တစ်သောင်းတန်အထပ်လိုက်နဲ့ နိုင်ငံခြားငွေအပြည့်ပါတဲ့ အိတ်ကို ရေသည်ကောင်လေး ကောက်ရတဲ့အခါ

လူဆင်းရဲပေမယ့် စိတ်ဓာတ်မဆင်းရဲတဲ့ လူတွေကတော့ လောကမှာ ရှိသလို ၊ လူချမ်းသာပြီး စိတ်ဓာတ်မဲတေနေတဲ့သူတွေကလည်းဒုနဲ့ဒေးပါပဲနော်။

ငွေချမ်းသာတိုင်းလူမပီသနိုင်သလို ၊ ဆင်းရဲတိုင်းလည်း အောက်တန်းကျတဲ့ စိတ်ဓာတ် မရှိကြဘူးဆိုတာကို ပုဇွန်တောင်က ရေရောင်းတဲ့ နယ်က ကောင်လေးက သက်သေပြန်လိုက်တာပါပဲ။

ဒီအကြောင်းကို လဲ့ရည်ဝင်းဆိုတဲ့ အမျိုးသမီးက သူကိုယ်တိုင် ကြုံခဲ့ရတဲ့ လေးစားဖွယ်စိတ်ဓာတ်ပိုင်ရှင်လေး အကြောင်းကို အခုလိုပဲ ပြောပြထားပါတယ်..။

တနေကုန် အလုပ်ရူပ် ၊ ပြာယာခတ်ပြီး ပိုက်ဆံအိတ် ဘယ်နားကျပျောက်လို့ ကျခဲ့မှန်းမသိ၊ ပျောက်မှန်းလဲမသိ၊

ညနေ ၆နာရီကျော် အိမ်ပြန်အလာ လမ်းတဝက်ရောက်တော့ ရုံးက ညီမတယောက်ဆီ ဖုန်းဝင်လာပြီး ကျမပိုက်ဆံအိတ်တစ်ခု

ကောက်တွေ့လို့ ပိုက်ဆံအိတ်ထဲက ကဒ်တွေ တစ်ခုပြီးတစ်ခု ဆက်ရင်း ကျမရုံးက ညီမဆီ ရောက်လာလို့ လမ်းကနေ ရုံးပြန် ယူရတယ်။

ပိုက်ဆံအိတ်ကောက်တွေ့တယ်ဆိုတော့ ကဒ်တွေကျန်တဲ့ အိတ်ခွံ လို့ဘဲ ထင်ထားတာ၊ ရုံးရောက်တော့ ၁၀သိန်းကျော် ငွေသား အပြည့်၊

လက်ကျန် တရုတ်ယွမ် ၂၀၀၀ကျော်၊ ဒေါ်လာ အနည်းငယ် လက်ရာမပျက်.. ပြန်ပေးတဲ့ သူက ၄၅/ ၄၆လမ်း နဲ့ ပုဇွန်တောင် တစ်လျှောက် ရေရောင်းတဲ့ နယ်ကကောင်လေး၊ ရိုးသားလိုက်တာ…

အိတ်ပြန်ပေးပီး အမ စစ်ကြည့်ပါအုန်းတဲ့ ၊ ရုံးလာပေးရှာတယ်။ ဗုဒ္ဓဘာသာ အဆုံးအမအောက်က လူဆင်းရဲပေမယ့် စိတ်ဓါတ်၊ အကျင့်စာရိတ္တမြင့်မားတဲ့ ရေသည် မောင်လေးကို ကျေးဇူးတင်စွာဖြင့်ရေးမိပါသည်။

ဘဝတလျှောက် ရိုးသားကြိုးစားမူ့ကြောင့် လိုရာပန်းတိုင် အမြန်ဆုံးရောက်ရှိပါစေ…

လဲ့ (Leyee Win) လေးစားစွာဖြင့် ကဲ ပရိသတ်ကြီးရေ.။ လေးစားဖွယ် စိတ်ဓာတ်နဲ့ လုပ်ရပ်အတွက် ဒီလို လူမျိုးတွေ ကျွန်တော်

လူ့အဖွဲ့အစည်းမှာ များစွာ ရှိနေသင့်တာကြောင့် အားလုံး အတုယူနိုင်အောင်လို့မျှဝေပေးခဲ့ပါဦးနော်။

Writer- SMT(Shwe Yaung Lan)

Be the first to comment

Leave a Reply

Your email address will not be published.


*