ကံကောင်းချင်ရင် “စိတ်”ကောင်းကောင်းထားပါ ဘုရားရှိခိုးဖို့လည်း မပျင်းပါနဲ့

ကံကောင်းချင်ရင် ဘုရားရှိခိုးဖို့ မပျင်းပါနဲ့ဘုရားရှိခိုး မပျင်းနဲ့ အချိန်ဖြုန်းတဲ့ အလုပ် မဟုတ်ဘူး တစ်နေ့လုံးသုံးဖို့ စိတ်တန်ခိုး ထုတ်လုပ်တာ စိတ် ဓါတ်ဆီ ထည့်တာ စိတ် စက်ဆီ ဖြည့်တာသန့်စင်တဲ့ စိတ်ဖြစ်အောင် ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ရေနဲ့ ဆေးတယ်လို့မှတ်

စက်ကရိယာတွေကို ဆေးကြောသန့်စင်တယ်လို့ စိတ်ထဲ မှာ နှလုံးသွင်း ထား ဘုရားရှိခိုး တာ ဘုရား ဂုဏ်တော် ပွားတာ မေတ္တာပို့ တာ ထွက်လေဝင်လေ စူးစိုက်ပြီးမှ ငါးမိနစ် ဆယ်မိနစ် တရားထိုင် တာဟာ ကျန်းမာရေး လဲရ စိတ်ခွန်အား လဲကောင်း စိတ်ကြံခိုင်ရေး လဲတိုးတယ်..။

ကိုယ်ခန္ဓာ ခွန်အား တိုးတက် ကိုယ်ခန္ဓာ ကြံခိုင်ရေး လဲတိုးတက် အကုန်လုံး အကောင်းတွေချည်းပါပဲ ဘုရားရှိခိုး ပူဇော်ရသောအကျိုး ရှစ်မျိုး..

၁။ သွားလေ ရာရာ ရောက်လေရာ အရပ် ၁၀ မျက်နှာ တို့၌ အပူဇော် အချီးမြှောက် ကို ခံရခြင်း..

၂။ သွက်သွက် လက်လက်နှင့် ထက်မြတ်သော ဉာဏ်ပညာ ကိုရရှိ ခြင်း

၃။ ကိုယ့် အလိုလိုက်ပြီး ကိုယ့် အကြိုက်ကိုသာ လုပ်ကိုင်ပေးကြသော အခြွေအရံ ပရိသတ်နှင့် ပြည့်စုံရ ခြင်း

၎။ မရေ မတွက်နိုင်သော စည်းစိမ် ချမ်းသာနှင့် ပြည့်စုံ ခြင်း

၅။ ဘဝ တိုင်း ဘဝ တိုင်း အဆင်း ရုပ်ရည် လှပ ခြင်း

၆။ ကိုယ်လှ စိတ်လှ အတွင်းအပြင် လှပ သည့် အတွက် အများ ၏နှစ်သက်ခြင်း ကို ခံယူရခြင်း

၇။ မိတ်ဆွေ အပေါင်းအသင်း တို့၏ချစ်ခင်ရိုသေလေးစားမှု ခိုင်မြဲ ခြင်း

၈။ ကောင်းမြတ်သော သီတင်းကျော်စော ပျံ့နှံ့ခြင်း..

ဤ ၈ ပါးသော အကျိုး တို့ကို ဆုတောင်း ပတ္တနာ မပြုရဘဲ ဆုမတောင်း ရဘဲ ပြည့်စုံ ရသည်ဟု( တိဿ ရဏ ဂမနိယတ္ထေရ အပါဒါန် ) ပါဠိတော်မှာ လာသည်ယုံကြည်ကြည်နှင့် နေ့စဉ် မှန်မှန် ကြိုးစား ၍ ရှိခိုးကြပါ၊ ပူဇော်ကြ ပါ..။

ကျန်းမာ ချမ်းသာကြပါစေ..

မပျင်းကြနဲ့နော်..

Ashinvasava

Be the first to comment

Leave a Reply

Your email address will not be published.


*