ခလေးငယ်ရှိတဲ့အိမ်တွေ အထူးဂရုစိုက်ကြပါ…. သတ္တဝါတွေကို မေတ္တာများများပို့ ပါ…ကပ်ဆေးတဲ့ အထဲ မပါပါစေနဲ့ …..

ကပ်ဆေးတဲ့ အထဲ မပါပါစေနဲ့ 

အရှေ့အလယ်ပိုင်းမှာ စစ်ကိုဦးတည်နေတယ်….

တရုတ်မှာ ရောဂါအသစ်ပေါ်နေတယ် ဆေးမရှိသေးဘူးတဲ့…

သြစတေးလျှာမှာ တောမီးလောင်နေတာ ဧကဆယ်သန်းကျော်နေပြီ …..

တိရစ္ဆာန် သန်းငါးရာကျော်သေတယ်တဲ့ ….လူတွေလည်း အိုးပြစ်အိမ်ပြစ်ပြီး ထွက်ပြေးနေရပြီ….

အင်ဒိုမှာရေကြီးတာ လူတွေသန်းနဲ ချီပြီး ကိုယ်လွတ်ရုန်းထွက်ပြေးနေရတယ်….

မြန်မာမှာလည်း ပြဿနာပေါင်း သောင်းခြောက်ထောင်….

ဒါတွေဟာ ဗုဒ္ဓတရားတော်အရတော့ ကပ်သုံးပါးဆိုက်တာပါပဲ …..

အရင်က ဖြစ်ခဲ့တဲ့ ပြဿနာတွေထက် အခုတပြိုင်နက်တည်းဖြစ်နေတာဟာ ကပ်ဘေးကြောင့်ဆိုတာ ငြင်းလို့ မရပါဘူး…..

ဘာသာအားလုံးရဲ့ အယူအဆအတိုင်း ဘုရားသခင်ကြောင့်လား ဖန်ဆင်းရှင်ကြောင့်လား….

ဗုဒ္ဓဘာသာတွေရဲ့အယူအဆအတိုင်း လူသားတေရဲ့ အကုသိုလ်ကံတွေကြောင့်လားဆိုတာ မငြင်းလိုတော့ပါဘူး….

ကပ်ဘေးကတော့ သူ့ အလုပ်သူလုပ်သွားမှာပါပဲ….

ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့အတွက် ကာကွယ်ခွင့်ရအောင် ဗုဒ္ဓဘာသာတွေရဲ့အယူအဆနဲ့ ပဲပြောပါမယ်….

အစာရေစာရှားပါးမယ်….

လက်နတ်ဘေးပေါများမယ်…..

ရောဂါဘေး ပေါများမယ်…

ဒီလိုကပ်ဘေးမျိုးတွေဟာ ဘုရားရှင်လက်ထက်က ဝေသာလီမှာ ဖြစ်ဖူးလို့ ဘုရားရှင်ကိုယ်တိုင် ပရိတ်ပဌာန်းတွေရွတ်ပြီး ကာကွယ်ခဲ့ဘူးတယ်….

သီဟိုဠ်မှာလည်း ကပ်ဘေးဖြစ်ဖူးတာ တဆယ့်နှနှစ်တောင်…..

မိုးခေါင်ဖူးလို့ သတ္တဝါတွေ အတိဒုက္ခရောက်ခဲ့ကြတယ်…..

အဲဒီတုန်းကလည်း ရဟန်းသံဃာတော်တွေဟာ အရမ်းပင်ပမ်းပြီး ဗုဒ္ဓတရားတော်တွေနဲ့ ပဲ ကာကွယ်ဖြစ်သန်းခဲ့ရတယ်…..

လယ်တီဆရာတော်ကြီးလက်ထက်တော်အခါကလည်း ကပ်ဘေးကျရောက်ခဲ့လို့ ဆရာတော်ကြီးဟာ ပရိတ်ပဌာန်းတွေ အမိန့် တော်ပြန်တမ်းတွေ နဲ့ ကာကွယ်တားဆီးခဲံရဘူးတယ်…..

နိုင်ငံကြီးတေ စစ်ဖြစ်လို့ ကိုယ်နဲ့ မဆိုင်ဘူးမထင်လိုက်ပါနဲ့ ….

ကုန်ဈေးနုန်းတွေတက်မယ်….

စီးပွားရှာရခက်မယ် ….

ခိုးဆိုးလုနှုက်တွေ ပေါလာမယ် ….

လူတေ အသေဆိုးနဲ့ သေကြမယ်….

ဖုတ်ပြိတ္တာတွေ ရဲ့ နှောင့်ယှက်မှု့ကြောင့် အနိဌာရုံတွေ ပိုများလာမယ်…

ဒီလိုကပ်ဘေးတွေ လာမယ်ဆိုရင် ဗုဒ္ဓတရားတော်တွေနဲ့ ကာကွယ်ယုံကလွဲပြီး ဘာမှမတတ်နိုင်ပါဘူး…

ဒါကြောင့်….ဗုဒ္ဓဘာသာ ပြည်သူများ ပရိတ်ပဌာန်းတရားတော်ကြီးများကို ရွတ်ကြပါ….

မရွတ်နိုင်က ဖွင့်ကပါ အိမ်ဝိုင်းခြံဝိုင်းတွေကို ပရိတ်အရံအတားတွေ လုပ်ကြပါ….

အမဲသား လုံးဝမစားကြပါနဲ့ …..ဖြစ်နိုင်ရင်အသက်သက်လွတ်စားကြပါ ….

ဘုရားရှင်အသက်သက်လွတ်စားဖို့ မဟောခဲ့ပေမဲ့ ဘုတ်ပြိတ္တာတွေ အသားငါးစားရင် နှောင့်ယှက်ရတာပိုလွယ်ကူလို့ မစားသင့်တာပါ….

ခလေးငယ်ရှိတဲ့အိမ်တွေ အထူးဂရုစိုက်ကြပါ….

သတ္တဝါတွေကို မေတ္တာများများပို့ ပါ…

ရတနာသုံးပါးကို မပြစ်မှား မစော်ကားကြပါနဲ့ ချက်ချင်းလက်ငင်းအကျိုးပေးတတ်ပါတယ်…

တသံသရာလုံးက အကုသိုလ်များ ဝင်ရောက်အကျိုးပေးတတ်လို့ အပြောအဆို အနေအထိုင် အသွားအလာ ဆင်ခြင်ကြပါ….

ကပ်ဘေးတွေဆိုက်လာရင် ဗုဒ္ဓဘာသာတွေမှာ ကာကွယ်ဖို့ ကုသဖို့  နည်းစနစ်တွေရှိတယ်ဆိုတာ ဘယ်တော့မှမမေ့ကြပါ …အထူးတိုက်တွန်းပါရစေ……။

ဦးမြင့်ခိုင် / share ပေးခြင်းဖြင့် ကူညီကြပါ

unicode

Be the first to comment

Leave a Reply

Your email address will not be published.


*