ပရိတ်သတ်တွေ စိတ်ဝင်စားနေတဲ့ သရုပ်ဆောင် မေသန်းနုရဲ့ သိန်းထောင်ချီ လိမ်လည်မှုအကြောင်း အပြည့်အစုံ

သရုပ်ဆောင် မေသန်းနုဟာ ဆောက်လုပ်ရေး လုပ်ငန်းရှင် ဒေါ်စန်းစန်းမြင့်ကို သိန်း ၁၂၀၀ လိမ်လည်မှု ဖြင့် ရန်ကင်းတရားရုံးမှာ တရားစွဲထားခဲ့တာ ဖြစ်ပြီး ယခုအခါမှာတော့ အလုပ်ကြမ်းနဲ့ထောင်ဒဏ်တစ်နှစ်ကျခံဖို့ အမိန့်ချခဲ့တာလို့သိရပါတယ်။

အဆိုပါ သတင်းကြောင့် ပရိတ်သတ်တွေနဲ့ အတူ အနုပညာလောကက ညီအစ်ကို မောင်နှမတွေကလည်း အရမ်းကို အံ့သြ ၀မ်းနည်းနေခဲ့ကြတာပါ။

ဒီအမှုနဲ့ ပက်သက်ပြီး လိမ်လည်ခံရသူ ဒေါ်စန်းစန်းမြင့်မှ အခုလိုပဲ မီဒီယာတွေမှာ ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။ ” တိုက်ခန်းစရံပေး ၀ယ်ရင်းနဲ့ စရံကို ပြန်တောင်းတဲ့အခါ မပေးလို့ တရားစွဲခဲ့တာပါ။

လိမ်လည်ခံရတာက ၂ နှစ် တရားစွဲတာက ၄ နှစ်နဲ့ စုစုပေါင်း ၆ နှစ်ကြာခဲ့ပါတယ်။ လိမ်ယူသွားတာတောင် ပြန်ပေးပါလို့ ကျွန်မတောင်းပန်ခဲ့တယ်။

တစ်လ ငါးသိန်း ဆပ်ခိုင်းခဲ့ပေမဲ့ နှစ်လသာ ဆပ်ခဲ့ပြီး နောက်ထပ် မပေးတဲ့အတွက် တရားစွဲခဲ့တာကို အမှန်အတိုင်း အမိန့် ချပေးတဲ့ တရားသူကြီးကိုလည်း ကျွန်မကျေးဇူးတင်ပါတယ်။

အရင်က ရင်းနှီးတာကတော့ မေသန်းနုက သူ့အမျိုးသား ဇင်ရော်မောင်မောင်နဲ့ အတူ အိမ်ပြန်တိုင်း ၉ အိမ် ၁၀ အိမ်လောက် ပြောင်းတိုင်း ကျွန်မပါတယ်။

အမြဲတမ်းလည်း သူ့ အပေါ် သိတတ်ပြီးတော့ အိမ်ပြောင်းတိုင်း ၀ိုင်းပြောင်း ၀ိုင်းကူ လုပ်ပေးခဲ့တယ်ပေါ့နော်။

ကျွန်မကတော့ သူ့ကို အရမ်းချစ်လို့ မျက်ရည်ကျပြီး င့ါပိုက်ဆံတွေ ပြန်ပေးပါ ဆိုပြီး တောင်းခဲ့တယ် ။ ဆိုပြီး မီဒီယာမှာ ဖြေဆိုပေးခဲ့တာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးခဲ့တဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ပါတယ်နော်။

Be the first to comment

Leave a Reply

Your email address will not be published.


*