ေမသန္းႏု ေထာင္က်ေသာ္လည္း ေငြျပန္ဆပ္ရမည့္ ပုဒ္မရွိေၾကာင္း ေရွ႕ေနတစ္ဦး ေျပာ

အျမင္ကြဲလြဲေနၾကသည့္အခ်က္အား ေျပာျပခ်င္ပါသည္။ အျခားမဟုတ္ပါ။ ႏိုင္ငံေက်ာ္မင္းသမီး တေယာက္ ေငြေခ်းၿပီးေနာက္ျပန္မဆပ္၍ ေငြရွင္က ပုဒ္မ ၄၂၀ လိမ္လည္မူ႔ျဖင့္ စြဲဆိုသည့္အခါ

ေထာင္ဒဏ္က်ခံသြားရသည့္ကိစၥျဖစ္ပါသည္ ထိုကိစၥအေပၚအခ်ိဳ႕က ေထာင္ဒဏ္က်ခံလိုက္ရ ေသာ္လည္း တန္ေၾကာင္း။ ေငြသိန္း ၁၂၀၀ နဲ႔ ေထာင္ ၁ ႏွစ္ လဲလိုက္ရသည္မွာ နစ္နာစရာမရွိ ေၾကာင္းျဖင့္ ေျပာဆိုေနၾကသည္ကိုေတြ႕လိုက္ရပါ သည္။

ထိုကဲ့သို႔ ယူဆခ်က္သည္မွန္ကန္ပါရဲ႕လား။ No ပါ။ တက္တက္စင္ေအာင္လြဲပါသည္။ ေထာင္ဒဏ္က်ခံ လိုက္ယုံမ်ျဖင့္ ေငြေပးဆပ္ရန္တာ၀န္မွ ကင္းလြတ္သြားျခင္းမရွိပါ။

လိမ္လည္မူ႔ ၄၂၀ သည္ ရာဇ၀တ္ေၾကာင္းအရ စြဲဆိုျခင္းသာျဖစ္ပါသည္။ ေထာင္က်သြားေသာ္ျငား ေငြျပန္မဆပ္ပါက တရားမေၾကာင္းအရ ေငြရလိုမူ႔ျဖင့္ ေငြရွင္က တရားစြဲဆိုခြင့္ရွိပါေသးသည္။

(သတိခ်ပ္ရန္မွာေတာ့ ေငြေပးဆပ္ရန္ သတ္မွတ္ထားသည့္ေန႔မွ ၃ ႏွစ္အတြင္း စြဲဆိုရန္ေတာ့လိုပါသည္။ ၃ ႏွစ္ေက်ာ္သြားလ်င္ေတာ့ အေဟာသိကံ ျဖစ္သြားပါလိမ့္မည္။)

တရားမေၾကာင္းျဖင္္ စြဲဆိုၿပီးေနာက္အမူ႔ႏိုင္ခဲ့လ်င္ ၁။ ေငြေပးဆပ္ရမည့္သူ ပိုင္ဆိုင္သည့္ အိမ္ၿခံေျမ တိုက္ခန္းမ်ားကို ေလလံပစ္၍ မိမိေငြမ်ားကို ျပန္လည္ ရယူႏိုင္သည့္အခြင့္အေရး ေငြရွင္ထံတြင္ ရွိပါသည္။ ၂။ ေငြေပးဆပ္ရမည့္

သူသည္ ေပးဆပ္ႏိုင္စြမ္းရွိပါလ်က္ တမင္မေပးဆပ္လ်င္ ၎အေပၚ ေငြရွင္မွတရားမေထာင္ခ်မွတ္‌ ေပးပါရန္ ေလွ်ာက္ထားခြင့္ရွိပါသည္။တရား႐ုံးမွ တရားမေထာင္ ခ်မွတ္ႏိုင္ ပါသည္။

အကယ္၍ လုံး၀ေပးဆပ္စရာမရွိခဲ့လ်င္ေတာင္မွ ေနာက္တခ်ိန္ ေငြေခ်းသူထံတြင္ ဥစၥာပစၥည္းမ်ား ျဖစ္ထြန္းလာပါက ေလလံပစ္၍ ရယူခြင့္ ေငြရွင္ထံတြင္ ရွိပါေသးသည္။

ထို႔ေၾကာင့္ နိဂုံးခ်ဳပ္ရေသာ္ ေငြကိစၥသည္ မေပးဆပ္မခ်င္း ေသသည့္တိုင္ေအာင္တာ၀န္ရွိမည္ျဖစ္ပါေကာင္း အက်ဥ္းခ်ဳပ္တင္ျပလိုက္ရပါသည္။

ေလးစားစြာျဖင့္ခရက္ဒစ္

Unicode

အမြင်ကွဲလွဲနေကြသည့်အချက်အား ပြောပြချင်ပါသည်။ အခြားမဟုတ်ပါ။ နိုင်ငံကျော်မင်းသမီး တယောက် ငွေချေးပြီးနောက်ပြန်မဆပ်၍ ငွေရှင်က ပုဒ်မ ၄၂၀ လိမ်လည်မူ့ဖြင့် စွဲဆိုသည့်အခါ

ထောင်ဒဏ်ကျခံသွားရသည့်ကိစ္စဖြစ်ပါသည် ထိုကိစ္စအပေါ်အချို့က ထောင်ဒဏ်ကျခံလိုက်ရ သော်လည်း တန်ကြောင်း။ ငွေသိန်း ၁၂၀၀ နဲ့ ထောင် ၁ နှစ် လဲလိုက်ရသည်မှာ နစ်နာစရာမရှိ ကြောင်းဖြင့် ပြောဆိုနေကြသည်ကိုတွေ့လိုက်ရပါ သည်။

ထိုကဲ့သို့ ယူဆချက်သည်မှန်ကန်ပါရဲ့လား။ No ပါ။ တက်တက်စင်အောင်လွဲပါသည်။ ထောင်ဒဏ်ကျခံ လိုက်ယုံမျဖြင့် ငွေပေးဆပ်ရန်တာဝန်မှ ကင်းလွတ်သွားခြင်းမရှိပါ။လိမ်လည်မူ့ ၄၂၀ သည် ရာဇဝတ်ကြောင်းအရ စွဲဆိုခြင်းသာဖြစ်ပါသည်။

ထောင်ကျသွားသော်ငြား ငွေပြန်မဆပ်ပါက တရားမကြောင်းအရ ငွေရလိုမူ့ဖြင့် ငွေရှင်က တရားစွဲဆိုခွင့်ရှိပါသေးသည်။ (သတိချပ်ရန်မှာတော့ ငွေပေးဆပ်ရန် သတ်မှတ်ထားသည့်နေ့မှ ၃ နှစ်အတွင်း စွဲဆိုရန်တော့လိုပါသည်။ ၃ နှစ်ကျော်သွားလျင်တော့ အဟောသိကံ ဖြစ်သွားပါလိမ့်မည်။)

တရားမကြောင်းဖြင်် စွဲဆိုပြီးနောက်အမူ့နိုင်ခဲ့လျင် ၁။ ငွေပေးဆပ်ရမည့်သူ ပိုင်ဆိုင်သည့် အိမ်ခြံမြေ တိုက်ခန်းများကို လေလံပစ်၍ မိမိငွေများကို ပြန်လည် ရယူနိုင်သည့်အခွင့်အရေး ငွေရှင်ထံတွင် ရှိပါသည်။ ၂။ ငွေပေးဆပ်ရမည့်

သူသည် ပေးဆပ်နိုင်စွမ်းရှိပါလျက် တမင်မပေးဆပ်လျင် ၎င်းအပေါ် ငွေရှင်မှတရားမထောင်ချမှတ်‌ ပေးပါရန် လျှောက်ထားခွင့်ရှိပါသည်။တရားရုံးမှ တရားမထောင် ချမှတ်နိုင် ပါသည်။

အကယ်၍ လုံးဝပေးဆပ်စရာမရှိခဲ့လျင်တောင်မှ နောက်တချိန် ငွေချေးသူထံတွင် ဥစ္စာပစ္စည်းများ ဖြစ်ထွန်းလာပါက လေလံပစ်၍ ရယူခွင့် ငွေရှင်ထံတွင် ရှိပါသေးသည်။

ထို့ကြောင့် နိဂုံးချုပ်ရသော် ငွေကိစ္စသည် မပေးဆပ်မချင်း သေသည့်တိုင်အောင်တာဝန်ရှိမည်ဖြစ်ပါကောင်း အကျဉ်းချုပ်တင်ပြလိုက်ရပါသည်။

လေးစားစွာဖြင့်ခရက်ဒစ်

Be the first to comment

Leave a Reply

Your email address will not be published.


*