တစ္ပတ္စာ ၇ရက္သားသမီး ေဟာစာတမ္း (19.11.2020 မွ 25.11.2020 အထိ)

19.11.2020 မွ 25.11.2020 အထိတစ္ပတ္စာ ၇ရက္သားသမီး ေဟာစာတမ္း

တနဂၤေႏြ

ဒီကာလအတြင္းအပင္ပန္းခံမွအဆင္ေျပမဲ့ကာလတစ္ခုပါပဲ။မိမိတို႔ဆီမွာရွိတဲ့ အဖိုးတန္ပစၥည္းမ်ား လြယ္လင့္တကူ မထားမိပါေစနဲ႔။သူမ်ားခိုးသြားတတ္ပါတယ္။ က်န္းမာေရးကေတာ့ အနည္းငယ္ဂ႐ု စိုက္ဖို႔လိုအပ္ပါတယ္။

က်န္းမာေရးအားနည္းယုတ္ေလ်ာ့ေန တတ္တဲ့ကာလပါပဲ။မိမိေလးစားရတဲ့ဆရာေတြက မိမိကိုလိမ္သြားတတ္ပါ တယ္။အေဝးနဲ႔ခ်ိတ္ဆက္လုပ္ရတဲ့အလုပ္ေတြအဆင္မေျပႏိုင္ေသးပါ။

မိမိအတြက္ေကာင္းတာေတြရွိသလို ဆိုးတာ ေတြလဲ ရွိေနတတ္ပါတယ္။ အဓိကေတာ့ ဘယ္သူကိုမွ အထက္စီးကမဆက္ဆံမိပါေစနဲ႔။ ေအာက္လက္ငယ္သားေတြ ျပန္ေတာ္လွန္တာမ်ိဳးေတြႀကဳံရတတ္ပါ တယ္။

အလုပ္အေႂကြးေတြမ်ားေနတာေၾကာင့္လဲ ဖိအားေပးခံရတတ္ပါ တယ္။ တတ္ႏိုင္သမွ် သည္းခံၿပီး ေျခသုတ္ပုဆိုး ေႁမြစြယ္က်ိဳးေနမွအဆင္ေျပမဲ့ကာလပါပဲ။ အလုပ္ေတြကို တစ္ခု လက္စသတ္ၿပီးမွ ေနာက္အလုပ္ကိုလုပ္ကိုင္ပါ။

ဟိုစပ္စပ္ဒီစပ္စပ္လုပ္တာမ်ိဳးေတြကိုေတာ့ ေရွာင္လိုက္ေစခ်င္ပါ တယ္။ အခ်စ္ေရးကေတာ့ အေကာင္းဆုံး အေနအထားကိုဦးတည္ေနပါလိမ့္မယ္။ တတ္ႏိုင္သ၍ခ်စ္သူထံကအကူ အညီရ လာတတ္ပါတယ္။

အိမ္ေထာင္ေရးကေတာ့ မိမိနဲ႔အိမ္ေထာင္ဘက္ ဆန္က်င့္ဘက္ေတြျဖစ္ေနတာမ်ားေနတတ္ပါတယ္။ ပညာေရးမွာေတာ့ အညံ့မရွိေပမယ့္ အားရစရာေကာင္းတဲ့အေနအထားမေရာက္ေသးပါ။

အက်ိဳးေပးဂဏန္း 7/2/1 အထူးေဟာ ကံအားနည္းေနမည္။ ယၾတာ ၾကက္ဥေၾကာ္ႏွင့္ထမင္းသုတ္ဘုရားကပ္လႉၿပီးလိုရာဆုေတာင္းပါ။

တနလၤာ

ဒီလိုရက္ေတြမွာေတာ့ မိမိအတြက္အရင္ကာလေတြနဲ႔မတူတဲ့ အသစ္အဆန္းေတြကို လုပ္ကိုင္ေဆာင္႐ြက္ ရတတ္ပါတယ္။ စီးပြားသစ္၊အလုပ္သစ္၊ေနရာသစ္၊ေဒသအသစ္နဲ႔ အံဝင္ခြင္က်ျဖစ္ေနမဲ့ကာလပါပဲ။

ေကာင္းတာေတြ လုပ္မယ္ဆိုရင္ အဖ်က္ဝင္လာတတ္ပါတယ္။ မိမိလုပ္ခ်င္တာကို တတ္ႏိုင္သမွ်သူမ်ားကိုမေျပာလိုက္ပါနဲ႔။ လုပ္ငန္း ခြင္မွာမိမိလိုခ်င္တဲ့ကိစၥေတြကို ဆရာသမားေတြ၊လူႀကီးေတြဆီကေနတဆင့္ခံၿပီး ေဆာင္႐ြက္မွအဆင္ေျပတတ္ပါတယ္။

လူမ်ိဳးျခား၊တစ္စိမ္းတရံေတြကိုဇြတ္မယုံသင့္ပါဘူး။ မိမိကံက ဒီကာလမွာအလိမ္ခံရတတ္လို႔ သတိေပးတာပါ ဗ်။ အလုပ္နဲ႔ပတ္သက္ၿပီးေတာ့လဲ အခက္အခဲေတြကိုေကာင္းစြာေက်ာ္ျဖတ္သြားႏိုင္ပါလိမ့္မယ္။

မိမိလုပ္ကိုင္ေနတဲ့ ကိုယ္ပိုင္စီးပြားေရးေတြလဲ အထူးပဲတိုးတတ္ပါလိမ့္မယ္။ ဘာသာေရးမေမ့သူေတြ၊ကုသိုလ္မျပတ္လုပ္ေနသူေတြ ပိုမို အဆင္ေျပမဲ့ကာလပါပဲ။ မိမိသြားလိုတဲ့ဘုရားဖူးခရီးေတြရွိရင္လဲ ဒီကာလမွာသြားခြင့္ႀကဳံတတ္ပါတယ္။

က်န္းမာ ေရးကေတာ့ အပူေၾကာင့္ျဖစ္တဲ့ေရာဂါေတြျဖစ္လြယ္တယ္။ အေရျပားမွာအပူနာေလးေတြေပါက္တတ္ပါတယ္။ အခ်စ္ေရးကေတာ့ မိမိဆႏၵေတြကို ခ်စ္သူကအေကာင္အထည္ေဖာ္ေပးပါလိမ့္မယ္။ အိမ္ေထာင္ေရးရန္ျဖစ္လိုက္ ျပန္တည့္လိုက္ပါပဲ ။

ပညာေရးကံအထူးေကာင္းမြန္တာကိုလဲ ေတြ႕ရပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း 1/2/5 အထူးေဟာ ကံသင့္ပါလိမ့္မယ္။ ယၾတာ ထန္းလ်က္ခဲေလးေတြ နီးစပ္ရာေခြးေလးေတြကိုေကြၽးလိုက္ပါ။

အဂၤါ

ဒီကာလအတြင္းကံေကာင္းေနေပမဲ့ နာမည္ႀကီးထမင္းငတ္ဆိုတာမ်ိဳးျဖစ္တတ္ပါ တယ္။ ေငြကိုအသုံးမလြယ္ ပါနဲ႔။ဘယ္သူနဲ႔ျဖစ္​ျဖစ္ ဆက္ဆံေရးေျပလည္ႏိုင္တဲ့ေန႔ရက္ေတြလဲျဖစ္ပါတယ္။ လူခ်စ္လူခင္မ်ားမယ့္ေန႔ရက္ေတြပါ ပဲ။

မိမိလိုအပ္တဲ့အရင္းအႏွီးေတြ ေခ်းငွားလြယ္တဲ့ကာလပါ။ ခရီးကိစၥေတြအဆင္ေျပတတ္ပါတယ္။ အႏုပညာနဲ႔ ပတ္သက္ေသာအလုပ္မ်ားႏွင့္ ေရႏွင့္ဆက္ႏြယ္ေသာအလုပ္မ်ား ပိုမိုတိုးတတ္ႏိုင္တာကိုေတြ႕ရပါတယ္။ က်န္းမာေရး ကေတာ့ အညံ့မရွိသေလာက္ ရွားပါတယ္။

မိမိရဲ႕စိတ္ကူးေတြကို အေကာင္အထည္ေဖာ္ႏိုင္ပါလိမ့္မယ္။အလုပ္ေတြ ခ်ဲ႕ထြင္ႏိုင္ပါလိမ့္ မယ္။ အထူးသတိထားေစခ်င္တာက ဘာလုပ္လုပ္ ေငြႏိုင္မႏိုင္ျပန္ၾကည့္ပါ။ အလုပ္ေတြကႀကီးလာၿပီးေငြကမႏိုင္တာ ၊အေရာင္းအဝယ္ေတြေကာင္းေပမဲ့ အေႂကြးက်တာမ်ိဳးေတြျဖစ္ရတတ္ပါတယ္။

လူငယ္မ်ား အလုပ္ခြင္အတြင္း ခ်မွတ္ထားတဲ့စည္းကမ္းေတြကိုလိုက္နာႏိုင္ေလ အဆင္ေျပေလပါပဲ။ ဆရာသမားေတြ၊ မိမိရဲ႕ အထက္ လူႀကီးေတြဆီ ကအႀကံဉာဏ္ေကာင္းေတြရလာတတ္ပါတယ္။

အခ်စ္ေရးကိစၥေတြမွာေတာ့ ခ်စ္သူက အလုပ္ အေၾကာင္းျပၿပီး မိမိကိုေရွာင္ေနတတ္ပါတယ္။ အိမ္ေထာင္ေရးကံအညံ့မရွိေပမဲ့ အိမ္ေထာင္ဘက္ က်န္းမာ ေရး အားနည္းႏိုင္တာကိုေတြ႕ရပါတယ္။ ပညာေရးမွာေတာ့ မိမိအတြက္အညံ့နည္းပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း 3/6/9 အထူးေဟာ စီးပြားတိုးတတ္မည္။ ယၾတာ ငါးပါးသီလၿမဲေအာင္ေနတာ ဒီတစ္ပါတ္အတြက္ယၾတာပါပဲ။

ဗုဒၶဟူး/ရာဟု

ဒီကာလအတြင္းကိုယ္ပိုင္အလုပ္မ်ား ပုံမွန္အတိုင္းလည္ပတ္ပါ။ အသစ္မစပါနဲ႔။ ကုန္ပစၥည္းအသစ္တင္ မေရာင္းပါ နဲ႔။အြန္လိုင္းစီးပြားေရးေတြ ထင္သေလာက္အဆင္မေျပတဲ့ကာလတစ္ခုပါပဲ။ ရပ္ေဝးကေန ပစၥည္းေတြ မွာမယ္ဆို သတိထားပါ။

လမ္းမွာပ်က္စီးတတ္ပါတယ္။ စက္ကားနဲ႔ ခရီးသြားလုပ္ကိုင္ေနသူမ်ား အလုပ္အဆင္ေျပ ေပမဲ့ စက္ကားပ်က္တတ္တာေၾကာင့္ ခရီးမတြင္သလိုျဖစ္ရတတ္ပါ တယ္။ က်န္းမာေရးနဲ႔ပက္သက္ၿပီး အားနည္း ခ်က္ေတြက ဒီကာလမွာမ်ားပါတယ္။

ကိုယ္တိုင္ေနေကာင္းက်န္းမာ ေအာင္ဂ႐ုစိုက္ပါလို႔ပဲမွာခ်င္ပါတယ္။ မိမိ အတြက္ လိင္ကိစၥေတြမရႈပ္ဖို႔အထူးသတိေပးခ်င္ပါတယ္။ ခပ္ကင္းကင္းေနသူေတြက ျပႆနာမရွိေပမဲ့အနည္းငယ္ပါဝင္ပတ္သက္မိရင္ေတာ့ျပႆနာျဖစ္လာတတ္တဲ့ေန႔ရက္ေတြပါပဲ။

ရပ္ေဝးနဲ႔ဆက္စပ္ လုပ္ကိုင္ရတဲ့ အလုပ္ ေတြကအဆင္မေျပတတ္ပါဘူး။ ရပ္ေဝးကမိတ္ေဆြေတြဖုန္းဆက္ပိုက္ဆံေခ်းရင္သတိထားပါ။ အစားအေသာက္ ေတြ စားရင္ စားေနက်အရာမဟုတ္ရင္သတိထားပါလို႔တိုက္တြန္းလိုက္ပါရေစ။

ေအာက္လက္ငယ္သားေတြက မိမိ မခိုင္းဘဲနဲ႔ အလိုက္တသိလုပ္ေပးထားတဲ့ ကိစၥေတြကသူတို႔ကေစတနာနဲ႔ လုပ္ေပမဲ့ အလြဲေတြျဖစ္ရတတ္ပါတယ္။ အခ်စ္ေရးကံမညံ့ပါ။အဆင္ေျပပါလိမ့္မယ္။

အိမ္ေထာင္ေရးလဲ သာယာေပ်ာ္ ႐ြင္ရ ပါလိမ့္မယ္။ ပညာေရး အထူး တိုးတတ္ႏိုင္ပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း 4/8/3 အထူးေဟာ ၿငိမ္ေနတာအေကာင္းဆုံးပါပဲ။ ယၾတာ ဓာတ္ဆားရည္တစ္ထုပ္ မိတ္ေဆြတစ္ဦးကို လႉဒါန္းလိုက္ပါ။

ၾကာသပေတး

ဒီကာလအတြင္း သားသမီးမ်ားအတြက္ေငြ ထြက္ရတတ္ပါတယ္။ ခရီးေတြလဲ မထင္မွတ္ဘဲ ထြက္ရတတ္ပါ တယ္။ မိမိမသြားလိုတဲ့ ခရီးမ်ိဳးလဲျဖစ္ရင္ ျဖစ္ပါလိမ့္ မယ္။ စိတ္ပင္ပန္းရာကေန လူႏုန္းၿပီး ဖ်ားနာရတတ္ပါတယ္။

ဒီကာလမွာဖ်ားနာမိရင္ အဖ်ားနာတာရွည္ျဖစ္လြယ္ ပါတယ္။ ကိုယ္ပိုင္စီးပြားေရးမ်ား လူယုံဒုကၡေပးတတ္ပါတယ္။ ဝန္ထမ္းမၿမဲတာ၊ လုပ္သက္ၾကာေနၿပီျဖစ္တဲ့ ဝန္ထမ္း ေတြထြက္သြားတာမ်ိဳးေတြလဲ ႀကဳံရတတ္ပါတယ္။ေငြေၾကး ကို မလိုအပ္တာေတြဝယ္ၿပီး သုံးေနမိတတ္ပါတယ္။

လိုခ်င္တာနဲ႔လိုအပ္တာမကြဲျပားတဲ့ကာလပါ။ မိမိ အတြက္ ရည္႐ြယ္ထားတာေလးေတြ၊စိတ္ကူးထားတာေလးေတြရွိရင္ အေကာင္အထည္ မေဖာ္ပါနဲ႔အုံး။ လုပ္လက္စ အလုပ္ ေတြနဲ႔တင္ မအားလပ္ႏိုင္ျဖစ္ရတတ္လို႔ပါပဲ။

လူငယ္ေတြဆိုရင္ေတာ့ လုပ္သေလာက္အက်ိဳးမခံစားရဘူး ဆို ၿပီး မိမိအလုပ္အေပၚအျပစ္ျမင္ေနမိတတ္ပါတယ္။ ဒါကေကာင္းတဲ့လကၡဏာ ေတာ့မဟုတ္ပါဘူး။ အထက္ လူႀကီး နဲ႔ ျပႆနာတတ္ရသည္ထိျဖစ္ရတတ္ပါတယ္။

အခ်စ္ေရးနဲ႔ပတ္သက္ၿပီးအလြန္မွစိတ္ခ်မ္းသာရမွာလိမ့္မယ္။ ေဝးကြာ အဆက္အသြယ္ျပတ္ေနတဲ့ခ်စ္သူနဲ႔ျပန္ဆုံရတတ္ပါတယ္။ အိမ္ေထာင္ေရးကေတာ့ အဆင္မေျပတာ မ်ားပါတယ္။ တစ္ေယာက္ကအေလ်ာ့ေပးသည္းခံမွအဆင္ေျပပါလိမ့္မယ္။ ပညာေရးအားနည္းေနခ်ိန္ပါ။

အက်ိဳးေပးဂဏန္း 1/5/8 အထူးေဟာ အနည္းငယ္ပင္ပန္းရတတ္ပါတယ္။ ယၾတာ ဘုရားေက်ာင္းေဆာင္ကို သန႔္ရွင္းပါ။ ဘုရားရွင္ကိုေရသပၸာယ္ပါ။

ေသာၾကာ

ဒီကာလအတြင္း ႏိုင္ငံျခားနဲ႔တိုက္႐ိုက္ဆက္စပ္လုပ္ကိုင္ရေသာအလုပ္ေတြကိုေတာ့ သတိနဲ႔ယွဥ္ၿပီးေဆာင္ ႐ြက္ လိုက္ပါ။အထားမွားၿပီးေပ်ာက္ရွေနတာေတြျပန္ေတြ႕ရတတ္ပါတယ္။ ဘဏ္ကိစၥမ်ားေဆာင္႐ြက္လို႔အဆင္ေျပ တဲ့ကာလပါပဲ။

သမထ၊ဝိပႆနာ ပြားမ်ားသူမ်ား အရင္ကမခံစားဘူးတဲ့ၿငိမ္းေအးမႈေတြကိုရရွိတတ္ပါတယ္။ က်န္းမာေရးကေတာ့ သိပ္ၿပီးညံ့ေနတာမ်ိဳးမေတြ႕မိပါဘူး။ ဆရာအလုပ္ျဖင့္ ရပ္တည္အသက္ေမြးသူမ်ား ပိုမို အဆင္ ေျပတိုးတတ္ပါလိမ့္ မယ္။

ကံၾကမၼာကမိမိကိုမ်က္ႏွာသာေပးပါလိမ့္မယ္။မိမိလုပ္ခ်င္တာေတြလုပ္ႏိုင္သလို မိမိရင္ထဲ ကဆႏၵေတြရွိရင္လဲျပည့္ဝရတတ္ပါတယ္။ အလုပ္ေတြနဲ႔ ပတ္သက္ၿပီး အကူအညီေတြအထူးရမယ္။ ရာထူးတိုးျခင္း၊ ေနရာေကာင္းရျခင္းမ်ိဳးေတြႀကဳံရတတ္ပါတယ္။

ကုသိုလ္ေရးလုပ္မယ္ဆိုလဲ အဘက္ဘက္ ဝိုင္းဝန္ကူညီမဲ့သူေတြနဲ႔ ႀကဳံရတတ္ပါတယ္။ ပရဟိတကိစၥမ်ားအေလးေပးေဆာင္႐ြက္ႏိုင္ပါလိမ့္မယ္။ အလုပ္နဲ႔ပတ္သက္ၿပီးေအာင္ျမင္ ေအာင္စြမ္းေဆာင္ႏိုင္ပါလိမ့္မယ္။

မိမိတတ္လမ္းမွာေႏွာင့္ယွက္ေနတဲ့ ကိစၥေတြကို ေကာင္းစြာေျဖရွင္းသြားႏိုင္ပါ လိမ့္မယ္။ အခ်စ္ေရးကံေကာင္းေနေပမဲ့ ခ်စ္သူနဲ႔ဆုံဖို႔ခက္ခဲပါလိမ့္မယ္။ အိမ္ေထာင္ေရးအတြက္စိတ္ပူစရာမလို ေသးတဲ့ ေန႔ရက္ေတြပါပဲ။ ပညာေရး ကံအျမင့္မားဆုံးကာလေတြပါပဲ။

အက်ိဳးေပးဂဏန္း 2/5/9 အထူးေဟာ ကံျမင့္ေနမည္။ ယၾတာ ဒီကာလအတြင္း ပရိတ္ပ႒ာန္းမ်ားမ်ား႐ြတ္ပြားပါ။

စေန

ဒီကာလအတြင္းမိမိအတြက္ အဆင္ေျပတာေတြမ်ားေနပါလိမ့္မယ္။ မိမိသြားခ်င္တာေတြသြားခြင့္ရသလို မိမိစားခ်င္တာေတြကိုလဲ စားခြင့္ရလာပါလိမ့္မယ္။ ပင္ပန္းခဲ့သမွ် အပန္းေျဖအနားယူခြင့္ေတြရလာတတ္ပါတယ္။

ေအာက္လက္ငယ္သားေတြကို လြန္စြာမွအားကိုးရတတ္ပါတယ္။ အိမ္ေထာင္သည္မ်ား မိမိထက္အရမ္းငယ္သူေတြနဲ႔ ၿငိစြန္းတတ္ပါတယ္။ ေငြေၾကးနဲ႔ပတ္သက္ၿပီး လာဘ္႐ႊင္ပါလိမ့္မယ္။ ပိတ္ေနတဲ့ေငြကံေတြျပန္ပြင့္လာပါလိမ့္မယ္။

မိမိစိတ္ပါဝင္စားစြာ လုပ္ေနတဲ့အလုပ္ေတြကေန အက်ိဳးအျမတ္ေကာင္းစြာရရွိပါလိမ့္မယ္။ေငြေၾကးနဲ႔ပတ္သက္ၿပီး စုေဆာင္းႏိုင္ပါ လိမ့္မယ္။ ခံစားခ်က္နဲ႔လုပ္ရတဲ့ အလုပ္ေတြက ပိုမိုတိုးတတ္ပါလိမ့္မယ္။

တတ္ႏိုင္သမွ်အလုပ္ပင္ပန္း ေနသူေတြ ဒီကာလအတြင္း အဆင္ေျပတဲ့ တစ္ရက္ရက္မွာ relax ျဖစ္ေအာင္ေနလိုက္တာက အားသစ္ေတြကို ရလာပါလိမ့္ မယ္။ ေျမ၊ၿခံ၊တိုက္တာအိုးအိမ္မ်ား ဝယ္ယူမယ္ဆိုရင္လဲ ဒီကာလဟာ ဝယ္ယူလို႔အထူးေကာင္းပါတယ္။

က်န္းမာ ေရးကေတာ့ အညံ့နည္းပါလိမ့္မယ္။ ဒါေပမဲ့ အရက္အလြန္အကြၽံေသာက္ျခင္းကိုေတာ့ ဒီကာလမွာေရွာင္ လိုက္ေစ ခ်င္ပါတယ္။ အခ်စ္ေရးနဲ႔ပက္သက္ၿပီး ခ်စ္သူသစ္ရလြယ္သလို မိမိကိုယ္တိုင္လဲ စန္းပြင့္ေနပါလိမ့္ မယ္။

အိမ္ေထာင္ ေရးကံကေတာ့ သင့္ ပါတယ္။ ပညာေရးကံအားနည္းခ်က္မေတြ႕ရပါဘူး။

အက်ိဳးေပးဂဏန္း 0/3/6 အထူးေဟာ စိတ္ေအးခ်မ္းမည္။ ယၾတာ ႏွင္းဆီပန္း၃ပြင့္ဘုရားကပ္လႉလိုက္ပါ။

၇ရက္သားသမီးအေပါင္း ေကာင္းေသာလိုအင္ဆႏၵေတြျပည့္ဝပါေစ

ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ) 0977 5555 695 09 44 5555 695

Unicode

19.11.2020 မှ 25.11.2020 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

ဒီကာလအတွင်းအပင်ပန်းခံမှအဆင်ပြေမဲ့ကာလတစ်ခုပါပဲ။မိမိတို့ဆီမှာရှိတဲ့ အဖိုးတန်ပစ္စည်းများ လွယ်လင့်တကူ မထားမိပါစေနဲ့။သူများခိုးသွားတတ်ပါတယ်။ ကျန်းမာရေးကတော့ အနည်းငယ်ဂရု စိုက်ဖို့လိုအပ်ပါတယ်။

ကျန်းမာရေးအားနည်းယုတ်လျော့နေ တတ်တဲ့ကာလပါပဲ။မိမိလေးစားရတဲ့ဆရာတွေက မိမိကိုလိမ်သွားတတ်ပါ တယ်။အဝေးနဲ့ချိတ်ဆက်လုပ်ရတဲ့အလုပ်တွေအဆင်မပြေနိုင်သေးပါ။

မိမိအတွက်ကောင်းတာတွေရှိသလို ဆိုးတာ တွေလဲ ရှိနေတတ်ပါတယ်။ အဓိကတော့ ဘယ်သူကိုမှ အထက်စီးကမဆက်ဆံမိပါစေနဲ့။ အောက်လက်ငယ်သားတွေ ပြန်တော်လှန်တာမျိုးတွေကြုံရတတ်ပါ တယ်။

အလုပ်အကြွေးတွေများနေတာကြောင့်လဲ ဖိအားပေးခံရတတ်ပါ တယ်။ တတ်နိုင်သမျှ သည်းခံပြီး ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးနေမှအဆင်ပြေမဲ့ကာလပါပဲ။ အလုပ်တွေကို တစ်ခု လက်စသတ်ပြီးမှ နောက်အလုပ်ကိုလုပ်ကိုင်ပါ။

ဟိုစပ်စပ်ဒီစပ်စပ်လုပ်တာမျိုးတွေကိုတော့ ရှောင်လိုက်စေချင်ပါ တယ်။ အချစ်ရေးကတော့ အကောင်းဆုံး အနေအထားကိုဦးတည်နေပါလိမ့်မယ်။ တတ်နိုင်သ၍ချစ်သူထံကအကူ အညီရ လာတတ်ပါတယ်။

အိမ်ထောင်ရေးကတော့ မိမိနဲ့အိမ်ထောင်ဘက် ဆန်ကျင့်ဘက်တွေဖြစ်နေတာများနေတတ်ပါတယ်။ ပညာရေးမှာတော့ အညံ့မရှိပေမယ့် အားရစရာကောင်းတဲ့အနေအထားမရောက်သေးပါ။

အကျိုးပေးဂဏန်း 7/2/1 အထူးဟော ကံအားနည်းနေမည်။ ယတြာ ကြက်ဥကြော်နှင့်ထမင်းသုတ်ဘုရားကပ်လှူပြီးလိုရာဆုတောင်းပါ။

တနင်္လာ

ဒီလိုရက်တွေမှာတော့ မိမိအတွက်အရင်ကာလတွေနဲ့မတူတဲ့ အသစ်အဆန်းတွေကို လုပ်ကိုင်ဆောင်ရွက် ရတတ်ပါတယ်။ စီးပွားသစ်၊အလုပ်သစ်၊နေရာသစ်၊ဒေသအသစ်နဲ့ အံဝင်ခွင်ကျဖြစ်နေမဲ့ကာလပါပဲ။

ကောင်းတာတွေ လုပ်မယ်ဆိုရင် အဖျက်ဝင်လာတတ်ပါတယ်။ မိမိလုပ်ချင်တာကို တတ်နိုင်သမျှသူများကိုမပြောလိုက်ပါနဲ့။ လုပ်ငန်း ခွင်မှာမိမိလိုချင်တဲ့ကိစ္စတွေကို ဆရာသမားတွေ၊လူကြီးတွေဆီကနေတဆင့်ခံပြီး ဆောင်ရွက်မှအဆင်ပြေတတ်ပါတယ်။

လူမျိုးခြား၊တစ်စိမ်းတရံတွေကိုဇွတ်မယုံသင့်ပါဘူး။ မိမိကံက ဒီကာလမှာအလိမ်ခံရတတ်လို့ သတိပေးတာပါ ဗျ။ အလုပ်နဲ့ပတ်သက်ပြီးတော့လဲ အခက်အခဲတွေကိုကောင်းစွာကျော်ဖြတ်သွားနိုင်ပါလိမ့်မယ်။

မိမိလုပ်ကိုင်နေတဲ့ ကိုယ်ပိုင်စီးပွားရေးတွေလဲ အထူးပဲတိုးတတ်ပါလိမ့်မယ်။ ဘာသာရေးမမေ့သူတွေ၊ကုသိုလ်မပြတ်လုပ်နေသူတွေ ပိုမို အဆင်ပြေမဲ့ကာလပါပဲ။ မိမိသွားလိုတဲ့ဘုရားဖူးခရီးတွေရှိရင်လဲ ဒီကာလမှာသွားခွင့်ကြုံတတ်ပါတယ်။

ကျန်းမာ ရေးကတော့ အပူကြောင့်ဖြစ်တဲ့ရောဂါတွေဖြစ်လွယ်တယ်။ အရေပြားမှာအပူနာလေးတွေပေါက်တတ်ပါတယ်။ အချစ်ရေးကတော့ မိမိဆန္ဒတွေကို ချစ်သူကအကောင်အထည်ဖော်ပေးပါလိမ့်မယ်။ အိမ်ထောင်ရေးရန်ဖြစ်လိုက် ပြန်တည့်လိုက်ပါပဲ ။

ပညာရေးကံအထူးကောင်းမွန်တာကိုလဲ တွေ့ရပါလိမ့်မယ်။

အကျိုးပေးဂဏန်း 1/2/5 အထူးဟော ကံသင့်ပါလိမ့်မယ်။ ယတြာ ထန်းလျက်ခဲလေးတွေ နီးစပ်ရာခွေးလေးတွေကိုကျွေးလိုက်ပါ။

အင်္ဂါ

ဒီကာလအတွင်းကံကောင်းနေပေမဲ့ နာမည်ကြီးထမင်းငတ်ဆိုတာမျိုးဖြစ်တတ်ပါ တယ်။ ငွေကိုအသုံးမလွယ် ပါနဲ့။ဘယ်သူနဲ့ဖြစ်ဖြစ် ဆက်ဆံရေးပြေလည်နိုင်တဲ့နေ့ရက်တွေလဲဖြစ်ပါတယ်။ လူချစ်လူခင်များမယ့်နေ့ရက်တွေပါ ပဲ။

မိမိလိုအပ်တဲ့အရင်းအနှီးတွေ ချေးငှားလွယ်တဲ့ကာလပါ။ ခရီးကိစ္စတွေအဆင်ပြေတတ်ပါတယ်။ အနုပညာနဲ့ ပတ်သက်သောအလုပ်များနှင့် ရေနှင့်ဆက်နွယ်သောအလုပ်များ ပိုမိုတိုးတတ်နိုင်တာကိုတွေ့ရပါတယ်။ ကျန်းမာရေး ကတော့ အညံ့မရှိသလောက် ရှားပါတယ်။

မိမိရဲ့စိတ်ကူးတွေကို အကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။အလုပ်တွေ ချဲ့ထွင်နိုင်ပါလိမ့် မယ်။ အထူးသတိထားစေချင်တာက ဘာလုပ်လုပ် ငွေနိုင်မနိုင်ပြန်ကြည့်ပါ။ အလုပ်တွေကကြီးလာပြီးငွေကမနိုင်တာ ၊အရောင်းအဝယ်တွေကောင်းပေမဲ့ အကြွေးကျတာမျိုးတွေဖြစ်ရတတ်ပါတယ်။

လူငယ်များ အလုပ်ခွင်အတွင်း ချမှတ်ထားတဲ့စည်းကမ်းတွေကိုလိုက်နာနိုင်လေ အဆင်ပြေလေပါပဲ။ ဆရာသမားတွေ၊ မိမိရဲ့ အထက် လူကြီးတွေဆီ ကအကြံဉာဏ်ကောင်းတွေရလာတတ်ပါတယ်။

အချစ်ရေးကိစ္စတွေမှာတော့ ချစ်သူက အလုပ် အကြောင်းပြပြီး မိမိကိုရှောင်နေတတ်ပါတယ်။ အိမ်ထောင်ရေးကံအညံ့မရှိပေမဲ့ အိမ်ထောင်ဘက် ကျန်းမာ ရေး အားနည်းနိုင်တာကိုတွေ့ရပါတယ်။ ပညာရေးမှာတော့ မိမိအတွက်အညံ့နည်းပါလိမ့်မယ်။

အကျိုးပေးဂဏန်း 3/6/9 အထူးဟော စီးပွားတိုးတတ်မည်။ ယတြာ ငါးပါးသီလမြဲအောင်နေတာ ဒီတစ်ပါတ်အတွက်ယတြာပါပဲ။

ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်းကိုယ်ပိုင်အလုပ်များ ပုံမှန်အတိုင်းလည်ပတ်ပါ။ အသစ်မစပါနဲ့။ ကုန်ပစ္စည်းအသစ်တင် မရောင်းပါ နဲ့။အွန်လိုင်းစီးပွားရေးတွေ ထင်သလောက်အဆင်မပြေတဲ့ကာလတစ်ခုပါပဲ။ ရပ်ဝေးကနေ ပစ္စည်းတွေ မှာမယ်ဆို သတိထားပါ။

လမ်းမှာပျက်စီးတတ်ပါတယ်။ စက်ကားနဲ့ ခရီးသွားလုပ်ကိုင်နေသူများ အလုပ်အဆင်ပြေ ပေမဲ့ စက်ကားပျက်တတ်တာကြောင့် ခရီးမတွင်သလိုဖြစ်ရတတ်ပါ တယ်။ ကျန်းမာရေးနဲ့ပက်သက်ပြီး အားနည်း ချက်တွေက ဒီကာလမှာများပါတယ်။

ကိုယ်တိုင်နေကောင်းကျန်းမာ အောင်ဂရုစိုက်ပါလို့ပဲမှာချင်ပါတယ်။ မိမိ အတွက် လိင်ကိစ္စတွေမရှုပ်ဖို့အထူးသတိပေးချင်ပါတယ်။ ခပ်ကင်းကင်းနေသူတွေက ပြဿနာမရှိပေမဲ့အနည်းငယ်ပါဝင်ပတ်သက်မိရင်တော့ပြဿနာဖြစ်လာတတ်တဲ့နေ့ရက်တွေပါပဲ။

ရပ်ဝေးနဲ့ဆက်စပ် လုပ်ကိုင်ရတဲ့ အလုပ် တွေကအဆင်မပြေတတ်ပါဘူး။ ရပ်ဝေးကမိတ်ဆွေတွေဖုန်းဆက်ပိုက်ဆံချေးရင်သတိထားပါ။ အစားအသောက် တွေ စားရင် စားနေကျအရာမဟုတ်ရင်သတိထားပါလို့တိုက်တွန်းလိုက်ပါရစေ။

အောက်လက်ငယ်သားတွေက မိမိ မခိုင်းဘဲနဲ့ အလိုက်တသိလုပ်ပေးထားတဲ့ ကိစ္စတွေကသူတို့ကစေတနာနဲ့ လုပ်ပေမဲ့ အလွဲတွေဖြစ်ရတတ်ပါတယ်။ အချစ်ရေးကံမညံ့ပါ။အဆင်ပြေပါလိမ့်မယ်။

အိမ်ထောင်ရေးလဲ သာယာပျော် ရွင်ရ ပါလိမ့်မယ်။ ပညာရေး အထူး တိုးတတ်နိုင်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း 4/8/3 အထူးဟော ငြိမ်နေတာအကောင်းဆုံးပါပဲ။ ယတြာ ဓာတ်ဆားရည်တစ်ထုပ် မိတ်ဆွေတစ်ဦးကို လှူဒါန်းလိုက်ပါ။

ကြာသပတေး

ဒီကာလအတွင်း သားသမီးများအတွက်ငွေ ထွက်ရတတ်ပါတယ်။ ခရီးတွေလဲ မထင်မှတ်ဘဲ ထွက်ရတတ်ပါ တယ်။ မိမိမသွားလိုတဲ့ ခရီးမျိုးလဲဖြစ်ရင် ဖြစ်ပါလိမ့် မယ်။ စိတ်ပင်ပန်းရာကနေ လူနုန်းပြီး ဖျားနာရတတ်ပါတယ်။

ဒီကာလမှာဖျားနာမိရင် အဖျားနာတာရှည်ဖြစ်လွယ် ပါတယ်။ ကိုယ်ပိုင်စီးပွားရေးများ လူယုံဒုက္ခပေးတတ်ပါတယ်။ ဝန်ထမ်းမမြဲတာ၊ လုပ်သက်ကြာနေပြီဖြစ်တဲ့ ဝန်ထမ်း တွေထွက်သွားတာမျိုးတွေလဲ ကြုံရတတ်ပါတယ်။ငွေကြေး ကို မလိုအပ်တာတွေဝယ်ပြီး သုံးနေမိတတ်ပါတယ်။

လိုချင်တာနဲ့လိုအပ်တာမကွဲပြားတဲ့ကာလပါ။ မိမိ အတွက် ရည်ရွယ်ထားတာလေးတွေ၊စိတ်ကူးထားတာလေးတွေရှိရင် အကောင်အထည် မဖော်ပါနဲ့အုံး။ လုပ်လက်စ အလုပ် တွေနဲ့တင် မအားလပ်နိုင်ဖြစ်ရတတ်လို့ပါပဲ။

လူငယ်တွေဆိုရင်တော့ လုပ်သလောက်အကျိုးမခံစားရဘူး ဆို ပြီး မိမိအလုပ်အပေါ်အပြစ်မြင်နေမိတတ်ပါတယ်။ ဒါကကောင်းတဲ့လက္ခဏာ တော့မဟုတ်ပါဘူး။ အထက် လူကြီး နဲ့ ပြဿနာတတ်ရသည်ထိဖြစ်ရတတ်ပါတယ်။

အချစ်ရေးနဲ့ပတ်သက်ပြီးအလွန်မှစိတ်ချမ်းသာရမှာလိမ့်မယ်။ ဝေးကွာ အဆက်အသွယ်ပြတ်နေတဲ့ချစ်သူနဲ့ပြန်ဆုံရတတ်ပါတယ်။ အိမ်ထောင်ရေးကတော့ အဆင်မပြေတာ များပါတယ်။ တစ်ယောက်ကအလျော့ပေးသည်းခံမှအဆင်ပြေပါလိမ့်မယ်။ ပညာရေးအားနည်းနေချိန်ပါ။

အကျိုးပေးဂဏန်း 1/5/8 အထူးဟော အနည်းငယ်ပင်ပန်းရတတ်ပါတယ်။ ယတြာ ဘုရားကျောင်းဆောင်ကို သန့်ရှင်းပါ။ ဘုရားရှင်ကိုရေသပ္ပာယ်ပါ။

သောကြာ

ဒီကာလအတွင်း နိုင်ငံခြားနဲ့တိုက်ရိုက်ဆက်စပ်လုပ်ကိုင်ရသောအလုပ်တွေကိုတော့ သတိနဲ့ယှဉ်ပြီးဆောင် ရွက် လိုက်ပါ။အထားမှားပြီးပျောက်ရှနေတာတွေပြန်တွေ့ရတတ်ပါတယ်။ ဘဏ်ကိစ္စများဆောင်ရွက်လို့အဆင်ပြေ တဲ့ကာလပါပဲ။

သမထ၊ဝိပဿနာ ပွားများသူများ အရင်ကမခံစားဘူးတဲ့ငြိမ်းအေးမှုတွေကိုရရှိတတ်ပါတယ်။ ကျန်းမာရေးကတော့ သိပ်ပြီးညံ့နေတာမျိုးမတွေ့မိပါဘူး။ ဆရာအလုပ်ဖြင့် ရပ်တည်အသက်မွေးသူများ ပိုမို အဆင် ပြေတိုးတတ်ပါလိမ့် မယ်။

ကံကြမ္မာကမိမိကိုမျက်နှာသာပေးပါလိမ့်မယ်။မိမိလုပ်ချင်တာတွေလုပ်နိုင်သလို မိမိရင်ထဲ ကဆန္ဒတွေရှိရင်လဲပြည့်ဝရတတ်ပါတယ်။ အလုပ်တွေနဲ့ ပတ်သက်ပြီး အကူအညီတွေအထူးရမယ်။ ရာထူးတိုးခြင်း၊ နေရာကောင်းရခြင်းမျိုးတွေကြုံရတတ်ပါတယ်။

ကုသိုလ်ရေးလုပ်မယ်ဆိုလဲ အဘက်ဘက် ဝိုင်းဝန်ကူညီမဲ့သူတွေနဲ့ ကြုံရတတ်ပါတယ်။ ပရဟိတကိစ္စများအလေးပေးဆောင်ရွက်နိုင်ပါလိမ့်မယ်။ အလုပ်နဲ့ပတ်သက်ပြီးအောင်မြင် အောင်စွမ်းဆောင်နိုင်ပါလိမ့်မယ်။

မိမိတတ်လမ်းမှာနှောင့်ယှက်နေတဲ့ ကိစ္စတွေကို ကောင်းစွာဖြေရှင်းသွားနိုင်ပါ လိမ့်မယ်။ အချစ်ရေးကံကောင်းနေပေမဲ့ ချစ်သူနဲ့ဆုံဖို့ခက်ခဲပါလိမ့်မယ်။ အိမ်ထောင်ရေးအတွက်စိတ်ပူစရာမလို သေးတဲ့ နေ့ရက်တွေပါပဲ။ ပညာရေး ကံအမြင့်မားဆုံးကာလတွေပါပဲ။

အကျိုးပေးဂဏန်း 2/5/9 အထူးဟော ကံမြင့်နေမည်။ ယတြာ ဒီကာလအတွင်း ပရိတ်ပဋ္ဌာန်းများများရွတ်ပွားပါ။

စနေ

ဒီကာလအတွင်းမိမိအတွက် အဆင်ပြေတာတွေများနေပါလိမ့်မယ်။ မိမိသွားချင်တာတွေသွားခွင့်ရသလို မိမိစားချင်တာတွေကိုလဲ စားခွင့်ရလာပါလိမ့်မယ်။ ပင်ပန်းခဲ့သမျှ အပန်းဖြေအနားယူခွင့်တွေရလာတတ်ပါတယ်။

အောက်လက်ငယ်သားတွေကို လွန်စွာမှအားကိုးရတတ်ပါတယ်။ အိမ်ထောင်သည်များ မိမိထက်အရမ်းငယ်သူတွေနဲ့ ငြိစွန်းတတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီး လာဘ်ရွှင်ပါလိမ့်မယ်။ ပိတ်နေတဲ့ငွေကံတွေပြန်ပွင့်လာပါလိမ့်မယ်။

မိမိစိတ်ပါဝင်စားစွာ လုပ်နေတဲ့အလုပ်တွေကနေ အကျိုးအမြတ်ကောင်းစွာရရှိပါလိမ့်မယ်။ငွေကြေးနဲ့ပတ်သက်ပြီး စုဆောင်းနိုင်ပါ လိမ့်မယ်။ ခံစားချက်နဲ့လုပ်ရတဲ့ အလုပ်တွေက ပိုမိုတိုးတတ်ပါလိမ့်မယ်။

တတ်နိုင်သမျှအလုပ်ပင်ပန်း နေသူတွေ ဒီကာလအတွင်း အဆင်ပြေတဲ့ တစ်ရက်ရက်မှာ relax ဖြစ်အောင်နေလိုက်တာက အားသစ်တွေကို ရလာပါလိမ့် မယ်။ မြေ၊ခြံ၊တိုက်တာအိုးအိမ်များ ဝယ်ယူမယ်ဆိုရင်လဲ ဒီကာလဟာ ဝယ်ယူလို့အထူးကောင်းပါတယ်။

ကျန်းမာ ရေးကတော့ အညံ့နည်းပါလိမ့်မယ်။ ဒါပေမဲ့ အရက်အလွန်အကျွံသောက်ခြင်းကိုတော့ ဒီကာလမှာရှောင် လိုက်စေ ချင်ပါတယ်။ အချစ်ရေးနဲ့ပက်သက်ပြီး ချစ်သူသစ်ရလွယ်သလို မိမိကိုယ်တိုင်လဲ စန်းပွင့်နေပါလိမ့် မယ်။

အိမ်ထောင် ရေးကံကတော့ သင့် ပါတယ်။ ပညာရေးကံအားနည်းချက်မတွေ့ရပါဘူး။

အကျိုးပေးဂဏန်း 0/3/6 အထူးဟော စိတ်အေးချမ်းမည်။ ယတြာ နှင်းဆီပန်း၃ပွင့်ဘုရားကပ်လှူလိုက်ပါ။

၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 09 44 5555 695

Be the first to comment

Leave a Reply

Your email address will not be published.


*