ရွှေသားအစစ်နဲ့ဖန်တီးထားတဲ့ Accessories တွေကို Grand Final ပွဲမှာ ဝတ်ဆင်လာတဲ့ ဖြူဖြူကျော်သိန်း







Rowena

Source: ဝိန့်စိန်

Unicode

အမိုက်စား Vocal Power နဲ့ ဆန်းပြားလှပတဲ့ အဝတ်အစား၊ အသုံးအဆောင်တွေကို ဝတ်ဆင်တတ်တဲ့ အဆိုတော် ဖြူဖြူကျော်သိန်းဟာ ဂီတလောကရဲ့

ဘုရင်မတစ်ပါးလို့တောင် တင်စားရသူပါပဲ။ ဖြူဖြူကျော်သိန်းရဲ့ သီချင်းတိုင်းက ပရိသတ်တွေကြားမှာ တော်တော်လေး အောင်မြင်ပြီး ယခုထက်တိုင် ရေပန်းစားနေဆဲ ဖြစ်ပါတယ်။ ဖြူဖြူကျော်သိန်းရဲ့ ပရိသတ်တွေကလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အများအပြားရှိနေတာပဲ ဖြစ်ပါတယ်။

ဖြူဖြူကျော်သိန်းက အနုပညာလုပ်ငန်းတွေလည်း လုပ်ကိုင်နေသလို လက်ရှိမှာလည်း Myanmar Idol Season 4 မှာ ဒိုင်လူကြီးတစ်ယောက်အဖြစ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ Myanmar Idol Season 4 Grand Final မှာတော့ ဖြူဖြူကျော်သိန်းက သူမတစ်ကိုယ်လုံးကို ရွှေသားအစစ်တွေနဲ့ ဖန်တီးပြုလုပ်ထားတဲ့ Accessories တွေကို ညွှန့်နေအောင်ဝတ်ဆင်လာတာကို တွေ့ရပါတယ်။

ဖြူဖြူကျော်သိန်း ဝတ်ဆင်ထားတဲ့ ခေါင်းဆောင်း၊ ဘယက်၊ ခါးပတ်၊ နားကပ်၊ လက်ကောက်တို့ကို ဂရိရိုးရာပုံစံအတိုင်း ဆန်းသစ်ဖန်တီးထားပြီး အဲ့ဒီပစ္စည်းတွေအားလုံးကို ရွှေသားအစစ်နဲ့ အချိန်တစ်လကျော်ကြာ ဖန်တီးထားတာ ဖြစ်ပါတယ်။

ဖြူဖြူကျော်သိန်းကတော့ ပရိသတ်တွေရဲ့ စိတ်အာရုံကို တစ်ပတ်တစ်မျိုး ဖမ်းစားထားနိုင်သူပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖြူဖြူကျော်သိန်းရဲ့ ပုံရိပ်တွေကို

သဘောကျကြမယ် ထင်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena

Source: ဝိန့်စိန်

Be the first to comment

Leave a Reply

Your email address will not be published.


*