ယေန႔ (၂.၁၂.၂၀၁၉) ရက္ေန႔ ပုဂံႏွင့္ေညာင္ဦးၿမိဳ႕ ကေလးသူခိုး ဝိုင္းဝန္းဖမ္းဆီးခဲ့

( ယေန႔ ပုဂံေညာင္ဦးၿမိဳ႕တြင္ ဖမ္းဆီးရမိထားသူ ႏွစ္ဦးမွာ ကေလးသူခိုး ဟုတ္ မဟုတ္ စစ္ေဆးခ်က္ၿပီးမွသာ အေျဖသိရမည္ )

ယေန႔ (၂.၁၂.၂၀၁၉) ရက္ေန႔၊ ေန႔လည္ပိုင္းအခ်ိန္တြင္ ပုဂံ ႏွင့္ ေညာင္ဦးၿမိဳ႕တို႔တြင္ ကေလးသူခိုးဟု ယူဆရသူႏွစ္ဦးကို ျပည္သူမ်ားမွ ဝိုင္းဝန္းဖမ္းဆီးခ့ဲၿပီး ရဲစခန္းတြင္ အပ္ႏွံခ့ဲၾကပါတယ္ ။

ေညာင္ဦးၿမိဳ႕ ျဖစ္စဥ္

ေညာင္ဦး မဏိစည္သူေစ်းႀကီးအတြင္းတြင္ မယ္သီလရွင္တစ္ဦး(ပံုပါ)မွ အသက္ (၁၅) ႏွစ္ ဝန္းက်င္ရွိ ကေလးတစ္ဦး၏ လက္ေမာင္းကို သူ၏လက္ျဖင့္ တို႔ထိလိုက္ၿပီးေနာက္ ထိုကေလးသည္ မူးေဝသြားခ့ဲပါသည္။ ၎ေနာက္ မယ္သီလရွင္သည္ ဆက္လက္ထြက္ခြာသြားခ့ဲရာ ျပည္သူမ်ားသည္ ေနာက္မွ လိုက္ခံဖမ္းဆီးခ့ဲၾကပါတယ္ ။

” ကေလးငယ္သည္ ခ်စ္စရာေကာင္းေသာေၾကာင့္ လက္ျဖင့္ပုတ္လိုက္ျခင္း ” ျဖစ္သည္ဟု မယ္သီလရွင္မွ ေျပာဆိုခ့ဲေၾကာင္း သိရွိရၿပီး၊ မူးေဝသြားခ့ဲေသာ ကေလးငယ္ကို ေညာင္ဦးခ႐ိုင္ျပည္သူ႔ေဆးရံုႀကီးသို႔ ပို႔ေဆာင္ေပးခ့ဲကာ ေဆးကုသမႈ႔ခံယူလွ်က္ရွိပါတယ္ ။

သံသယရွိသူ မယ္သီလရွင္ကိုေတာ့ ေညာင္ဦးၿမိဳ႕မရဲစခန္းမွာ စစ္ေဆးေမးျမန္းရန္အတြက္ ထိန္းသိမ္းထားရွိေၾကာင္း သိရွိရပါတယ္ ။၎ ဆရာေလးကို ေညာင္ဦးၿမိဳ႕တြင္းတြင္ ျမင္ေတြ႕ေနရသည္မွာလည္း ရက္အနည္းငယ္ၾကာရွိေနၿပီျဖစ္ၿပီး၊ ယခုျဖစ္ရပ္ေၾကာင့္ ေစ်းႀကီးႏွင့္ရဲစခန္းေရွ႕တြင္ လူစုလူေဝးမ်ားျဖစ္ေပၚခ့ဲၿပီး ရဲစခန္းဝင္ေပါက္ေတြကိုလည္း ယာယီပိတ္ထားခ့ဲရပါတယ္ ။

ပုဂံၿမိဳ႕ ျဖစ္စဥ္

ထိုင္ခံုေပၚ ထိုင္ေနသူ(ပံုပါ) လူတစ္ဦးသည္ မႏူဟာဘုရား (ျမင္းကပါ) အနီးရွိ ကေလးငယ္တစ္ဦးကို ေခၚေဆာင္သြားခ့ဲၿပီး ကေလးငယ္မွ ငိုေႂကြးေနေသာေၾကာင့္ ဖမ္းမိသြားခ့ဲၿပီး မိန္းမကိုေတာ့ လြတ္ေျမာက္သြားေၾကာင္း သိရွိရပါတယ္၊ ျပည္သူမ်ားမွ ပုဂံၿမိဳ႕ရဲစခန္းကို အပ္ႏွံလိုက္ပါၿပီ ။

👮‍♂️ ကေလးသူခိုး ဟုတ္/မဟုတ္ ရဲစစ္ခ်က္ၿပီးရင္ အေျဖမွန္တစ္ခု ေပၚထြက္လာမွာပါ👮‍♂️

⛔️ ႏိူင္ငံေရးလွည့္ကြက္ေတြလား၊ ကေလးသူခိုးေတြ အမွန္တကယ္ရွိေနတာလား၊ သို႔ေလာ သို႔ေလာ တိက်ခိုင္လံုမႈ႔မရွိေသာအေၾကာင္းအရာမ်ားကို ကြ်န္ေတာ္တို႔လည္း မသိရွိႏိူင္ပါ ⛔️

❌ ျပည္သူမ်ား ထိတ္လန္႔ေစရန္ရည္ရြယ္၍ မွန္ကန္မႈ႔မရွိေသာ ေကာလဟာလသတင္းမ်ားကို လူမႈ႔ကြန္ယက္စာမ်က္ႏွာေပၚတြက္ ျဖန္႔ေဝျခင္း မျပဳလုပ္ၾကရန္ ေမတၱာရပ္ခံပါတယ္ ❌

Photo Credit ေပးပါသည္။

credit: free.myanmarlibary.com


===

Unicode

( ယနေ့ ပုဂံညောင်ဦးမြို့တွင် ဖမ်းဆီးရမိထားသူ နှစ်ဦးမှာ ကလေးသူခိုး ဟုတ် မဟုတ် စစ်ဆေးချက်ပြီးမှသာ အဖြေသိရမည် )

ယနေ့ (၂.၁၂.၂၀၁၉) ရက်နေ့၊ နေ့လည်ပိုင်းအချိန်တွင် ပုဂံ နှင့် ညောင်ဦးမြို့တို့တွင် ကလေးသူခိုးဟု ယူဆရသူနှစ်ဦးကို ပြည်သူများမှ ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး ရဲစခန်းတွင် အပ်နှံခဲ့ကြပါတယ် ။

ညောင်ဦးမြို့ ဖြစ်စဉ်

ညောင်ဦး မဏိစည်သူဈေးကြီးအတွင်းတွင် မယ်သီလရှင်တစ်ဦး(ပုံပါ)မှ အသက် (၁၅) နှစ် ဝန်းကျင်ရှိ ကလေးတစ်ဦး၏ လက်မောင်းကို သူ၏လက်ဖြင့် တို့ထိလိုက်ပြီးနောက် ထိုကလေးသည် မူးဝေသွားခဲ့ပါသည်။ ၎င်းနောက် မယ်သီလရှင်သည် ဆက်လက်ထွက်ခွာသွားခဲ့ရာ ပြည်သူများသည် နောက်မှ လိုက်ခံဖမ်းဆီးခဲ့ကြပါတယ် ။

” ကလေးငယ်သည် ချစ်စရာကောင်းသောကြောင့် လက်ဖြင့်ပုတ်လိုက်ခြင်း ” ဖြစ်သည်ဟု မယ်သီလရှင်မှ ပြောဆိုခဲ့ကြောင်း သိရှိရပြီး၊ မူးဝေသွားခဲ့သော ကလေးငယ်ကို ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကာ ဆေးကုသမှု့ခံယူလျှက်ရှိပါတယ် ။

သံသယရှိသူ မယ်သီလရှင်ကိုတော့ ညောင်ဦးမြို့မရဲစခန်းမှာ စစ်ဆေးမေးမြန်းရန်အတွက် ထိန်းသိမ်းထားရှိကြောင်း သိရှိရပါတယ် ။၎င်း ဆရာလေးကို ညောင်ဦးမြို့တွင်းတွင် မြင်တွေ့နေရသည်မှာလည်း ရက်အနည်းငယ်ကြာရှိနေပြီဖြစ်ပြီး၊ ယခုဖြစ်ရပ်ကြောင့် ဈေးကြီးနှင့်ရဲစခန်းရှေ့တွင် လူစုလူဝေးများဖြစ်ပေါ်ခဲ့ပြီး ရဲစခန်းဝင်ပေါက်တွေကိုလည်း ယာယီပိတ်ထားခဲ့ရပါတယ် ။

ပုဂံမြို့ ဖြစ်စဉ်

ထိုင်ခုံပေါ် ထိုင်နေသူ(ပုံပါ) လူတစ်ဦးသည် မနူဟာဘုရား (မြင်းကပါ) အနီးရှိ ကလေးငယ်တစ်ဦးကို ခေါ်ဆောင်သွားခဲ့ပြီး ကလေးငယ်မှ ငိုကြွေးနေသောကြောင့် ဖမ်းမိသွားခဲ့ပြီး မိန်းမကိုတော့ လွတ်မြောက်သွားကြောင်း သိရှိရပါတယ်၊ ပြည်သူများမှ ပုဂံမြို့ရဲစခန်းကို အပ်နှံလိုက်ပါပြီ ။

👮‍♂️ ကလေးသူခိုး ဟုတ်/မဟုတ် ရဲစစ်ချက်ပြီးရင် အဖြေမှန်တစ်ခု ပေါ်ထွက်လာမှာပါ👮‍♂️

⛔️ နိူင်ငံရေးလှည့်ကွက်တွေလား၊ ကလေးသူခိုးတွေ အမှန်တကယ်ရှိနေတာလား၊ သို့လော သို့လော တိကျခိုင်လုံမှု့မရှိသောအကြောင်းအရာများကို ကျွန်တော်တို့လည်း မသိရှိနိူင်ပါ ⛔️

❌ ပြည်သူများ ထိတ်လန့်စေရန်ရည်ရွယ်၍ မှန်ကန်မှု့မရှိသော ကောလဟာလသတင်းများကို လူမှု့ကွန်ယက်စာမျက်နှာပေါ်တွက် ဖြန့်ဝေခြင်း မပြုလုပ်ကြရန် မေတ္တာရပ်ခံပါတယ် ❌

Photo Credit ပေးပါသည်။

credit: free.myanmarlibary.com

Be the first to comment

Leave a Reply

Your email address will not be published.


*