၂၀၂၀ ခုနှစ် ဝူဟန်ဗိုင်းရပ်စ် နှင့် သမိုင်းတလျောက် နှစ်တစ်ရာပြည့်တိုင်း ကမ္ဘာမှာ ဖြစ်ပွားလေ့ရှိခဲ့သော ကပ်ရောဂါများ ရဲ့တိုက်ဆိုင်မှု
Crd;Happy Box
Unicode
ကမ္ဘာကူးစက်ရောဂါဖြစ်ပွားမှု့ကိုခြုံငုံသုံးသတ်ကြည့်သည့်အခါထူးထူးခြားခြားသတိထားမိသည်က နှစ်၁၀၀ပြည့်တိုင်းတွင် လူသေများသည့် ကပ်ရောဂါတစ်ခုဖြစ်ပွားလေ့ရှိကြောင်းသီအိုရီအရ တွေ့ရှိရပေသည်။
ကျွန်တော်တို့လေ့လာမိသလောက် ၁၇၂၀ခုနှစ်မှစတင်၍သတိထားမိလာသည်မှာသမိုင်းတစ်လျောက်နှစ်၁၀၀ပြည့်တိုင်းကူးစက်ရောဂါတစ်ခုပြင်းပြင်းထန်ထန်ပေါ်ပေါက်လာသည်ကိုတွေ့ရှိရပေသည်။
သမိုင်းကိုကျွန်တော်တို့ခဏလောက်ပြန်လှည့်ကြည့်ရအောင်
၁၇၂၀ခုနှစ်တွင် The Great Plague of Marseille ဟုခေါ်သောပလိပ်ရောဂါပြန်ပွားခဲ့တာတွေ့ရသည်။The Great Plague of Marseille ရဲ့ထိရောက်မှု့ကတော့အံ့မခန်းအောင်ပင်ပြင်သစ်နိုင်ငံမာဆေးမြို့တွင်လူပေါင်း တစ်သိန်းကျော်သေဆုံးခဲ့ရတဲ့ဝမ်းနည်းစရာဖြစ်ရပ်တစ်ခုဖြစ်ခဲ့ရပါတယ်။
၁၈၂၀ခုနှစ်တွင် ကမ္ဘာ့ပထမဆုံးကာလဝမ်းရောဂါဖြစ်ပွားခဲ့ပြီးထိုင်း၊ဖီလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံတို့ကပြင်းထန်စွာခံစားခဲ့တာတွေ့ရှိရပါတယ်။အင်ဒိုနီးရှားနိုင်ငံဂျာဗားကျွန်းတစ်ခုတည်းတွင်ပင်ကာလဝမ်းရောဂါခံစားရပြီးသေဆုံးသူတစ်သိန်းထက်မနည်းရှိခဲ့ပါတယ်။
၁၉၂၀ခုနှစ်မှာတော့The Spanish Flu လို့ခေါ်တဲ့တုတ်ကွေးရောဂါတစ်မျိုးပျံ့နှံ့လာခဲ့ပါတယ်။ဒါကိုတော့ယနေ့ခေတ်မှာH1N1လိုခေါ်တွင်နေကျတာပဲဖြစ်ပါတယ်။ကမ္ဘာ့သမိုင်းတစ်လျောက်တွင် ကမ္ဘာလူဦးရေသန်း၅၀၀အနက် သန်း၁၀၀ကို မျိုးုဖြုတ်သတ်ဖြတ်သွားတဲ့ဗိုင်းရပ်စ်တစ်မျိုးလည်းပဲဖြစ်ပါတယ်။
ဒီတော့ ၂၀၂၀မှာဘာဖြစ်သွားနိုင်လဲ???
ခုတလောတရုတ်နိုင်ငံမှာဖြစ်ပွားနေတဲ့ ဝူဟန်ဗိုင်းရက်စ်ကြောင့် တခြားနိုင်ငံအတော်များများမှာပါ ကူးဆက်ပျံ့နှံ့နေပါတယ်။တကယ့်ကိုထိတ်လန့်ဖွယ်ရာအခြေအနေကို ရောက်ရှိနေပြီဖြစ်ပြီး ဝူဟန်မြို့က ကုန်တိုက်တွေမှာ ဆန်အပါအဝင်
အစားအသောက်များစွာကို အတင်းလုယတ်နေတဲ့အခြေအနေထိကိုရောက်ရှိနေပြီး ကြောက်မက်ဖွယ်ရာအတိဖြစ်နေပါပြီ။ဝူဟန်ဗိုင်းရက်က အသက်ရှူလမ်းကြောင်းကနေသာမက မျက်လုံးကနေပါ ကူးဆက်နိုက်ကြောင်းကြေငြါအပြီးမှာ မြို့သူမြို့သားတွေဟာ အရမ်းကိုထိတ်လန့်နေကြပြီဖြစ်ပါတယ်။
Crd;Happy Box
Be the first to comment
Leave a Reply
Your email address will not be published.
*