သီခ်င္းဆိုရတာႀကိဳက္တဲ့သူေတြက ေပ်ာ္ရႊင္မႈအစစ္အမွန္ကို ပိုင္ဆုိင္ထားသူေတြပါတဲ့

သီခ်င္းဆိုရတာႀကိဳက္တဲ့သူေတြက ေပ်ာ္ရႊင္မႈအစစ္အမွန္ကို ပိုင္ဆုိင္ထားသူေတြပါတဲ့

သူငယ္ခ်င္းေတြထဲမွာ သီခ်င္းသံၾကားလိုက္တာနဲ႔ လုိက္ဆုိတတ္တဲ့ အဆိုေတာ္ေတြ႐ွိလား ဒါမွမဟုတ္ ကိုယ္တုိင္က သီခ်င္းဆိုရတာကို ႀကိဳက္တဲ့သူ တစ္္ေယာက္လား။

ဒါဆိုရင္ေတာ့ တကယ့္ကို ေကာင္းမြန္တဲ့ အက်င့္ကို ပိုင္ဆိုင္ထားတာျဖစ္ၿပီးေတာ့ သီခ်င္းဆိုရတာ ႀကိဳက္တဲ့သူေတြက ဘဝမွာ ပိုေပ်ာ္႐ႊင္ၾကတဲ့ သူေတြျဖစ္ၾကပါတယ္တဲ့ေနာ္။

ဘယ္လိုအေၾကာင္းေတြေၾကာင့္မ်ားလဲဆိုတာ ၾကည့္လုိက္ၾကရေအာင္။

အသက္႐ွည္ေစတယ္

ေလ့လာေတြ႕႐ွိခ်က္ေတြအရ သီခ်င္းဆိုတတ္တဲ့သူေတြဟာ အသက္ပို႐ွည္ၾကပါတယ္တဲ့။ ဘာေၾကာင့္လဲဆိုေတာ့ သီခ်င္းဆိုလိုက္တဲ့အခါ ႏွလံုးက်န္းမာေရးကို ေကာင္းမြန္ေစၿပီး

စိတ္ခံစားခ်က္ေကာင္းေတြကို ျဖစ္ေပၚေစပါတယ္။ အာ႐ံုခံစားမႈအားလံုးကို တုိးတက္ေကာင္းမြန္ေစႏုိင္လို႔ အသက္႐ွည္ က်န္းမာၾကပါတယ္တဲ့။

စိတ္ဖိစီးမႈ ကင္းေဝးေစတယ္

အလုပ္မွာ ဖိစီးလာတဲ့စိတ္ေတြကို သီခ်င္းဆိုၿပီး သြားေပါက္ကြဲတတ္ၾကတယ္ဟုတ္။ ဒီလုိလုပ္ျခင္းက တကယ့္ကို ထိေရာက္ၿပီးေတာ့ ဖိစီးေနတဲ့စိတ္ေတြကို ေလ်ာ့ခ်ေပးနုိင္စြမ္း႐ွိပါတယ္။

သီခ်င္းဆိုလုိက္တဲ့အခါမွာ ခံစားခ်က္ကို ေကာင္းမြန္ေစတဲ့ ေဟာ္မုန္းတစ္မ်ိဳးကို ထုတ္ေပးတဲ့အတြက္ေၾကာင့္ စိတ္ဖိစီးမႈကို ေလ်ာ့က်ေစတာ ျဖစ္ပါတယ္။ သီခ်င္းဆိုလုိက္ရင္ ေပ်ာ္႐ႊင္သလုိ

ခံစားရတာဟာ ခႏၶာကိုယ္က ဒီေဟာ္မုန္းကို ထုတ္လႊတ္ေပးတဲ့ အတြက္ေၾကာင့္ပဲ ျဖစ္ပါတယ္။

အလုပ္လုပ္ခ်င္စိတ္ကို ျဖစ္္ေပၚေစတယ္

ပ်င္းရိေနတဲ့အခ်ိ္န္၊ ဘာမွမလုပ္ခ်င္ မကုိင္ခ်င္ျဖစ္ေနတဲ့အခ်ိန္မ်ိဳးမွာ သီခ်င္းဆုိလုိက္ျခင္းက သင့္ကို လန္းဆန္းတက္ၾကြလာေစၿပီး အလုပ္လုပ္ခ်င္စိတ္ကို ျဖစ္ေပၚလာေစပါတယ္။

သီခ်င္းဆိုလုိက္ျခင္းျဖင့္ ေသြးလည္ပတ္မႈကို ေကာင္းမြန္ေစၿပီး အဆုတ္နဲ႔ ႏွလံုးရဲ႕ လုပ္ေဆာင္ခ်က္ေတြကို တုိးျမင့္ေပးတဲ့အတြက္ လန္းဆန္းတက္ၾကြမႈကို ျဖစ္ေပၚေစပါတယ္။

သီခ်င္းဆုိၿပီးအလုပ္လုပ္ျခင္းက လူကို မပင္ပန္းပဲ အလုပ္တြင္ေစပါတယ္။

ေကာင္းစြာ အိပ္ေပ်ာ္ေစတယ္

ညဘက္ အိပ္မရတဲ့ သူေတြအတြက္ ဒါကို စမ္းၾကည့္သင့္ပါတယ္ေနာ္။ သီခ်င္းဆိုျခင္းက ညဘက္ အိပ္စက္တဲ့အခါ ေဟာက္တတ္တဲဲ့အက်င့္ကို ေပ်ာက္ကင္းေစၿပီး ေကာင္းမြန္စြာ အိပ္ေပ်ာ္ေစပါတယ္။

သီခ်င္းဆိုလုိက္ျခင္းအားျဖင့္ ဦးေခါင္းခြံ႐ိုးနဲ႔ ၾကြက္သားေတြကို ေျပေလ်ာ့ေစႏုိင္ၿပီး အိပ္တဲ့အခါ ေဟာက္တတ္တ ဲ့အက်င့္ကို သက္သာေစပါတယ္ေနာ္။

Unicode

သီချင်းဆိုရတာကြိုက်တဲ့သူတွေက ပျော်ရွှင်မှုအစစ်အမှန်ကို ပိုင်ဆိုင်ထားသူတွေပါတဲ့

သူငယ်ချင်းတွေထဲမှာ သီချင်းသံကြားလိုက်တာနဲ့ လိုက်ဆိုတတ်တဲ့ အဆိုတော်တွေရှိလား ဒါမှမဟုတ် ကိုယ်တိုင်က သီချင်းဆိုရတာကို ကြိုက်တဲ့သူ တစ််ယောက်လား။

ဒါဆိုရင်တော့ တကယ့်ကို ကောင်းမွန်တဲ့ အကျင့်ကို ပိုင်ဆိုင်ထားတာဖြစ်ပြီးတော့ သီချင်းဆိုရတာ ကြိုက်တဲ့သူတွေက ဘဝမှာ ပိုပျော်ရွှင်ကြတဲ့ သူတွေဖြစ်ကြပါတယ်တဲ့နော်။

ဘယ်လိုအကြောင်းတွေကြောင့်များလဲဆိုတာ ကြည့်လိုက်ကြရအောင်။

အသက်ရှည်စေတယ်

လေ့လာတွေ့ရှိချက်တွေအရ သီချင်းဆိုတတ်တဲ့သူတွေဟာ အသက်ပိုရှည်ကြပါတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ သီချင်းဆိုလိုက်တဲ့အခါ နှလုံးကျန်းမာရေးကို ကောင်းမွန်စေပြီး

စိတ်ခံစားချက်ကောင်းတွေကို ဖြစ်ပေါ်စေပါတယ်။ အာရုံခံစားမှုအားလုံးကို တိုးတက်ကောင်းမွန်စေနိုင်လို့ အသက်ရှည် ကျန်းမာကြပါတယ်တဲ့။

စိတ်ဖိစီးမှု ကင်းဝေးစေတယ်

အလုပ်မှာ ဖိစီးလာတဲ့စိတ်တွေကို သီချင်းဆိုပြီး သွားပေါက်ကွဲတတ်ကြတယ်ဟုတ်။ ဒီလိုလုပ်ခြင်းက တကယ့်ကို ထိရောက်ပြီးတော့ ဖိစီးနေတဲ့စိတ်တွေကို လျော့ချပေးနိုင်စွမ်းရှိပါတယ်။

သီချင်းဆိုလိုက်တဲ့အခါမှာ ခံစားချက်ကို ကောင်းမွန်စေတဲ့ ဟော်မုန်းတစ်မျိုးကို ထုတ်ပေးတဲ့အတွက်ကြောင့် စိတ်ဖိစီးမှုကို လျော့ကျစေတာ ဖြစ်ပါတယ်။ သီချင်းဆိုလိုက်ရင် ပျော်ရွှင်သလို

ခံစားရတာဟာ ခန္ဓာကိုယ်က ဒီဟော်မုန်းကို ထုတ်လွှတ်ပေးတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

အလုပ်လုပ်ချင်စိတ်ကို ဖြစ််ပေါ်စေတယ်

ပျင်းရိနေတဲ့အချိ်န်၊ ဘာမှမလုပ်ချင် မကိုင်ချင်ဖြစ်နေတဲ့အချိန်မျိုးမှာ သီချင်းဆိုလိုက်ခြင်းက သင့်ကို လန်းဆန်းတက်ကြွလာစေပြီး အလုပ်လုပ်ချင်စိတ်ကို ဖြစ်ပေါ်လာစေပါတယ်။

သီချင်းဆိုလိုက်ခြင်းဖြင့် သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး အဆုတ်နဲ့ နှလုံးရဲ့ လုပ်ဆောင်ချက်တွေကို တိုးမြင့်ပေးတဲ့အတွက် လန်းဆန်းတက်ကြွမှုကို ဖြစ်ပေါ်စေပါတယ်။

သီချင်းဆိုပြီးအလုပ်လုပ်ခြင်းက လူကို မပင်ပန်းပဲ အလုပ်တွင်စေပါတယ်။

ကောင်းစွာ အိပ်ပျော်စေတယ်

ညဘက် အိပ်မရတဲ့ သူတွေအတွက် ဒါကို စမ်းကြည့်သင့်ပါတယ်နော်။ သီချင်းဆိုခြင်းက ညဘက် အိပ်စက်တဲ့အခါ ဟောက်တတ်တဲဲ့အကျင့်ကို ပျောက်ကင်းစေပြီး ကောင်းမွန်စွာ အိပ်ပျော်စေပါတယ်။

သီချင်းဆိုလိုက်ခြင်းအားဖြင့် ဦးခေါင်းခွံရိုးနဲ့ ကြွက်သားတွေကို ပြေလျော့စေနိုင်ပြီး အိပ်တဲ့အခါ ဟောက်တတ်တ ဲ့အကျင့်ကို သက်သာစေပါတယ်နော်။

Be the first to comment

Leave a Reply

Your email address will not be published.


*