ပရိသတ်တွေ ရဲ့ကျန်းမာရေး အတွက် အရေးကြီး တဲ့ သတိပေးစကားဆို လိုက်တဲ့ နေတိုး








Unicode

ပရိ သတ်တွေချစ်တဲ့ မင်းသားနေတိုးကတော့ သရုပ်ဆောင် ကောင်းသူမို့ မှတ်ချက်ကောင်းတွေပဲ အမြဲတမ်း သိမ်းပိုက်ထားသူဖြစ်ပြီး လက်ရှိမှာအနုပညာအလုပ်တွေဇယ်ဆက်သလိုလုပ်နေရတဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။

ပရိသတ်တွေသည်းသည်းလှုပ်အားပေးရတဲ့နေတိုးပါဝင်သရုပ်ဆောင်ထားတဲ့ “ချည်”ဇာတ်ကားကြီးဟာလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အောင်မြင်မှုအကြီးအကျယ်ရခဲ့တယ်ဆိုရင်လည်းမမှားပါဘူး။

နေတိုးဟာ လက်ရှိမှာဆိုရင် မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားတစ်ယောက်အနေနဲ့ကို အောင်မြင်မှုတွေများစွာရရှိနေပြီး နှင်းဆီအငြိမ့်အဖွဲမှာလည်း ပါဝင်ကာ သူ့ရဲ့ ပရိသတ်တွေပျော်ရွင်ရယ်မောရအောင် လုပ်ဆောင်ပေးလေ့ရှိပါသးတယ်။

ကျရာဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်ချက်တွေကြောင့် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ကို (၃) ဆုရရှိထားတာ ဖြစ်ပြီး အောင်မြင်တဲ့ ထိပ်တန်းမင်းသားတစ်ဦးပဲ ဖြစ်ပါတယ်။

လက်ရှိမှာလည်း ယခု (၂၀၁၉ ) အတွက် ပရိသတ်တွေ ခန့်မှန်းထားတဲ့ အကယ်ဒမီခန့်မှန်းထားတဲ့ မင်းသားတွေထဲက တစ်ယောက်အပါအဝင်ပါပဲနော်။

လက်ရှိမှာတော့ နေတိုးတစ်ယောက် နိုင်ငံတော်တော်များများမှာ ဖြစ်ပွားနေတဲ့ ဝူဟန်ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်တဲ့အနေနဲ့ “ အားလုံးသတိရှိကြပါခင်ဗျာ ” ဆိုတဲ့ စာသားလေးနဲ့အတူ ကိုယ်တိုင် Mask တပ်ကာ သတိပေးစကားပြောကြားလိုက်တာပဲ ဖြစ်ပါတယ်။

အမြဲ ပရိသတ်တွေကို ဂရုတစိုက်ရှိတတ်တဲ့ မင်းသားကြီးကတော့ ကိုယ်တိုင်ကာကွယ်တဲ့ လုပ်ရပ်ကို ဦးဆောင်လုပ်ပြခဲ့ကာ ခရီးသွားဖို့ ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေတိုးရဲ့ သတိပေးပြောစကားကို လိုက်နာဖို့ အကြံ ပေးလိုက်ပါတယ်နော်။

Be the first to comment

Leave a Reply

Your email address will not be published.


*