ေသသည္အထိ အႏုပညာအလုပ္ေတြလုပ္ခ်င္တယ္ဆိုတဲ့ မင္းသားၾကီး အကယ္ဒမီ ဦးစိုးေရႊ ကြယ္လြန္

ေသသည္အထိ အႏုပညာအလုပ္ေတြလုပ္ခ်င္တယ္ဆိုတဲ့ မင္းသားၾကီး အကယ္ဒမီ ဦးစိုးေရႊ ကြယ္လြန္

ဇာတ္ပို႔ ဇာတ္ရံသရုပ္ေဆာင္ အကယ္ဒမီ ဦးစိုးေရႊဟာ ယေန႔ ေဖေဖာ္ဝါရီလ ၈ ရက္ေန႔ မနက္ ၉ နာရီ ၁၀ မိနစ္မွာ ကြယ္လြန္သြားခဲ့တာျဖစ္ပါတယ္။

တန္ဖိုးရွိတဲ့ အႏုပညာရွင္ၾကီးတစ္ဦးေၾကြလြင့္သြားျခင္းပဲျဖစ္ပါတယ္။ အကယ္ဒမီဦးစိုးေရႊဟာ ၁၉၆၆ ခုႏွစ္ ေျမမွာပြင့္ေသာေမတၱာပန္း ဇာတ္ကားနဲ႔ အကယ္ဒမီဆုရရွိခဲ့တာျဖစ္ပါတယ္။

ေနာက္ပိုင္း ဗီဒီယိုနဲ႔ ရုပ္ရွင္ဇာတ္ကားေတြမွာလည္း ပါဝင္ခဲ့ရျပီး သူဟာ ေသသည္အထိ အႏုပညာအလုပ္ေတြလုပ္ခ်င္တယ္လို႔ ဆိုသြားသူတစ္ဦးပါ။

အကယ္ဒမီဦးစိုးေရႊက ၂၀၁၈ ခုႏွစ္အတြင္းမွာမွ အႏုပညာအလုပ္ေတြကို ရပ္နားလိုက္တာျဖစ္ျပီး ဒူးျပဳတ္က်တဲ့ ေဝဒနာေၾကာင့္ လူတန္းေစ့သြားလာမေနႏိုင္ခဲ့ဘူးလို႔ သိရပါတယ္။

အကယ္ဒမီ မင္းသားၾကီးျဖစ္ခဲ့တဲ့ ဦးစိုးေရႊဟာ ကြယ္လြန္ခ်ိန္မွာေတာ့ အသက္ ၈၃ ႏွစ္ ရွိျပီျဖစ္ပါတယ္။

သူခ်စ္တဲ့ အႏုပညာကိုျမတ္ႏိုးရင္း ဆံုးပါးသြားတဲ့ ဦးစိုးေရႊတစ္ေယာက္ ေကာင္းရာမြန္ရာ ဘံုဘဝကိုေရာက္ရွိပါေစလို႔ ပရိသတ္ေတြနဲ႔အတူ ဆုေတာင္းေပးလိုက္ပါတယ္။

unicode version

သေသည်အထိ အနုပညာအလုပ်တွေလုပ်ချင်တယ်ဆိုတဲ့ မင်းသားကြီး အကယ်ဒမီ ဦးစိုးရွှေ ကွယ်လွန်

ဇာတ်ပို့ ဇာတ်ရံသရုပ်ဆောင် အကယ်ဒမီ ဦးစိုးရွှေဟာ ယနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ မနက် ၉ နာရီ ၁၀ မိနစ်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

တန်ဖိုးရှိတဲ့ အနုပညာရှင်ကြီးတစ်ဦးကြွေလွင့်သွားခြင်းပဲဖြစ်ပါတယ်။ အကယ်ဒမီဦးစိုးရွှေဟာ ၁၉၆၆ ခုနှစ် မြေမှာပွင့်သောမေတ္တာပန်း ဇာတ်ကားနဲ့ အကယ်ဒမီဆုရရှိခဲ့တာဖြစ်ပါတယ်။

နောက်ပိုင်း ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်ခဲ့ရပြီး သူဟာ သေသည်အထိ အနုပညာအလုပ်တွေလုပ်ချင်တယ်လို့ ဆိုသွားသူတစ်ဦးပါ။

အကယ်ဒမီဦးစိုးရွှေက ၂၀၁၈ ခုနှစ်အတွင်းမှာမှ အနုပညာအလုပ်တွေကို ရပ်နားလိုက်တာဖြစ်ပြီး ဒူးပြုတ်ကျတဲ့ ဝေဒနာကြောင့် လူတန်းစေ့သွားလာမနေနိုင်ခဲ့ဘူးလို့ သိရပါတယ်။

အကယ်ဒမီ မင်းသားကြီးဖြစ်ခဲ့တဲ့ ဦးစိုးရွှေဟာ ကွယ်လွန်ချိန်မှာတော့ အသက် ၈၃ နှစ် ရှိပြီဖြစ်ပါတယ်။

သူချစ်တဲ့ အနုပညာကိုမြတ်နိုးရင်း ဆုံးပါးသွားတဲ့ ဦးစိုးရွှေတစ်ယောက် ကောင်းရာမွန်ရာ ဘုံဘဝကိုရောက်ရှိပါစေလို့ ပရိသတ်တွေနဲ့အတူ ဆုတောင်းပေးလိုက်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*