ေက်ာက္ျဖဴတြင္ ကိုဗစ္-၁၉ ေရာဂါေၾကာင့္ ဆရာေတာ္ ၁ ပါး ပ်ံလြန္ေတာ္မူ

ရခိုင္ျပည္နယ္၊ ေက်ာက္ျဖဴၿမိဳ႕ ခ႐ိုင္ျပည္သူ႔ေဆး႐ုံႀကီးမွာ တက္ေရာက္ကုသေနတဲ့ ေအာင္ေျမရတနာေက်ာင္းတိုက္က ကိုဗစ္လူနာ ေက်ာင္းထိုင္ဆရာေတာ္ ႏိုဝင္ဘာ ၁၉ ရက္ေန႔ မနက္က ပ်ံလြန္ေတာ္မူသြားတယ္လို႔ သိရပါတယ္။

ဆရာေတာ္မွာ ႏိုဝင္ဘာ ၁၈ ရက္ေန႔ညေနက နာမက်န္းျဖစ္တဲ့အတြက္ လာေရာက္ျပသခဲ့ၿပီးေနာက္ ကိုဗစ္စစ္ေဆးရာမွာ ေရာဂါပိုးေတြ႕ရွိခဲ့လို႔ ေဆး႐ုံႀကီးမွာ ေဆးကုသမႈခံယူေနရာက ေရာဂါလကၡဏာျပင္းထန္တဲ့အတြက္ ႏိုဝင္ဘာ ၁၉ ရက္ေန႔ မနက္မွာ ပ်ံလြန္ေတာ္မူသြားခဲ့တာပါ။

ေက်ာက္ျဖဴခ႐ိုင္ျပည္သူ႔ေဆး႐ုံအုပ္ႀကီး ေဒါက္တာရဲလြင္ေမာင္က “ဆရာေတာ္တစ္ပါးပါ၊ သက္ေတာ္ကေတာ့ ၇၈ ႏွစ္ရွိၿပီ။ ေရာဂါအခံကေတာ့ ဆီးခ်ိဳနဲ႔ ေက်ာက္ကပ္ေရာဂါရွိတယ္။ ႏိုဝင္ဘာလ ၁၉ ရက္ေန႔ မနက္ပိုင္းမွာပဲ ပ်ံလြန္ေတာ္မူသြားတာပါ။” လို႔ ေျပာပါတယ္။

ေက်ာက္ျဖဴၿမိဳ႕နယ္မွာ ႏိုဝင္ဘာ ၁၉ ရက္ေန႔ထိ ကိုဗစ္အတည္ျပဳလူနာ ၃၇၀ ထိ ရွိလာၿပီျဖစ္ကာ ေဆး႐ုံကဆင္းခြင့္ရသူ ၃၅၀ ေက်ာ္နဲ႔ ေဆး႐ုံမွာ ကုသမႈ ခံယူေနရသူ ၂၂ ဦးနဲ႔ ေသဆုံးလူနာ ၃ ဦးထိရွိၿပီလို႔ ေက်ာက္ျဖဴခ႐ိုင္ျပည္သူ႔ေဆး႐ုံအုပ္ႀကီးက ေျပာပါတယ္။

ေနာင္ေနာင္
source;yangonday

Unicode

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ ခရိုင်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ အောင်မြေရတနာကျောင်းတိုက်က ကိုဗစ်လူနာ ကျောင်းထိုင်ဆရာတော် နိုဝင်ဘာ ၁၉ ရက်နေ့ မနက်က ပျံလွန်တော်မူသွားတယ်လို့ သိရပါတယ်။

ဆရာတော်မှာ နိုဝင်ဘာ ၁၈ ရက်နေ့ညနေက နာမကျန်းဖြစ်တဲ့အတွက် လာရောက်ပြသခဲ့ပြီးနောက် ကိုဗစ်စစ်ဆေးရာမှာ ရောဂါပိုးတွေ့ရှိခဲ့လို့ ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရာက ရောဂါလက္ခဏာပြင်းထန်တဲ့အတွက် နိုဝင်ဘာ ၁၉ ရက်နေ့ မနက်မှာ ပျံလွန်တော်မူသွားခဲ့တာပါ။

ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရဲလွင်မောင်က “ဆရာတော်တစ်ပါးပါ၊ သက်တော်ကတော့ ၇၈ နှစ်ရှိပြီ။ ရောဂါအခံကတော့ ဆီးချိုနဲ့ ကျောက်ကပ်ရောဂါရှိတယ်။ နိုဝင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်းမှာပဲ ပျံလွန်တော်မူသွားတာပါ။” လို့ ပြောပါတယ်။

ကျောက်ဖြူမြို့နယ်မှာ နိုဝင်ဘာ ၁၉ ရက်နေ့ထိ ကိုဗစ်အတည်ပြုလူနာ ၃၇၀ ထိ ရှိလာပြီဖြစ်ကာ ဆေးရုံကဆင်းခွင့်ရသူ ၃၅၀ ကျော်နဲ့ ဆေးရုံမှာ ကုသမှု ခံယူနေရသူ ၂၂ ဦးနဲ့ သေဆုံးလူနာ ၃ ဦးထိရှိပြီလို့ ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီးက ပြောပါတယ်။

နောင်နောင်
source;yangonday

Be the first to comment

Leave a Reply

Your email address will not be published.


*