သေပြီးရင် ဦးနှောက် အလုပ်လုပ်နေသေးလို့ သေပြီဆိုတာကို လူသေကိုယ်တိုင် သိရ









တကယ်လို့ ကျွန်တော်တို့ သေသွားတယ် ဆိုရင် ကျွန်တော်တို့ သေနေပြီ ဆိုတာကို ကျွန်တော်တို့ ကိုယ်တိုင် သိနိုင်ပါတယ်။ လေ့လာတွေ့ရှိမှု အသစ်အရ၊ ကျွန်တော်တို့ သေသွားပြီ ဆိုရင်တောင်မှ ကျွန်တော်တို့ရဲ့ ဦးနှောက် အလုပ်လုပ်နေသေးတယ်လို့ ဖော်ပြသွားတာပါ။

သေသွားပြီရင်တောင် ဦးနှောက် အလုပ်လုပ်နေသေးတာကြောင့် သေပြီဆိုတာကို လူသေကိုယ်တိုင် သိရှိနိုင်ပါတယ်။သေသွားပြီ ဆိုတာနဲ့ အရာအားလုံးကို ချက်ချင်း သတိမေ့တာ မဟုတ်ဘဲနဲ့၊ ဘေးပတ်ပတ်လည်မှာ ဘာတွေ ဖြစ်နေလဲ ဆိုတာကို သိနိုင်ပါတယ်။

ဥပမာ— သေသွားပြီဆိုရင် ဘေးနားမှာ ငိုနေတာ နဲ့ ဘေးနားမှာ ထိုင်နေတာတွေကို သိနိုင်ပါတယ်။ အလွန် ထူးခြားတာ တစ်ခုကတော့၊ ဆေးရုံပေါ်မှာ သေတယ် ဆိုရင် ဆရာဝန်က သေပြီလို့ ပြောလိုက်တာကို ကိုယ်တိုင် ကြားသိရမှာ ဖြစ်ပါတယ်။

လူသေကို ပြန်အသက်သွင်းလို့မှ မရတာ၊ ဘယ်လို လေ့လာမှု ပြုလုပ်ကြလဲ ဆိုတာ စိတ်ဝင်စားဖို့ အလွန် ကောင်းပါတယ်။ သိပ္ပံပညာရှင်တွေဟာ လူသေကို ပြန်အသက်သွင်းပြီး လေ့လာမှု ပြုလုပ်ခဲ့တာတော့ မဟုတ်ပါ။

သိပ္ပံပညာရှင်တွေဟာ ဆရာဝန်တွေက သေပြီလို့ ပြောတာကနေ အသက် ပြန်ရှင်လာကြတဲ့ လူတွေ နဲ့ သတိမေ့ရာကနေ ပြန်နိုးလာတဲ့ လူတွေကို လေ့လာခဲ့ကြပါတယ်။

လေ့လာမှု ရလဒ်က လူဟာ နှလုံး ရပ်ပြီး သေတယ် ဆိုရင်တောင့် ဦးနှောက် အလုပ်လုပ်နေတယ် ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။

ဒါကြောင့်မို့၊ လူသေဟာ နှလုံး ရပ်သွားပေမဲ့ ဦးနှောက် အလုပ်လုပ်နေသေးတာကြောင့် ဘေးနားမှာ ဘာတွေ ဖြစ်နေတာလဲ ဆိုတာကို သိရပါတယ်။ ဒေါက်တာ Sam Parnia က ဥရောပနိုင်ငံတွေမှာ သေပြီးရင် ဘာဖြစ်တာလဲ ဆိုတာကို လေ့လာမှု ပြုလုပ်ခဲ့တာပါ။

credit: Ko Khant ( D Nae Khit Media )

Be the first to comment

Leave a Reply

Your email address will not be published.


*