အက်စတာ့ဘက်ကနေဝန်းရံမိလို့ အဆဲခံရတဲ့အပေါ် တုန့်ပြန်လိုက်တဲ့ သက်မွန်မြင့်

အက်စတာ အိုင်ဒေါ ဝင်နာမရရင် မရိုးသားလို့ ပဲ ဆိုပြီး ထုတ်ဖော်လိုက်တဲ့ အတွက် သက်မွန်မြင့် တစ်ယောက် ပိုးဆိုးပက်စက် ဝေဖန်ခံနေရပါတယ်။ ဒီလို ဆဲဆိုဝေဖန်မှုတွေနဲ့ ပက်သက်ပြီး သက်မွန်မြင့် တစ်ယောက် လူမှုကွန်ရက်ပေါ်ကနေ အခုလို တုန့်ပြန်လိုက်ပါတယ်။

သက်မွန်မြင့် က “လူမျိုးစွဲနဲ့ မတော်တဲ့သူ အရည်အချင်းမရှိတဲ့သူကို ဒီစကားမျိုး ပြောရဲပါ့မလား!မတော်တာကို တော်တယ် အတင်းလုပ်လို့ရပါ့မလား? သဘောထား ကွဲလွဲနိုင်ပါတယ်လို့ ပြောပြီးသားပါ!

အားလုံးတော်ကြတယ် ပြောထားပြီးသား။ တစ်ယောက်ထဲ ရွေးရမယ့်အနေအထားမှာတော့….ဒါ ကိုယ့်ခံစားချက် တခုပဲ။ ဒါကိုလည်း ထည့်ပြောထားပြီးသားကိုယ် ဘာပြောပြော

ရချင်တဲ့သူ ရမှာပဲလေ! သက်မွန်မြင့်ပြောလို့ သက်မွန်မြင့်ပြောတဲ့သူ ရရမယ်လို့ သတ်မှတ်ထားတာမှ မဟုတ်တာ! အဲ့လောက်မစွမ်းပါဘူးလေ။ ကိုယ်အားပေးတဲ့သူ ကို ကိုယ့်ခံစားချက်နဲ့ ပြောရုံလေးပါ..

အသုံးနှုန်းကြောင့်ဆိုရင် တောင်းပန်ပါတယ်ရှင်! ကြိုက်တဲ့သူ ကြိုက်သလို အားပေးကြပါ!ကျွန်မတို့လည်း တခါတလေ ကိုယ့်ခံစားချက်လေးနဲ့ ကိုယ် ပေါက်ကွဲမိပါတယ်! လူသားတွေဆိုတော့လည်း..” ဆိုပြီးရေးသားထားတာကိုတွေ့ရပါတယ်။

ပရိသတ်ကြီးရေ ၊ အိုင်ဒေါနဲ့ ပတ်သက်ပြီး တစ်နှစ်ထက်တစ်နှစ်ပိုမို ပွဲဆူနေတာလည်းဖြစ်ပါတယ်။ သက်မွန်မြင့် ရဲ့ ပြောဆိုချက်တွေအတွက် မှတ်ချက်ကနေပြောပြပေးခဲ့ကြပါဦး ။

Source – Thet Mon Myint
credit: Shwepyiaye

Be the first to comment

Leave a Reply

Your email address will not be published.


*