ကလေးက Super Glue ဖြင္္႔မိျပီး ပါးစပ္ထဲထည္႔မိသြားတယ္ဆိုတာမ်ိဳးၾကံဳခဲ႔မိရင္္….(မိခင္တိုင္းအတြက္္ မွတ္သားဖြယ္)

အစ္မေရ … အထူးအဆန္္း Case တခုု ေရာက္လာျပန္ၿပီ။ ေဟ … ဘာမ်ားလဲ။

ကေလးက တနွွစ္ေက်ာ္။ လမ္းေလ်ွာက္ခါစ။ အေမက ထိန္းေနရာက ခဏထျပီး ေရေသာက္တာ။ အဲဒီအခ်ိန္ ေဘးနားက ဘီဒိုိအံဆြဲထဲက Super glue ကို ဖြင့္ျပီး ပါးစပ္ထဲထည့္လို႕။ ခ်က္ခ်င္းဆြဲလိုက္ေပမယ့္ မမီလိုက္ဘူးတဲ႔ ။ ခု ၾကည့္လိုက္ေတာ့ … အာေခါင္မွာရယ္ လ်ွာေပၚရယ္ ေျခာက္ျပီးကပ္ေနတယ္။

အင္း … ျဖစ္ရမယ္။ ကဲဲ ကဲ … ခုခ်က္ခ်င္္း စာရွာဖတ္ၾကဦး။ ဘယ္လိုိ Toxicity (အဆိပ္သင့္ျခင္း) ရႏိုင္သလဲ။ ဘယ္လို ကုသမွဳေပးရမလဲ ဆိုတာ။

Super Glue မွာ Cyanoacrylates ဆိုိတဲ႔ ဓာတုပစၥည္း အဓိက ပါဝင္ပါတယ္။ ကပ္အားအလြန္ေကာင္းတဲ႔ ဓာတုပစၥည္းမို႕ မေတာ္တဆ သူနဲ႕ထိမိတဲ႔အခါ အေရျပားအခ်င္းခ်င္း ပူးကပ္သြားတာ… ဦးေရျပားနဲ႕ဆံပင္မွာ ေထြးကပ္သြားတာ … ပါးစပ္ထဲဝင္သြားတဲ႔အခါ …

မ်က္စိထဲဝင္ျပီး မ်က္လံုးပိတ္သြားတာ … မ်က္စိမ်က္ၾကည္လႊာထိခိုက္ျပီး အျမင္အာရံုကြယ္သြားတာ … ေတြထိ ျဖစ္နိုင္ပါတယ္။ အျမန္ေျခာက္သြားတတ္တဲ႔ သဘာဝေၾကာင့္ ပါးစပ္ထဲဝင္သြားခဲ႔ရင္ ျမိဳခ်မိတဲ႔ထိျဖစ္ခဲပါတယ္။ ပါးေစာင္ အာေခါင္ လ်ွာေပၚမွာ ေျခာက္ျပီး ကပ္သြားနိုင္ပါတယ္။

”First aid measure” Super Glue နဲ႔ ကပ္မိိရင္ အေရးေပၚ ဘာလုပ္ေပးနိုင္လဲ။

အေရျပားမွာ ကပ္ခဲ႔ရင္္

မျပာပါနဲ႕။ကပ္္ေနတဲ႔အေရျပားကို ဇြတ္ဆြဲမခြာပါနဲ႔။ အေရျပား ထိခိုက္ပြန္းပဲ႔နိုင္ပါတယ္။

ကပ္ေနတဲ႔ေနရာကိုိ ဟင္းသီးဟင္းရြက္ဆီ (Vegetable oil) ရႊဲရႊဲလူးေပးထားပါ။ အဲဒါမရွိရင္ ဆပ္ျပာနဲ႔ေရေႏြးေႏြးနဲ႕ စိမ္ထားပါ။

အေရျပားကို ေရွ႕ေနာက္အသာအယာ ပြတ္ဆြဲလိွမ့္ျပီး အနားေတြကစျပီး ကပ္ေနတဲ႔ေကာ္ကို ျငင္ျငင္သာသာခြာၾကည့္ပါ။

တခါနဲ႕မရရင္္ ဆီျပန္လူးျပီး ထပ္ခါထပ္ခါ ႀကိဳးစားၾကည့္ပါ။ ေခ်ာမြတ္တဲ႔ပစၥည္းတခုခု (ဥပမာ ခဲတံ, ဘီး) ကို ကပ္ေနတဲ႔ၾကားကထားျပီး အသာဆြဲဟၾကည့္ပါ။ ခြာလို့ရသြားျပီးရင္ ေျခာက္ေသြ႕အက္ကြဲတာကာကြယ္ဖို႕ အစိုဓာတ္ထိန္းတဲ႔ ခရင္ တခုခုလိမ္းေပးပါ။

မ်က္စိိထဲ ဝင္တဲ႔အခါ

မျပာပါနဲ႕။မ်က္ခြံကို ဇြတ္ဆြဲမခြာပါနဲ႕။ ဒဏ္ရာရသြားနိုင္ပါတယ္။ေကာ္ဝင္သြားတဲ႔မ်က္စိကို ေရေႏြးေႏြးနဲ႕ ခ်က္ခ်င္းေဆးပါ။

ေရဆြတ္ထားတဲ႔အဝတ္ သို႕ ပတ္တီးနဲ႕ အသာအုပ္ထားျပီး မ်က္စိဆရာဝန္ထံ သြားပါ။

တကယ္လို႕ ျပစရာမ်က္စိိဆရာဝန္မရွိရင္လည္း ျပာျပီး လုပ္မိလုပ္ရာမလုပ္ပါနဲ႕။ မ်ားေသာအားျဖင့္ ၁-၄ ရက္အတြင္း အလိုလို ျပန္ပြင့္လာပါလိမ့္မယ္။

ဆံံပင္နဲ႕ဦးေရျပား

ေရေႏြးေႏြးနဲ႕ ေခါင္းေလ်ွာ္္ပါ။

Vegetable oil ဟင္းသီးဟင္္းရြက္ဆီ သို႕ Body oil ကိုယ္လိမ္းဆီ တမ်ိဳးမ်ိဳး ရႊဲရႊဲလူးေပးပါ။ တရက္ နွစ္ရက္ေနရင္ အလိုလိုကြာက်သြားပါမယ္။ သိပ္လံုးေထြးေနရင္ ဆံပင္ကို အသာေလး ရိတ္ပစ္လို႕ရပါတယ္။

ပါးစပ္နဲဲ႕ႏွဳတ္ခမ္း

ဇြတ္ဆြဲမခြာပါနဲ႕။ေရေႏြးမ်ားမ်ားနဲ႕ အသာေဆးပါ။

ပါးစပ္ထဲဲကပ္ေနတဲ႔ေကာ္ကို ပါးစပ္ထဲကသြားေရနဲ႕ပဲ စိုေအာင္လုပ္ျပီး လ်ွာကပြတ္တြန္းေပးပါ။ (ကေလးငယ္ေတြကေတာ့ မလုပ္တတ္ေလာက္ဘူး။)

တရက္နွစ္ရက္ေနလိုိ႕ ကြာလာတဲ႔အခါ ျမိဳမခ်မိဖို႕ သတိထားရပါမယ္။ (ဒါလည္း ကေလးငယ္ေတြအဖို႕ ခက္ခဲမယ္။)

ရွာဖတ္ၾကည့္တဲဲ႔အခါ …

Super glue မ်က္စိထဲဝင္ျပီး မ်က္ၾကည္လႊာေပါက္ျပီး မ်က္စိကြယ္သြားတဲ႔ကေလး …

ပါးစပ္အဝကပ္သြားျပီး အသက္ရွဴခက္ျပီး ေဆးရံံုေရာက္လာတဲ႔ကေလး …

ေျခာက္ေနတဲ႔ေကာ္စက ေလျပြန္ထဲ ဝင္သြားျပီး အဆုတ္ေရာင္ျဖစ္ … ေလျပြန္ထဲ မွန္ေျပာင္းထည့္ျပီး ေကာ္ေျခာက္အစအနေတြ ထုတ္ပစ္ရတဲ႔ကေလး …အဲဒီလို ဇာတ္လမ္းေတြ မနည္းမေနာပဲကိုး။

ဒါေၾကာင့္္ ကေလးငယ္ရွိတဲ႔ မိဘေတြအေနနဲ႕ ”Safety is first” ျဖစ္ပါတယ္ … အႏၱရာယ္ဟာဘာလဲ မသိေသးတဲ႔ ကေလးငယ္ေတြအတြက္ ကာကြယ္ျခင္းက အေကာင္းဆံုးကုသမွဳျဖစ္တယ္ … ဆိုတာေလး သတိခ်ပ္ေစခ်င္ပါတယ္။

ခ်စ္စရာရင္ေသြးတိုိ႕ ေဘးကင္းၾကပါေစ။ ။

ေဒါက္တာသက္ထားေရႊစင္ဝင္း (ကေလးဆရာဝန္)

Unicode

အစ်မရေ … အထူးအဆန််း Case တခုု ရောက်လာပြန်ပြီ။ ဟေ … ဘာများလဲ။

ကလေးက တနှှစ်ကျော်။ လမ်းလျှောက်ခါစ။ အမေက ထိန်းနေရာက ခဏထပြီး ရေသောက်တာ။ အဲဒီအချိန် ဘေးနားက ဘီဒိိုအံဆွဲထဲက Super glue ကို ဖွင့်ပြီး ပါးစပ်ထဲထည့်လို့။ ချက်ချင်းဆွဲလိုက်ပေမယ့် မမီလိုက်ဘူးတဲ့ ။ ခု ကြည့်လိုက်တော့ … အာခေါင်မှာရယ် လျှာပေါ်ရယ် ခြောက်ပြီးကပ်နေတယ်။

အင်း … ဖြစ်ရမယ်။ ကဲဲ ကဲ … ခုချက်ချင််း စာရှာဖတ်ကြဦး။ ဘယ်လိို Toxicity (အဆိပ်သင့်ခြင်း) ရနိုင်သလဲ။ ဘယ်လို ကုသမှုပေးရမလဲ ဆိုတာ။

Super Glue မှာ Cyanoacrylates ဆိိုတဲ့ ဓာတုပစ္စည်း အဓိက ပါဝင်ပါတယ်။ ကပ်အားအလွန်ကောင်းတဲ့ ဓာတုပစ္စည်းမို့ မတော်တဆ သူနဲ့ထိမိတဲ့အခါ အရေပြားအချင်းချင်း ပူးကပ်သွားတာ… ဦးရေပြားနဲ့ဆံပင်မှာ ထွေးကပ်သွားတာ …

ပါးစပ်ထဲဝင်သွားတဲ့အခါ … မျက်စိထဲဝင်ပြီး မျက်လုံးပိတ်သွားတာ … မျက်စိမျက်ကြည်လွှာထိခိုက်ပြီး အမြင်အာရုံကွယ်သွားတာ … တွေထိ ဖြစ်နိုင်ပါတယ်။ အမြန်ခြောက်သွားတတ်တဲ့ သဘာဝကြောင့် ပါးစပ်ထဲဝင်သွားခဲ့ရင် မြိုချမိတဲ့ထိဖြစ်ခဲပါတယ်။ ပါးစောင် အာခေါင် လျှာပေါ်မှာ ခြောက်ပြီး ကပ်သွားနိုင်ပါတယ်။

”First aid measure” Super Glue နဲ့ ကပ်မိိရင် အရေးပေါ် ဘာလုပ်ပေးနိုင်လဲ။

အရေပြားမှာ ကပ်ခဲ့ရင််

မပြာပါနဲ့။ကပ််နေတဲ့အရေပြားကို ဇွတ်ဆွဲမခွာပါနဲ့။ အရေပြား ထိခိုက်ပွန်းပဲ့နိုင်ပါတယ်။

ကပ်နေတဲ့နေရာကိို ဟင်းသီးဟင်းရွက်ဆီ (Vegetable oil) ရွှဲရွှဲလူးပေးထားပါ။ အဲဒါမရှိရင် ဆပ်ပြာနဲ့ရေနွေးနွေးနဲ့ စိမ်ထားပါ။

အရေပြားကို ရှေ့နောက်အသာအယာ ပွတ်ဆွဲလှိမ့်ပြီး အနားတွေကစပြီး ကပ်နေတဲ့ကော်ကို ငြင်ငြင်သာသာခွာကြည့်ပါ။

တခါနဲ့မရရင်် ဆီပြန်လူးပြီး ထပ်ခါထပ်ခါ ကြိုးစားကြည့်ပါ။ ချောမွတ်တဲ့ပစ္စည်းတခုခု (ဥပမာ ခဲတံ, ဘီး) ကို ကပ်နေတဲ့ကြားကထားပြီး အသာဆွဲဟကြည့်ပါ။ ခွာလို့ရသွားပြီးရင် ခြောက်သွေ့အက်ကွဲတာကာကွယ်ဖို့ အစိုဓာတ်ထိန်းတဲ့ ခရင် တခုခုလိမ်းပေးပါ။

မျက်စိိထဲ ဝင်တဲ့အခါ

မပြာပါနဲ့။မျက်ခွံကို ဇွတ်ဆွဲမခွာပါနဲ့။ ဒဏ်ရာရသွားနိုင်ပါတယ်။ကော်ဝင်သွားတဲ့မျက်စိကို ရေနွေးနွေးနဲ့ ချက်ချင်းဆေးပါ။

ရေဆွတ်ထားတဲ့အဝတ် သို့ ပတ်တီးနဲ့ အသာအုပ်ထားပြီး မျက်စိဆရာဝန်ထံ သွားပါ။

တကယ်လို့ ပြစရာမျက်စိိဆရာဝန်မရှိရင်လည်း ပြာပြီး လုပ်မိလုပ်ရာမလုပ်ပါနဲ့။ များသောအားဖြင့် ၁-၄ ရက်အတွင်း အလိုလို ပြန်ပွင့်လာပါလိမ့်မယ်။

ဆံံပင်နဲ့ဦးရေပြား

ရေနွေးနွေးနဲ့ ခေါင်းလျှော််ပါ။

Vegetable oil ဟင်းသီးဟင််းရွက်ဆီ သို့ Body oil ကိုယ်လိမ်းဆီ တမျိုးမျိုး ရွှဲရွှဲလူးပေးပါ။ တရက် နှစ်ရက်နေရင် အလိုလိုကွာကျသွားပါမယ်။ သိပ်လုံးထွေးနေရင် ဆံပင်ကို အသာလေး ရိတ်ပစ်လို့ရပါတယ်။

ပါးစပ်နဲဲ့နှုတ်ခမ်း

ဇွတ်ဆွဲမခွာပါနဲ့။ရေနွေးများများနဲ့ အသာဆေးပါ။

ပါးစပ်ထဲဲကပ်နေတဲ့ကော်ကို ပါးစပ်ထဲကသွားရေနဲ့ပဲ စိုအောင်လုပ်ပြီး လျှာကပွတ်တွန်းပေးပါ။ (ကလေးငယ်တွေကတော့ မလုပ်တတ်လောက်ဘူး။)

တရက်နှစ်ရက်နေလိို့ ကွာလာတဲ့အခါ မြိုမချမိဖို့ သတိထားရပါမယ်။ (ဒါလည်း ကလေးငယ်တွေအဖို့ ခက်ခဲမယ်။)

ရှာဖတ်ကြည့်တဲဲ့အခါ …

Super glue မျက်စိထဲဝင်ပြီး မျက်ကြည်လွှာပေါက်ပြီး မျက်စိကွယ်သွားတဲ့ကလေး …

ပါးစပ်အဝကပ်သွားပြီး အသက်ရှူခက်ပြီး ဆေးရုံံရောက်လာတဲ့ကလေး …

ခြောက်နေတဲ့ကော်စက လေပြွန်ထဲ ဝင်သွားပြီး အဆုတ်ရောင်ဖြစ် … လေပြွန်ထဲ မှန်ပြောင်းထည့်ပြီး ကော်ခြောက်အစအနတွေ ထုတ်ပစ်ရတဲ့ကလေး …အဲဒီလို ဇာတ်လမ်းတွေ မနည်းမနောပဲကိုး။

ဒါကြောင့်် ကလေးငယ်ရှိတဲ့ မိဘတွေအနေနဲ့ ”Safety is first” ဖြစ်ပါတယ် … အန္တရာယ်ဟာဘာလဲ မသိသေးတဲ့ ကလေးငယ်တွေအတွက် ကာကွယ်ခြင်းက အကောင်းဆုံးကုသမှုဖြစ်တယ် … ဆိုတာလေး သတိချပ်စေချင်ပါတယ်။

ချစ်စရာရင်သွေးတိို့ ဘေးကင်းကြပါစေ။ ။

ဒေါက်တာသက်ထားရွှေစင်ဝင်း (ကလေးဆရာဝန်)

Be the first to comment

Leave a Reply

Your email address will not be published.


*