တစ်ချိန်က ကျောင်းဆရာမတဲ့ခုတော့ လမ်းပေါ်မှာ စွန့်ပစ်ခဲ့ထားရရှာသူ အဘွားရဲ့ ဝမ်းနည်းစရာအဖြစ်အပျက်

အရမ်းကြေကွဲစရာအဖြစ်အပျက်လေးပါအရင်က တပည့်တွေကို စာသင်ပေးခဲ့ပြီး နိုင်ငံ့သားကောင်းတွေ မွေးထုတ်ပေးခဲ့တဲ့ ဆရာမခုတော့ ကူသူမရှိ လမ်းပေါ်မှာ စိတ်ဖောက်ပြန်ပြီး လျှောက်သွားနေရတဲ့ အဖြစ်သို့ ရောက်နေရပါပြီ.ကြုံခဲ့ပြီး

ကူညီခဲ့တဲ့ အစ်မတစ်ယောက်က ဒီအကြောင်းလေးကို ခုလိုပြောပြထားပါတယ် ပုံ့တို့တွေ ဂျင်းအကြီးကြီးမိခဲ့ကြတာပါငယ်ငယ်တုံးက မိဘတွေ ပြောတဲ့ ပညာတတ်ရင် ထမင်းစားလက်မှတ်ရသွားပြီ၊ လူတန်းစေ့လေးနေနိုင်ပြီဆိုတာ ဂျင်းပါ…

တကယ်က ကိုယ်ဘယ်လိုဘဝမှာ နေရမယ်ဆိုတာ ကိုယ်ပြုခဲ့တဲ့ အတိတ်ကံ၊ ပစ္စုပ္ပန်ကံ တွေနဲ့ဘဲ ဆိုင်တာပါဒီအဖွားဆို ကျောင်းဆရာမဟောင်းတစ်ဦးပါအသက်ကြီး သူငယ်ပြန်တော့ မိသားစုက အခုလို စလင်းနဲ့ ကံပြားကြား ကားလမ်းဘေးမှာ ပစ်သွားကြတယ်

စိတ်ဖောက်ပြီး လျှောက်သွားနေရှာတဲ့အဖွားကို ဆိုင်ကယ်က ထပ်တိုက်ပြေးသွားပြန်ပါတယ်ဒီလိုနဲ့ အခု အဖွားဟာ ဖင်ဒရွတ်ဆွဲကြီးနဲ့ နေပူပူ ကတ္တရာလမ်းမပေါ်

လျှောက်သွားနေရှာတယ်မကြည့်ရက်တဲ့လူတွေက လမ်းဘေးတဲထိုးပေးထားပေမဲ့ လျှောက်သွားနေတာပါဘဲဒါကို အကိုတစ်ယောက်ကတွေ့ပြီး ပုံ့ဆီ ဆက်သွယ်လာခဲ့တာပါ

တကယ်ဆို ပုံ့ရိပ်သာလေး အရမ်းငွေကြေးခက်ခဲနေတဲ့ အချိန်ပါဒီနေ့တောင် ရိပ်သာမှာ မနက်ဖြန်အတွက် သုံးစရာ ငွေမရှိတော့လို့ သူများဆီက (၅) သိန်း ချေးခဲ့ရပါသေးတယ်ပုံ့ရိပ်သာ အသုံးစရိတ်က တနေ့ကို

၃ သိန်းအထက်မို့ တလ တလ လောက်ငှဖို့ မနဲပြူး‌ပြဲနေအောင် ရှာရတာပါဒါပေမဲ့ ဒီလိုဘဝတွေ တွေ့ပြန်တော့လဲ မကယ်ဘဲ မနေနိုင်ပါဘူး ကိုယ်သာ ရင်ဘတ်တွေ အောင့်တဲ့အထိ စိတ်ပင်ပန်းတွေခံ မရရအောင် ရုန်းကန်ပြီး လူတွေထပ်ထပ် ကယ်ဖြစ်နေပါတယ်မနိုင်ဝန်ပေမဲ့ ကြုံးရုန်း ထန်းနေပါတယ်..အခုလဲ အဖွားကို ကယ်ဖို့ ပုံ့ စလင်းမှာပါ

ပုံ့ လမ်းမှာ တွေးမိတယ်…လူတွေဟာ ကိုယ့်ဘဝအတွက် အသုံးမဝင်တော့ဘူးထင်ရင် သားသမီးကလဲ မိဘကို တိရိစ္ဆာန် တစ်ကောင်လို လမ်းဘေးနေ၊ လမ်းဘေးစား၊

ကြိုက်တဲ့လူ စော်ကားလို့ရတဲ့ ဘဝမှာ ပစ်သွားဖို့ ဝန်မလေးကြတော့သလို ကိုယ့်ဘဝအတွက် ရှုပ်တယ်လို့ ထင်လာရင် ကိုးလလွယ် ဆယ်လဖွား ကိုယ်မွေးထားတဲ့ သားလဲ မိဘအရင်းတွေက အမှိုက်တခုလို ကျီးထိုးထိုး ခွေးစားစား လွယ်လွယ်ဘဲ လွှင့်ပစ်လိုက်ကြတယ်

ဒီလိုနဲ့ဘဲ ဒါလူ့ဘဝပါလို့ သတ်မှတ်ဖို့တောင် ခက်ခဲတဲ့ တိရိစ္ဆာန်သာသာ ဘဝတွေနဲ့ ရှင်သန်နေကြရရှာတဲ့ သက်ကြီးရွယ်အိုတွေ၊ လောကကြကို အရွဲ့တိုက်မယ်ဆိုတဲ့ မျိုးဆက်သစ်တွေ

များလာခဲ့တယ် ဒါဟာ လောကပါလတရားတွေ ပျက်သုဉ်းလာလို့ပါဘာသာရေး ရှု့ဒေါင့်ကနေကြည့်ရင်တချိန်မှာ သားကို ပစ်ခဲ့တဲ့ အမိဟာသားက ပစ်သွားတဲ့ အမိဖြစ်လာမယ်အမိကို ပစ်မိတဲ့ သားဟာလဲအမိက အပစ်ခံရတဲ့ သားပြန်ဖြစ်လာမှာဘဲဒီလိုနဲ့

သံသရာတွေလည်နေမယ်ပစ်သူများလေ အပစ်ခံရသူများလေနဲ့ လောကကြီး ဆုတ်သွားမယ်ဒီလိုနဲ့ဘဲ ပုံ့တို့ မကယ်နိုင်တော့ထိ များပြားလာမယ်ထင်ပါတယ် ဒီလို ဆုတ်ကပ်ကြီးထဲ ရှင်သန်ရမယ့်

လူ‌ဖြစ်နေတဲ့အတွက် ဘဝဆက်တိုင်း ကြားသမျှ မြင်သမျှ ဒုက္ခဟူသမျှ ကယ်တင်နိုင်သောသူ ဖြစ်ရပါလို၏ ဆိုတဲ့ ဆုလေးတစ်ခုတောင်းရင်းနဲ့ နိဗ္ဗာန်ဆိုတာ ဘယ်မှန်းမသိ…

ကိုယ်ကယ်တဲ့ လူတွေ အဆင်ပြေစေဆိုဖို့တွက် လော‌ဘ၊ ဒေါသ၊ မောဟတွေနဲ့ ပြည့်နေတဲ့ လားရားမကောင်းလောက်တဲ့ ပရဟိတ သမားဘဝမှာ ပျော်နေမိတယ်..”

ပွင့်လာမယ့် ပန်းလေးတွေကို မြေတောင်မြှောက်ပေးခဲ့တဲ့ ဆရာမခုတော့ ဒုက္ခရောက်နေရပါတယ်အဲအစ်မလည်း ကူညီနေတယ်ကြားပါတယ် ပရိသတ်ကြီးတို့လည်း ကူနိုင်သူတွေ တွေ့အောင် ဒီစာလေးကို မျှဝေပေးပါဆရာမကျေးဇူးကို အထူးဆပ်နိုင်ကြပါစေ

Writer ; Kwee (Jeeptoolay)

Source ; Thinn Shwe Sin Hlaing

Be the first to comment

Leave a Reply

Your email address will not be published.


*