သတိပြန်လည်လာပြီဖြစ်တဲ့ ဦးမန်းဝင်းရဲ့ ကျန်းမာရေး အခြေအနေ

ပရိသတ်ကြီးရေ ပရိသတ်တွေကို ရယ်မောပျော်ရွှင်ရအောင် ဟာဒယရွှင်ဆေးတွေတိုက်ကျွေးခဲ့တဲ့ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် ဟာသလူရွှင်တော် ဦးမန်းဝင်းရဲ့

ကျန်မာရေးအခြေအနေကပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကတော်တော်လေးကို ဆိုးရွားနေခဲ့တဲ့ စိတ်မကောင်းစရာသတင်းကိုလည်း ပရိသတ်တွေ သိရှိပြီးသားဖြစ်မှာပါ။

ပရိသတ်တွေကလည်း ဒီသတင်းကြောင့် ဦးမန်းဝင်းရဲ့ ဆိုးရွားလှတဲ့ကျန်မာရေးအခြေအနေတွေပြန်လည်ကောင်းမွန်လာစေဖို့ကို ဝိုင်းဝန်းဆုတောင်းပေးခဲ့ကြပါသေးတယ်။ လတ်တလောမှာတော့ ပရိသတ်တွေရဲ့ ပို့သပေးတဲ့ မေတ္တာကြောင့် ဦးမန်းဝင်ရဲ့ ကျန်းမာရေးအခြေအနေက ပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။

သတိပြန်လည်ရရှိနေခဲ့ပြီး လည်ပင်းဖောက်ထားတာကြောင့် စကားမပြောနိုင်သေးပေမဲ့ ခေါင်းငြိမ့်ခေါင်းခါနဲ့ လက်တွေခြေတွေလှုပ်ရှားနိုင်တဲ့ အခြေအနေထိကို ပြန်လည်ကောင်းမွန်လာခဲ့တာပဲဖြစ်ပါတယ်။

ဦးမန်းဝင်းတစ်ယောက် အခုလို ဆိုးရွားတဲ့ အခြေအနေတွေကနေ ပြန်လည်း ကောင်းမွန်လာတဲ့ အကြောင်းကို သားဖြစ်သူက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ပရိသတ်တွေလည်း ဝမ်းသာရအောင်ဖော်ပြလာခဲ့တာပဲဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။

Be the first to comment

Leave a Reply

Your email address will not be published.


*