ရွှေကြိုရွေးချယ်မှုအကဲဖြတ်ဒိုင်တစ်ဦးဖြစ်သူ ထပ်ဆင့်အကယ်ဒမီ မေသန်းနု နေရာတွင် အကယ်ဒမီမျိုးသန္တာထွန်း တာဝန်ယူမည်




သတင်း – အဉ္ဇလီသင်း/ စံတော်ချိန်,ဓာတ်ပုံ – မျိုးသန္တာထွန်း ဖေ့စ်ဘွတ်ခ်

Unicode

၂၀၂၀ အကယ်ဒမီဆုပေးပွဲအတွက် ရွှေကြိုရွေးချယ်မှုတွင် အကဲဖြတ်ဒိုင်အဖြစ် တာဝန်ယူထားသည့် အကယ်ဒမီ မေသန်းနု နေရာတွင် အကယ်ဒမီ မျိုးသန္တာထွန်းက အကဲဖြတ်ဒိုင်လူကြီးအဖြစ် တာဝန်ယူသွားမယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဒါရိုက်တာ ဦးညီညီထွန်းလွင်က ပြောသည်။

လက်ရှိအချိန်တွင် အကယ်ဒမီ မေသန်းနုကို ဇန်နဝါရီ ၂ ရက်တွင် ရန်ကင်းမြို့နယ်တရားရုံးက လိမ်လည်မှု ပုဒ်မ ၄၂၀ ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁ နှစ် ချမှတ်ခံထားရသူဖြစ်သည်။

၂၀၂၀ ပြည့်နှစ်အတွင်း ကျင်းပမည့် အကယ်ဒမီရွှေကြိုရွေးချယ်မှုကို လာမည့် ဇန်နဝါရီ ၂၀ ရက်တွင် စတင်အကဲဖြတ်သွားမည်ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှသိရသည်။

သတင်း – အဥ္ဇလီသင်း/ စံတော်ချိန်,ဓာတ်ပုံ – မျိုးသန္တာထွန်း ဖေ့စ်ဘွတ်ခ်

Be the first to comment

Leave a Reply

Your email address will not be published.


*