ေပါင္မုန္႔နဲ႔ အသားေတြထဲ သံေခ်ာင္းေတြထည့္ေကြၽးၿပီး သနားစရာလမ္းေဘးေခြးေလးေတြကို ရက္စက္လိုက္တဲ့ျဖစ္ရပ္

ေပါင္မုန္႔နဲ႔ အသားေတြထဲ သံေခ်ာင္းေတြထည့္ေကြၽးၿပီး သနားစရာ လမ္းေဘးေခြးေလးေတြကို ရက္စက္လိုက္တဲ့ျဖစ္ရပ္ဒီေန႔မွာ ေျပာျပေပးသြားမွာကေတာ့

သနားစရာ လမ္းေဘးေခြးေလးေတြကို ေပါင္မုန႔္ေတြ အသားေတြထဲ သံေတြ အပ္ေခ်ာင္းေတြ ထည့္ေကြၽးတဲ့ လူမဆန္တဲ့ လုပ္ရပ္မ်ားပဲ ျဖစ္ပါတယ္။

လမ္းေဘးေခြးေတြက သူမ်ား ေကြၽးမွ ေပးမွ စားရတဲ့ ဘဝေလးေတြပါ။နဂိုက ကံမေကာင္းလို႔ အိမ္ေမြးေခြး မျဖစ္ႏိုင္ေပမယ့္ သူတို႔ဘဝေလးကို သူတို႔ဘာသာ လမ္းေဘးမွာ ရွာစားေနၾကရတာပါ။

လူေတြနဲ႔ အတူႏွစ္ေပါင္းေျမာက္မ်ားစြာ အတူေနလာခဲ့ၾကတဲ့ တိရစာၦန္ေတြထဲမွာ ဆိုရင္ ေခြးေလးေတြက အဓိကပဲလို႔ ေျပာရေလာက္ေအာင္ပါပဲ ။

ေခြးေလးေတြဟာ လူေတြအေပၚအသိတတ္ဆုံး ၊ အကူညီဆုံး တိရစာၦန္ျဖစ္ၾကေပမဲ့လည္း လူေတြက စြန႔္က်ဲမွ စားေသာက္ရတဲ့ အေကာင္ေလးေတြပါ ။ထို႔အတူပါပဲ ယခုလိုလမ္းေဘးေခြးေတြတိုးပြားလာရျခင္းကေတာ့ လူေတြေၾကာင့္ပါပဲ ။

လူေတြဟာ ေခြးေလးေတြကို ေမြးျမဴထားၿပီး ေနာက္ပိုင္းမေကြၽးေမြးႏိုင္ေတာ့လို႔ လမ္းေဘးေတြမွာျဖစ္သလိုပစ္ထားခဲ့ၾကလို႔ ယခုလိုလမ္းေဘးေခြးေလးေတြ ပြားမ်ားလာရျခင္းျဖစ္ပါတယ္။

ထို႔ေၾကာင့္ လမ္းေဘးေခြးေတြ ေလ်ာ့က်သြားဖို႔ အဆိပ္ေတြေကြၽးျခင္း ၊ သတ္ပစ္ျခင္း တို႔လုပ္ခဲ့ၾကေပမဲ့လည္း ဒီတစ္ေခါက္ေဖာ္ျပမဲ့ အျဖစ္အပ်က္ကေတာ့ ထင္ထားတာထက္ကို ဆိုး႐ြားလြန္းလွပါတယ္ ။

အစားအစာေတြငတ္မြတ္ေနတဲ့လမ္းေဘးေခြးေတြကို သံေခ်ာင္းေတြ ၊ အပ္ေခ်ာင္းေတြ ထိုးစိုက္ထားတဲ့ ေပါင္မုန႔္ေတြကို ပစ္ေကြၽးခဲ့လို႔ပါပဲ ။

ထို႔ေၾကာင့္ ငတ္မြတ္ေနတဲ့ ေခြးေလးေတြက ေပါင္မုန႔္ေတြကိုစားေသာက္ရင္း အခန႔္မသင့္ သံေခ်ာင္းေလးေတြမ်ိဳးခ်မိၿပီး ၊ဘားမွမသိလိုက္ဘဲ အခ်ိန္အေတာ္ၾကာ နာက်င္မႈေတြကိုခံစားခဲ့ရၿပီးမွသာ ေသဆုံးသြားရလို႔ပါပဲ ။

ေခြးေလးေတြကို မေကြၽးခ်င္ေနပါ ယခုလိုလုပ္ရက္ကေတာ့ အေတာ္ေလးႏွိပ္စက္လြန္းရာေရာက္လြန္းပါတယ္ ။

ေခြးေလးေတြကို ကူညီခ်င္တယ္ဆိုရင္ သူတို႔ကိုလက္ခံေပးႏိုင္မယ့္ ေခြးေဂဟာေလးေတြရွိတဲ့အတြက္ ေခြးေလးေတြကို တတ္ႏိုင္တဲ့ဘက္ကေနသာ ကူညီေပးၾကဖို႔ ေတာင္းဆိုလိုက္ရပါတယ္။လမ္းေဘးေခြးေလးေတြကို မခ်စ္ရင္ေနပါ။

မရက္စက္ၾကပါနဲ႔။ တခ်ိဳ႕ဆို အဆိပ္ေကြၽးတာေတြေတာင္ ရွိပါေသးတယ္။

သူတို႔ေလးေတြက အိမ္ေမြးေခြးေလးေတြလို မိုး႐ြာရင္ သခင္ရဲ႕အနားသြားၿပီး ခြၽဲပိုင္ခြင့္ေတြ၊ မိုးၿခိမ္းရင္ဖက္ထားေပးမယ့္ သခင္၊ ေဆာင္းတြင္းမွာ ေအးရင္ေစာင္အတူတူၿခဳံမယ့္ သခင္၊ သူတို႔ေလးေတြနဲ႔ ေႏြရာသီမွာ လမ္းထြက္ေလွ်ာကိ ထြက္ေဆာ့ေပးမယ့္သခင္၊

အႏၲရာယ္ျဖစ္ရင္ ကာကြယ္ေပးမယ့္သခင္ မရွိၾကပါဘူး။ ဒါေၾကာင့္ ထပ္ၿပီး မရက္စက္ၾကပါနဲ႔။

ဖတ္ရႈ႕အားေပးခဲ့ၾကတဲ့ ခ်စ္ပရိသတ္ႀကီးေရ ဒီစာေလးဖတ္ၿပီး စိတ္ထဲ ရသ တခုခု က်န္ရစ္ေနမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ပရိသတ္ႀကီးအားလုံး ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာခ်မ္းသာၾကၿပီး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ရက္ေလးကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုမြန္ေကာင္း ေတာင္းေပးလိုက္ပါတယ္။

ခရက္ဒစ္ Jasmine (Mckzone Daily)

Unicode

ပေါင်မုန့်နဲ့ အသားတွေထဲ သံချောင်းတွေထည့်ကျွေးပြီး သနားစရာ လမ်းဘေးခွေးလေးတွေကို ရက်စက်လိုက်တဲ့ဖြစ်ရပ်ဒီနေ့မှာ ပြောပြပေးသွားမှာကတော့

သနားစရာ လမ်းဘေးခွေးလေးတွေကို ပေါင်မုန့်တွေ အသားတွေထဲ သံတွေ အပ်ချောင်းတွေ ထည့်ကျွေးတဲ့ လူမဆန်တဲ့ လုပ်ရပ်များပဲ ဖြစ်ပါတယ်။

လမ်းဘေးခွေးတွေက သူများ ကျွေးမှ ပေးမှ စားရတဲ့ ဘဝလေးတွေပါ။နဂိုက ကံမကောင်းလို့ အိမ်မွေးခွေး မဖြစ်နိုင်ပေမယ့် သူတို့ဘဝလေးကို သူတို့ဘာသာ လမ်းဘေးမှာ ရှာစားနေကြရတာပါ။

လူတွေနဲ့ အတူနှစ်ပေါင်းမြောက်များစွာ အတူနေလာခဲ့ကြတဲ့ တိရစ္ဆာန်တွေထဲမှာ ဆိုရင် ခွေးလေးတွေက အဓိကပဲလို့ ပြောရလောက်အောင်ပါပဲ ။

ခွေးလေးတွေဟာ လူတွေအပေါ်အသိတတ်ဆုံး ၊ အကူညီဆုံး တိရစ္ဆာန်ဖြစ်ကြပေမဲ့လည်း လူတွေက စွန့်ကျဲမှ စားသောက်ရတဲ့ အကောင်လေးတွေပါ ။ထို့အတူပါပဲ ယခုလိုလမ်းဘေးခွေးတွေတိုးပွားလာရခြင်းကတော့ လူတွေကြောင့်ပါပဲ ။

လူတွေဟာ ခွေးလေးတွေကို မွေးမြူထားပြီး နောက်ပိုင်းမကျွေးမွေးနိုင်တော့လို့ လမ်းဘေးတွေမှာဖြစ်သလိုပစ်ထားခဲ့ကြလို့ ယခုလိုလမ်းဘေးခွေးလေးတွေ ပွားများလာရခြင်းဖြစ်ပါတယ်။

ထို့ကြောင့် လမ်းဘေးခွေးတွေ လျော့ကျသွားဖို့ အဆိပ်တွေကျွေးခြင်း ၊ သတ်ပစ်ခြင်း တို့လုပ်ခဲ့ကြပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ အဖြစ်အပျက်ကတော့ ထင်ထားတာထက်ကို ဆိုးရွားလွန်းလှပါတယ် ။

အစားအစာတွေငတ်မွတ်နေတဲ့လမ်းဘေးခွေးတွေကို သံချောင်းတွေ ၊ အပ်ချောင်းတွေ ထိုးစိုက်ထားတဲ့ ပေါင်မုန့်တွေကို ပစ်ကျွေးခဲ့လို့ပါပဲ ။

ထို့ကြောင့် ငတ်မွတ်နေတဲ့ ခွေးလေးတွေက ပေါင်မုန့်တွေကိုစားသောက်ရင်း အခန့်မသင့် သံချောင်းလေးတွေမျိုးချမိပြီး ၊ဘားမှမသိလိုက်ဘဲ အချိန်အတော်ကြာ နာကျင်မှုတွေကိုခံစားခဲ့ရပြီးမှသာ သေဆုံးသွားရလို့ပါပဲ ။

ခွေးလေးတွေကို မကျွေးချင်နေပါ ယခုလိုလုပ်ရက်ကတော့ အတော်လေးနှိပ်စက်လွန်းရာရောက်လွန်းပါတယ် ။

ခွေးလေးတွေကို ကူညီချင်တယ်ဆိုရင် သူတို့ကိုလက်ခံပေးနိုင်မယ့် ခွေးဂေဟာလေးတွေရှိတဲ့အတွက် ခွေးလေးတွေကို တတ်နိုင်တဲ့ဘက်ကနေသာ ကူညီပေးကြဖို့ တောင်းဆိုလိုက်ရပါတယ်။လမ်းဘေးခွေးလေးတွေကို မချစ်ရင်နေပါ။

မရက်စက်ကြပါနဲ့။ တချို့ဆို အဆိပ်ကျွေးတာတွေတောင် ရှိပါသေးတယ်။

သူတို့လေးတွေက အိမ်မွေးခွေးလေးတွေလို မိုးရွာရင် သခင်ရဲ့အနားသွားပြီး ချွဲပိုင်ခွင့်တွေ၊ မိုးခြိမ်းရင်ဖက်ထားပေးမယ့် သခင်၊ ဆောင်းတွင်းမှာ အေးရင်စောင်အတူတူခြုံမယ့် သခင်၊ သူတို့လေးတွေနဲ့ နွေရာသီမှာ လမ်းထွက်လျှောကိ ထွက်ဆော့ပေးမယ့်သခင်၊

အန္တရာယ်ဖြစ်ရင် ကာကွယ်ပေးမယ့်သခင် မရှိကြပါဘူး။ ဒါကြောင့် ထပ်ပြီး မရက်စက်ကြပါနဲ့။

ဖတ်ရှု့အားပေးခဲ့ကြတဲ့ ချစ်ပရိသတ်ကြီးရေ ဒီစာလေးဖတ်ပြီး စိတ်ထဲ ရသ တခုခု ကျန်ရစ်နေမယ်လို့ မျှော်လင့်ပါတယ်။ ပရိသတ်ကြီးအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာယာပျော်ရွှင်တဲ့ နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

ခရက်ဒစ် Jasmine (Mckzone Daily)

Be the first to comment

Leave a Reply

Your email address will not be published.


*