၎ လ​လောက်​ထဲက လမ်း​မ​လျှောက်​နိုင်​​အောင်​ နာ​နေတဲ့ဒူးကို တပါတ်အတွင်း သက်သာစေသည့် ဆေးနည်း

ကိုယ်​​တွေ့မို့ မျှ​ဝေပါရ​စေ လွန်​ခဲ့တဲ့ ၄ လ​လောက်​ထဲက လမ်း​တောင်​မ​လျှောက်​နိုင်​​အောင်​ နာ​နေတဲ့ ဒူး ကျီး​ပေါင်းတက်​တာအထူးကုနဲ့ပြ​/ ​ဆေးမျိုးစုံ​သောက်​/စက်​​တွေနဲ့​လေ့ကျင့်​ခန်းလုပ်​ မ​ပျောက်​လို့ စိတ်​ညစ်​​နေတာ


—————————-







မူရင်းတင်​သူ.U Zaw Oo

naethitmyanmar

ကိုယ်တွေ့မို့ မျှဝေပါရစေ လွန်ခဲ့တဲ့ ၄ လလောက်ထဲက လမ်းတောင်မလျှောက်နိူင်အောင် နာနေတဲ့ ဒူး ကျီးပေါင်းတက်တာအထူးကုနဲ့ပြ/ ဆေးမျိုးစုံသောက်/စက်တွေနဲ့လေ့ကျင့်ခန်းလုပ် မပျောက်လို့ စိတ်ညစ်နေတာ

သူငယ်ချင်းတစ်ယောက်နဲ့တွေ့ပြီး သူ့ကိုယ်တွေ့ဆိုပြီးညွန်းလို့ မယုံပေမဲ့စမ်းကြည့်လိုက်တာ တပတ်အတွင်းလုံးဝနီးပါး ပျောက်သလောက်ဖြစ်သွားလို့ ပြန်လည်မျှဝေပါတယ် မူရင်းတင်သူက သူငယ်ချင်း ကိုဇော်ဦးပါ ကိုယ်တွေ့မို့ စမ်းကြည့်စေချင်တယ်

သူငယ်ချင်း ကိုဇော်ဦး Post
—————————-
သေချာလို့ကြေငြာပါရစေ၂၀၀၅ကစလို့ဒူးနာခဲ့တာ၂၀၀၈မှာဒူးထဲမှာချောတဲ့လမ်းကြောင်းသိပ်မရှိတော့ဘူးလမ်းတောင်သိပ်မလျောက်ပါနဲ့လို့profကပြောတယ်

၆/ ၈ / ၂၀၁၈ ရက်နေ့က မတွေ့တာနှစ်ပေါင်း၄၀ကျော်ကြာပြီဖြစ်တဲ့ သူငယ်ချင်းသင်္ချာပါမောက္ခ ကိုဝင်းဆွေ(အငြိမ်းစား)ပေးတဲ့ aဆးနည်း၆/၈/၁၈နေ့မှာဘဲ စလိမ်းတာကနေ့၇၅%လောက်ကောင်းနေပါပြီ

သူငယ်ချင်းကတော့လည်ပင်း ကြီးပေါင်းဇက်လိမ်နေတဲ့အဆင့်ကို ၄၅ ရက်နဲ့ပျောက်ခဲ့တယ်လို့ နုတ်ပြောလေးနဲ့မျှဝေလို့ ၃. ၄ ဦးလောက်လဲအဆင်ပြေနေကြပြီ

ဝေဒနာရှိနေရင် ကောင်းစေချင်လို့ ထပ်ဆင့်ဖြန့်ဝေတာပါ ဆေးနည်းကအရမ်းဈေးသက်သာပါတယ် သုံးကြည့်ပါ ရက်ရှည်အကြိမ်များများ လိမ်းဖို့တော့လိုပါတယ်

ကွမ်းစားတဲ့ထုံးနဲ့ အုန်းဆီကိုသမအောင်ရောစပ်ပြီး လိမ်းတဲ့နေရာထုံးဖွေးနေဖို့လဲ မလိုဘူးထုံးများသွားရင်လဲ ထုံးကအဖတ်လိုက်ကွာထွက်ပါတယ် အုန်းဆီများသွားရင်လဲ အဝတ်အစားတွေဆီပေပါတယ် ချိန်ဆပြီးရောပါ အချိုးအစားအစဉ်ပြေသွားရင် ခြောက်သွားပါတယ်

ထုံးမကြီးသီးစေ့ ၅ စေ့စာလောက်ကို အုန်းဆီ ၆ စက်/၇ စက် လောက် ထည့်ရင် အတော်ပါဘဲ နှစ်ခုစပ်ပြီးရင် ဖြစ်တဲ့နေရာကိုအတော်ကြာပွတ်ပေးဖို့တော့လိုပါတယ်

ဘေးထွက်ဆိုးကျိုးမရှိပါ ထုံးမပေါက်ပါ ကိုယ်တွေ့ပါ စမ်းကြည့်လိုက်ပါ အဆင်ပြေလို့ ကောင်းပါတယ်ဆိုရင် နောက်လူတွေထပ်ညွန်းပေးပါ

အားလုံးသက်သာပျောက်ကင်းကြပါစေ ကိုဝင်းဆွေ ကိုကျေးဇူးတင်စွာဖြင့်
မူရင်းတင်သူ.U Zaw Oo

naethitmyanmar

Be the first to comment

Leave a Reply

Your email address will not be published.


*