“နိုင်ငံခြားမှာသွားရောက်ကုသမှ ဖြစ်မ ည့် ဦးနှောက်မှာအ ကျိတ်တည်နေ တဲ့ သမီးလေးအတွက် အလှူငွေပါဝင်ကူညီခဲ့တဲ့ အိမ့်ချစ်”

နိုင် ငံကျော်အဆိုတော် အိမ့်ချစ်ကတော့ လတ်တလော လူမှုကွန်ရက် မှာ ဟိုးလေးတစ်ကျော်ကျော်ဖြစ်နေတဲ့ Brain Stem tumor ရောဂါခံစားနေရတဲ့ အသက်(၅)နှစ်အရွယ်သမီးလေး နိုင်ငံခြားမှာသွားရောက်ကုသရန် လိုအပ်နေတဲ့

ဆေးကုသစရိတ်ကို ကူညီလှူဒါန်းရာမှာ ပါဝင်လှူဒါန်းခဲ့တဲ့အကြောင်းကို “ဒီသမီးလေးအတွက် တစ်ယောက်တစ်ထောင်ကျပ်နဲ့ ဝိုင်းဝန်းကူညီပေးဖို့ တောင်းဆိုတဲ့ post တွေလဲ ဖတ်ကြရမယ်ထင်ပါတယ်။ အိမ့်ချစ်လဲတတ်နိုင်သလောက်ရှဲပေးသလို လူ ၅၀၀ ကိုယ်စား ၅ သိန်းကျပ်ကူညီပေးခဲ့ပါတယ်။

သမီးလေးခံစားနေရတဲ့အရွယ်နဲ့မမျှတဲ့ရောဂါပျောက်ကင်းအောင် ကုသနိုင်ပါစေသမီးလေးရေ ထပ်ပြီးလည်းတခြားသူတွေကို အကူညီတောင်းပါရစေ” လို့ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

ချစ်စရာကောင်းသော ၅ နှစ်အရွယ် သမီးငယ်လေးမှာ မမျှော်လင့်ပဲ Brain Stem tumor ရောဂါခံစားနေရတာဖြစ်ပြီး ဆရာဝန်ကြီးများ၏ စစ်ဆေးချက်များအရ မြန်မာနိုင်ငံတွင် ကုသနိုင်ခြင်းမရှိဘဲ နိုင်ငံခြားသို့ သွားရောက်ကုသရန် လိုအပ်လျက်ရှိနေတာလည်းဖြစ်ပါသည်။

မိဘများမှာ နိုင်ငံ့ဝန်ထမ်းဖြစ်သဖြင့် မြင့်မားလှသော ဆေးကုသစရိတ်အတွက် အခက်အခဲ ကြုံတွေ့ရလျက်ရှိကာ မြန်မာနိုင်ငံအတွင်းရှိ စေတနာထက်သန်သူများအနေဖြင့် ကူညီခဲ့ကြရာ ယနေ့(6) ရက်မြောက်နေ့မွာတော့ လိုအပ်သည့် သိန်းတစ်ထောင်ပြည့်ဖို့ သိန်း (၃၀၀) ဘဲလိုပါတော့တယ်လို့လည်း သိရပါတယ်။

ပရိသတ်ကြီးရေ နိုင်ငံကျော်အဆိုတော် အိမ့်ချစ်ကတော့ လတ်တလော လူမှုကွန်ရက် မှာ ဟိုးလေးတစ်ကျော်ကျော်ဖြစ်တဲ့ Brain Stem tumor ရောဂါခံစားနေရတဲ့

အသက်(၅)နှစ်အရွယ်သမီးလေး နိုင်ငံခြားမှာသွားရောက်ကုသရန် လိုအပ်နေတဲ့ ဆေးကုသစရိတ်ကို ကူညီလှူဒါန်းရာမှာလူ (၅၀၀) ကိုယ်စား (၅)သိန်းကျပ်ကူညီပေးခဲ့ပါတယ်။

Credit Celegabar

Source: Eint Chit

Be the first to comment

Leave a Reply

Your email address will not be published.


*