ်ယောက်ရန်ဖြစ်နေတာမျိုးလည်းမရှိဘူး ဆိုပြီး သမီးဖြစ်သူရဲ့ အချစ်ရေးနဲ့ပတ်သတ်ပြီးပြောခဲ့တာပဲဖြစ်ပါတယ်။

Swelsone News

Be the first to comment

Leave a Reply

Your email address will not be published.


*