သမီးလေးကြောင့် ရင့်ကျက်လာတယ်၊ အမှားတွေလုပ်မိမှာကြောက်လာတယ်၊ ရဲရင့်လာတယ်ဆိုပြီး သူမဆက်အသက်ရှင်သန်နေရခြင်းရဲ့ အကြောင်းပြချက်ကို ပြောပြခဲ့တဲ့ အေသင်ချိုဆွေ

သီချင်းကောင်းလေးတွေနဲ့ ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ထားကြတဲ့ ပြည်သူ့အသည်းကျော် အနုပညာရှင်ဆယ်လီတွေထဲမှာ အဆိုတော်အေသင်ချိုဆွေကလည်း အပါအဝင်ဖြစ်ပါတယ်နော်..။အောင်မြင်ကျော်ကြားတဲ့

အနုပညာရှင်အဖြစ်ရပ်တည်နေသလို ချစ်စရာကောင်းလွန်းတဲ့ ချစ်စရာသမီးချောလေးနဲ့အတူ ပျော်ရွှင်စွာနဲ့ နေ့ရက်တိုင်းကို ဖြတ်သန်းနေသူလည်း ဖြစ်ပါတယ်နော်..။အေသင်ရဲ့ သမီးလေး အိုင်ဗီလေးကလည်း ပါးပြည့်ပြည့်

ဖောင်းဖောင်းလေးနဲ့ အသည်းယားစရာကောင်းလောက်အောင် ချစ်ဖို့ကောင်းလွန်းပြီး လည်လွန်းတတ်လွန်းတာလေးတွေကြောင့်လည်း အားလုံးက အချစ်ပိုနေကြတာပါ..။သမီးလေးရဲ့ ပုံရိပ်လေးတွေကို အမြဲမှဝေလေ့ရှိတဲ့

အေသင်ကတော့ အခုတစ်ခါမှာလည်း သမီးလေးရဲ့ ချစ်စရာပုံလေးကို ဝေမျှရင်း သူမအသက်ရှင်နေရတဲ့ အကြောင်းအရင်းလေးကို ပြောပြလာပါတယ်နော်..။

“အချစ်များ သူ့ဆီမှာ…ကျွန်မ အသွေးအသား တွေနဲ့…ထုဆစ်ပုံဖော်ထားတဲ့…သက်ရှိ လူသားလေး တယောက်ပါ…သူလေးကြောင့် ကျွန်မ ရင့်ကျက်လာတယ်။ သူလေးကြောင့် ကျွန်မ အမှားတွေ

ထပ်လုပ်မိမှာကို ကြောက်တတ်လာတယ်။ သူလေးကြောင့် ကျွန်မ ရဲရင့်လာတယ်။ ရင်ဆိုင်တိုက်ခိုက်တတ်လာတယ်။ သူလေးက ကျွန်မ ရဲ့ အရာရာပဲ။

သူလေးက ကျွန်မ ဆက်လက်ရှင်သန်နေရတဲ့အကြောင်းအရင်းတခုပဲ။..” ဆိုပြီး သမီးလေးရဲ့ ပုံရိပ်လေးတွေ မျှဝေရင်း ရေးသားပြောပြထားတာ ဖြစ်ပါတယ်နော်..။ပရိသတ်တွေကလည်း အိုင်ဗီလေးကို အချစ်ပို

နေကြသလို သမီးလေးရှေ့မှာ မားမားမတ်မတ်ရပ်တည်နေတဲ့ သူမရဲ့ စိတ်ထားလေးကိုလည်း ချီးကျူးစကားလေးတွေလည်း ဆိုထားကြပါတယ်နော်..။

myanmarload

Be the first to comment

Leave a Reply

Your email address will not be published.


*