အရိုးအဆစ္နာက်င္မွဳေတြကို သဘာ၀က်က်သက္သာေစမယ့္ ေသာက္စရာ၅မ်ိဳး

အရိုးအဆစ္နာက်င္မွဳေတြကို သဘာ၀က်က်သက္သာေစမယ့္ ေသာက္စရာ၅မ်ိဳး

အရိိုးအဆစ္နာက်င္ကိုက္ခဲမွဳေတြဟာ ကိုယ္လက္လွဳပ္ရွားမွဳ နည္းပါးသူေတြမွာသာမက ကိုယ္လက္လွဳပ္ရွားမွဳမ်ားတဲ့သူေတြမွာလည္းျဖစ္ေပၚႏိုင္တဲ့ေ၀ဒနာတရပ္ပါ။ ဘယ္လိုအသက္အရြယ္မ်ိဳးမဆိုျဖစ္ႏိုင္တဲ့ဒီေ၀ဒနာကို ရုတ္တရက္ခံစားလာရတဲ့အခ်ိန္မွာ

ေသာက္ေဆးလိမ္းေဆးအလြယ္အကူမရွိရင္ ဒီအရည္၅မ်ိဳးကိုေသာက္ေပးလိုက္တာနဲ႕ေ၀ဒနာေတြကို ေလ်ာ့ပါးသက္သာသြားေစႏိုင္ပါတယ္။

(၁) ေရ

ၾကားသိရတာ စိတ္ထဲမွာ ဟုတ္ပါ့မလားလို႔ထင္ေကာင္းထင္ႏိုင္ေပမယ့္ အမွန္ပါပဲ။ လူေတြရဲ႕ခႏၶာကိုယ္ဟာ ၇၀ရာခိုင္ႏွဳန္းေရနဲ႔ျပဳလုပ္ထားတာျဖစ္တဲ့ အတြက္ ေရဓာတ္အားနည္းတဲ့အခ်ိန္ေတြမွာ အရိုးအဆစ္ေတြၾကားေခ်ာေမြ႕စြာလွဳပ္ရွားႏိုင္ေစျခင္းမရွိေတာ့ပဲ

အရိုးအဆစ္နာက်င္တာေတြကိုခံစားလာရမွာပါ။ အရိုးအဆစ္ေတြကိုက္ခဲလာတဲ့အခါ တရက္ကိုေရ ၂လီတာေသာက္ေပးျခင္းအားျဖင့္ နာက်င္မွဳေတြကိုေလ်ာ့ပါးသက္သာလာေစမွာပါ။

(၂) ၀ိုင္အနီ

အယ္လ္ကိုေဟာပါတဲ့ေသာက္စရာေတြဟာ လူေတြရဲ႕ဦးေႏွာက္ကိုသက္ေရာက္မွဳရွိတဲ့အတြက္ နာက်င္မွဳေတြကိုမခံစားရေစပါဘူး။ ဒါေပမယ့္ ဒီနည္းဟာ လူေတြကို မနာက်င္ဘူးလို႔ထင္ေယာင္ထင္မွားျဖစ္ေစတာပါ။ ၀ိုင္အနီကေတာ့ က်န္းမာေရးကိုအေထာက္အကူျပဳေပးျပီးနာက်င္တာေတြကို

အမွန္တကယ္သက္သာေစပါတယ္။ ၀ိုင္အနီမွာပါတဲ့ resveratrol ဆိုတဲ့ဓာတ္က ကိုက္ခဲနာက်င္မွဳေတြကို ေပ်ာက္ကင္းသက္သာေစေအာင္ကူညီေပးပါတယ္။ တရက္ကို ၀ိုင္အနီ တစ္ခြက္ကေနႏွစ္ခြက္အထိေသာက္သံုးေပးတာဟာ အဆစ္အျမစ္နာေရာဂါျဖစ္လာႏိုင္ေခ်ကိုေလ်ာ့က်ေစျပီး

အမ်ိဳးသမီးေတြဓမၼတာလာတဲ့အခါမွာ၀ိုင္အနီကိုေသာက္သံုးေပးရင္ နာက်င္မွဳေတြကိုေလ်ာ့ပါးေစႏိုင္ပါတယ္။ ၀ိုင္အနီမရွိခဲ့ရင္ စပ်စ္သီးနဲ႕ျပဳလုပ္ထားတဲ့ အခ်ိဳရည္ေတြကိုအစားထိုးေသာက္သံုးႏိုင္ပါတယ္။

(၃) အမွ်င္ဓာတ္ပါတဲ့အသီးေဖ်ာ္ရည္ေတြ

အမွ်င္ဓာတ္ပါတဲ့အသီးေဖ်ာ္ရည္ေတြကိုေသာက္သံုးေပးတာဟာ ဒူးနာျခင္းကိုသက္သာေစႏိုင္ပါတယ္။ ဒါေပမယ့္ အသီးခ်ည္းသက္သက္ေဖ်ာ္ျပီးေသာက္သံုးတာထက္ ဒိန္ခ်ဥ္နဲ႕ေရာျပီးေဖ်ာ္ကာ ေသာက္သံုးတာက ပိုျပီးအဆင္ေျပမွာပါ။

(၄)ေကာ္ဖီ

ခါးနာတာ ဒေကာက္ေကြးနာတာေတြအတြက္ဆိုရင္ ေကာ္ဖီေသာက္သံုးေပးတာက သင့္ကိုနာက်င္မွဳေတြကိုသက္သာေစပါလိမ့္မယ္။ ေဂါက္ေရာဂါျဖစ္ႏိုင္ေျခကိုေလ်ာ့ပါးေစႏိုင္ေပမယ့္ တရက္ကိုေကာ္ဖီေလးခြက္ထက္ပိုမေသာက္သင့္ပါဘူး။

(၅)ဂ်င္းျပဳတ္ရည္ႏွင့္ လက္ဖက္ရည္ၾကမ္း

လက္ဖက္စိမ္းနဲ႕ လက္္ဖက္ေျခာက္ႏွပ္ဘယ္အမ်ိဳးအစားမဆို antioxidant ေတြပါ၀င္တဲ့အတြက္ေၾကာင့္ အရိုးအဆစ္ေယာင္ယမ္းတာကိုသက္သာေစႏိုင္ပါတယ္။ ဒါေပမယ့္ လက္ဖက္စိမ္းေသာက္သံုးေပးတာဟာ သင့္ရဲ႕အရိုးအဆစ္အတြက္အေကာင္းဆံုးအေျဖပါ။

ဂ်င္းျပဳတ္ရည္ဟာလည္း gingerol ဆိုတဲ့ဓာတ္ေပါင္းတမ်ိဳးပါ၀င္တာေၾကာင့္ အရိုးအဆစ္ေယာင္ယမ္းတာအျပင္ ၾကြက္သားနာက်င္တာေတြကိုပါသက္သာေပ်ာက္ကင္းေစႏိုင္ပါတယ္။

Yenin Phawah ( ApannPyay)

Resource: organicwelcome

Unicode

အရိုးအဆစ်နာကျင်မှုတွေကို သဘာဝကျကျသက်သာစေမယ့် သောက်စရာ၅မျိုး

အရိုးအဆစ်နာကျင်ကိုက်ခဲမှုတွေဟာ ကိုယ်လက်လှုပ်ရှားမှု နည်းပါးသူတွေမှာသာမက ကိုယ်လက်လှုပ်ရှားမှုများတဲ့သူတွေမှာလည်းဖြစ်ပေါ်နိုင်တဲ့ဝေဒနာတရပ်ပါ။ ဘယ်လိုအသက်အရွယ်မျိုးမဆိုဖြစ်နိုင်တဲ့ဒီဝေဒနာကို ရုတ်တရက်ခံစားလာရတဲ့အချိန်မှာ

သောက်ဆေးလိမ်းဆေးအလွယ်အကူမရှိရင် ဒီအရည်၅မျိုးကိုသောက်ပေးလိုက်တာနဲ့ဝေဒနာတွေကို လျော့ပါးသက်သာသွားစေနိုင်ပါတယ်။

(၁) ရေ

ကြားသိရတာ စိတ်ထဲမှာ ဟုတ်ပါ့မလားလို့ထင်ကောင်းထင်နိုင်ပေမယ့် အမှန်ပါပဲ။ လူတွေရဲ့ခန္ဓာကိုယ်ဟာ ၇၀ရာခိုင်နှုန်းရေနဲ့ပြုလုပ်ထားတာဖြစ်တဲ့ အတွက် ရေဓာတ်အားနည်းတဲ့အချိန်တွေမှာ အရိုးအဆစ်တွေကြားချောမွေ့စွာလှုပ်ရှားနိုင်စေခြင်းမရှိတော့ပဲ

အရိုးအဆစ်နာကျင်တာတွေကိုခံစားလာရမှာပါ။ အရိုးအဆစ်တွေကိုက်ခဲလာတဲ့အခါ တရက်ကိုရေ ၂လီတာသောက်ပေးခြင်းအားဖြင့် နာကျင်မှုတွေကိုလျော့ပါးသက်သာလာစေမှာပါ။

(၂) ဝိုင်အနီ

အယ်လ်ကိုဟောပါတဲ့သောက်စရာတွေဟာ လူတွေရဲ့ဦးနှောက်ကိုသက်ရောက်မှုရှိတဲ့အတွက် နာကျင်မှုတွေကိုမခံစားရစေပါဘူး။ ဒါပေမယ့် ဒီနည်းဟာ လူတွေကို မနာကျင်ဘူးလို့ထင်ယောင်ထင်မှားဖြစ်စေတာပါ။ ဝိုင်အနီကတော့ ကျန်းမာရေးကိုအထောက်အကူပြုပေးပြီးနာကျင်တာတွေကို

အမှန်တကယ်သက်သာစေပါတယ်။ ဝိုင်အနီမှာပါတဲ့ resveratrol ဆိုတဲ့ဓာတ်က ကိုက်ခဲနာကျင်မှုတွေကို ပျောက်ကင်းသက်သာစေအောင်ကူညီပေးပါတယ်။ တရက်ကို ဝိုင်အနီ တစ်ခွက်ကနေနှစ်ခွက်အထိသောက်သုံးပေးတာဟာ အဆစ်အမြစ်နာရောဂါဖြစ်လာနိုင်ချေကိုလျော့ကျစေပြီး

အမျိုးသမီးတွေဓမ္မတာလာတဲ့အခါမှာဝိုင်အနီကိုသောက်သုံးပေးရင် နာကျင်မှုတွေကိုလျော့ပါးစေနိုင်ပါတယ်။ ဝိုင်အနီမရှိခဲ့ရင် စပျစ်သီးနဲ့ပြုလုပ်ထားတဲ့ အချိုရည်တွေကိုအစားထိုးသောက်သုံးနိုင်ပါတယ်။

(၃) အမျှင်ဓာတ်ပါတဲ့အသီးဖျော်ရည်တွေ

အမျှင်ဓာတ်ပါတဲ့အသီးဖျော်ရည်တွေကိုသောက်သုံးပေးတာဟာ ဒူးနာခြင်းကိုသက်သာစေနိုင်ပါတယ်။ ဒါပေမယ့် အသီးချည်းသက်သက်ဖျော်ပြီးသောက်သုံးတာထက် ဒိန်ချဉ်နဲ့ရောပြီးဖျော်ကာ သောက်သုံးတာက ပိုပြီးအဆင်ပြေမှာပါ။

(၄)ကော်ဖီ

ခါးနာတာ ဒကောက်ကွေးနာတာတွေအတွက်ဆိုရင် ကော်ဖီသောက်သုံးပေးတာက သင့်ကိုနာကျင်မှုတွေကိုသက်သာစေပါလိမ့်မယ်။ ဂေါက်ရောဂါဖြစ်နိုင်ခြေကိုလျော့ပါးစေနိုင်ပေမယ့် တရက်ကိုကော်ဖီလေးခွက်ထက်ပိုမသောက်သင့်ပါဘူး။

(၅)ဂျင်းပြုတ်ရည်နှင့် လက်ဖက်ရည်ကြမ်း

လက်ဖက်စိမ်းနဲ့ လက်ဖက်ခြောက်နှပ်ဘယ်အမျိုးအစားမဆို antioxidant တွေပါဝင်တဲ့အတွက်ကြောင့် အရိုးအဆစ်ယောင်ယမ်းတာကိုသက်သာစေနိုင်ပါတယ်။ ဒါပေမယ့် လက်ဖက်စိမ်းသောက်သုံးပေးတာဟာ သင့်ရဲ့အရိုးအဆစ်အတွက်အကောင်းဆုံးအဖြေပါ။

ဂျင်းပြုတ်ရည်ဟာလည်း gingerol ဆိုတဲ့ဓာတ်ပေါင်းတမျိုးပါဝင်တာကြောင့် အရိုးအဆစ်ယောင်ယမ်းတာအပြင် ကြွက်သားနာကျင်တာတွေကိုပါသက်သာပျောက်ကင်းစေနိုင်ပါတယ်။

Yenin Phawah ( ApannPyay)

Resource: organicwelcome

Be the first to comment

Leave a Reply

Your email address will not be published.


*