”သားလေးကို အမွေဆက်ခံစေချင်တဲ့ ဆန္ဒကို ရင်ဖွင့်လိုက်တဲ့” အောင်လအန်ဆန်း ”….
ယူနီကုဒ်ဖြင့်ဖတ်ရန်
အောင်လအန်ဆန်းဟာ ဆိုရင် ကမ္ဘာ့အလည်မှာ မြန်မာကို ဂုဏ်တက်အောင် အမြဲတမ်း ကြိုးစားပေးနေခဲ့သူ တစ်ဦးဖြစ်ပြီး အောင်လအန်ဆန်းကြောင့်လည်
း မြန်မာ ဆိုတာကို တစ်ကမ္ဘာလုံးက နိုင်ငံတွေ တော်တော်များများက ချစ်လာ အားပေးလာကြတယ် ဆိုရင်လည်း မမှားပါဘူး။
လက်ဝှေ့ ထိုးသတ်ပွဲတွေ တိုင်းမှာ အောင်လအန်ဆန်းဟာ အမြဲတမ်းနီးပါး နိုင်ပွဲတွေ ဆက်တိုက် ရယူပေးနေခဲ့ပြီး သူ အနိုင်ရရှိတိုင်းမှာလည်း
မြန်မာ့ စပါးအုံးမြွေကြီး အဖြစ် တင်စားပြောဆိုခံရတာနဲ့ အညီ မြန်မာနိုင်ငံအလံကိုပဲ ခြုံပြီး အောင်ပွဲတွေ ခံတတ်သူ ဖြစ်တာကြောင့်လည်း
မြန်မာပရိသတ်တွေက အောင်လအန်ဆန်းကို ပိုတိုးပြီး ချစ်ခင် အားပေးကြတာပါ။ အောင်လအန်ဆန်းဟာ
ချစ်ဖို့ကောင်းတဲ့ ဇနီးဖြစ်သူနဲ့ သားလေးနဲ့ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေး ပိုင်ဆိုင်ထားသူ ဖြစ်ပြီး မိသားစုကို ကြင်နာတတ်တဲ့ အဖေကောင်း တစ်ယောက်လည်း
ဖြစ်ပါတယ်။ အောင်လအန်ဆန်းက သူ့ရဲ့ အားလပ်ချိန်တွေကို မိသားစုနဲ့ပဲ ကုန်ဆုံးတတ်ပြီး အားတဲ့ ရက်တွေမှာ သားလေးကို ကျောင်းလိုက်ပို့ပြီး ဂရုတစိုက်ရှိသူလည်း ဖြစ်ပါတယ်။
အဖေတိုင်းက ကိုယ့်ရင်သွေးကို ကိုယ့်ရဲ့ အမွေ ဆက်ခံစေချင်တဲ့ ရည်မှန်းချက်ကတော့ ရှိကြတာ
ချည်းပါပဲ။ အောင်လအန်ဆန်းဟာလည်း သားလေးအတွက် ရည်မှန်းချက် အကြီးကြီးတွေ ရှိပုံပေါ်ပါတယ်။
အောင်လက မကြာသေးမီက သူ့ရဲ့ လူမှုကွန်ယက်မှာ သားလေးအတွက် ရင်နဲ့အပြည့် ထားရှိတဲ့ ရည်မှန်းချက်ကို ရင်ဖွင့်လာခဲ့ပါတယ်။ အဲဒါကတော့ သားလေးကို သူ့လိုပဲ
ကမ္ဘာကျော် လက်ဝှေ့ပွဲတွေနဲ့ One Championship မှာ ယှဉ်ပြိုင် ထိုးသတ်စေချင်တဲ့ စိတ်ဆန္ဒပါ။
အောင်လက သားဦးလေး အောင်ဒီးကို အရွယ်ရောက်လာတဲ့အခါ One Championship မှာ ယှဉ်ပြိုင်ဖို့ မျှော်လင့်တဲ့ မျှော်လင့်ချက်ကို သူ့ရဲ့ လူမှုကွန်ယက်မှာ ရင်ဖွင့်
ထားခဲ့ပါတယ်။ အောင်လက One Championship ဝတ်စုံလေး ဝတ်ထားတဲ့ အောင်ဒီးလေးရဲ့ ဓာတ်ပုံလေးတွေကို တင်ထားပြီး
“နောက် ၁၅ နှစ်ဆိုရင် သားလေးအောင်ဒီး ONE Championship မှာယှဉ်ပြိုင်ထိုးသတ်ဖို့အတွက်အဆင်သင့်ဖြစ်နေလောက်ပါပြီ”
လို့ ရေးထားခဲ့တာပါ။ ပရိသတ်ကြီးအတွက် သားလေး အောင်ဒီး ရဲ့ ချစ်စရာကောင်းတဲ့ ဓာတ်ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
ပရိသတ်ကြီးရော အောင်လအန်ဆန်းကို အားပေးကြလား။ အောင်လရဲ့ နောက်ထပ် ထိုးသတ်မယ့် ပွဲတွေကိုရော အားပေးကြမှာလား။
အောင်ဒီးလေး အရွယ်ရောက်လာလို့ အဖေ့ခြေရာနင်းပြီး One Championship တွေမှာ ယှဉ်ပြိုင်ရင်ရော အားပေးကြမှာလား။ ပြောခဲ့ကြပါဦး။
credit myanmar daily news
Be the first to comment
Leave a Reply
Your email address will not be published.
*