ပင်လုံဆေးရုံကြီးမှာဆေးကုသမှုခံယူနေရပြန်တဲ့ ဗေလုဝရဲ့လက်ရှိကျန်းမာရေးအခြေအနေကို အသိပေးလာတဲ့ အောင်သော်

နိုင်ငံကျော် ရုပ်ရှင်နဲ့ ဗီဒီယို ဟာသသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဗေလုဝဟာ အနု ပညာမှာ အင်မတန် လက်စောင်းထက်တဲ့ ဝါရင့်သမ္ဘာရင့်တစ်ယောက်ပါနော်။

ဗေလုဝဟာ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ရုံသာမကဘဲ ဝတ္ထုနဲ့ ဇာ တ်ညွှ န်းတွေများစွာကိုလည်း ရေးသားခဲ့ပြီးတော့ ပရိသတ်တွေကို ဘဝအေ မြာေ ပပျောက်စေခဲ့သူ ဖြစ်ပါတယ်နော်။

အကယ်ဒမီဆု ကြီး တစ်ဆုကို လက်ဝယ်ပိုင်ဆိုင်ထားပြီဖြစ်တဲ့ ဗေလုဝကတော့ နောက်ပိုင်းမှာ သူ့ရဲ့ ကျန်းမာရေးအခြေအနေကြောင့် အရင် ကလောက် အနုပညာအလုပ်တွေကိုမလုပ်ကိုင်နိုင်တော့တာပဲ ဖြစ်ပါတယ်နော်။

ကျန်းမာရေးအခြေအနေကြောင့်ဘဲ အနုပညာအလုပ်နဲ့ ထမင်းဆိုင်စီးပွားရေးတို့ ကို လှည့်မကြည့် နိုင်တော့တဲ့ ဗေလုဝက လက်ရှိမှာလည်းဆေးရုံမှာ ဆေးကု သမှုခံယူနေရတယ်လို့ သိရပါတယ်နော်။ ဗေလုဝရဲ့

ကျန်းမာရေးအခြေအနေနဲ့ ပက် သတ်ပြီး သရုပ်ဆောင်တစ်ယောက်ဖြစ်သူ အောင်သော်က ရုပ်ရှင်နှင်ဗီဒီယိုဟာ သရုပ်ဆောင် ဗေလုဝ ကျန်းမာရေးအခြေအနေကြောင့် ပင်လုံဆေး ရုံ ကြီး အ ခန်း (၁၃၁၈ ) တွင် ဆေးဝါးကုသနေရကြောင်း သတင်းရရှိပါသည်။

အမြန်ဆုံး ပြ န်ကျန်း မာပါစေဟု ဆုတောင်း ပါသည်ဗျာ ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ အသိပေးလာခဲ့တာပါ။ဗေလုဝကတော့ ပြီးခဲ့တဲ့ နှစ်ပိုင်းကလည်း ဦးနှောက်သွေးခွဲမှုကြောင့် ပင်လုံဆေးရုံမှာပဲ

ဆေးကုသ မှု ခံယူခဲ့ပြီး ပြန်လည်သက်သာလာခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကချစ်တဲ့ ဦးဗေတစ်ယောက် ဒီတ စ်ခါမှာလည်း အမြန်ဆုံးနေကောင်းသက်သာလာပါစေလို့ ဆုေ တာင်းပေးလိုက်ပါတယ်နော်။

source;Aung Thaw

Unicode

Be the first to comment

Leave a Reply

Your email address will not be published.

*