ကျေနပ်စွာခံယူတက်နေပါပြီ

ကျေနပ်စွာခံယူတက်နေပါပြီ

ယုံကြည်အောင် ပြောတက်သူတစ်ချို့ကြောင့်ရိုးသားတဲ့သူတွေ အညာခံရတာ မဆန်းပါဘူး

လှည့်ဖျားတက်တဲ့ လူတစ်ချို့ကြောင့်မုသားမသုံးတက်တဲ့သူတွေ ယုံကြည်မှုလွန်ကဲပြီးလှည့်စားခံလိုက်ရတာလည်း မထူးဆန်းတော့ပါဘူး

တန်ဖိုးမထားတက်သူတစ်ချို့ကြောင့်ကိုယ်ရဲ့ ဖြူစင်နေတဲ့ မေတ္တာစေတနာတွေ အရောင်ပြောင်းသွားစေတာလည်း မထူးဆန်းတော့ပါဘူး

ရလိုမှုသက်သက်နဲ့ ပေါင်းသင်းတက်သူ လူတစ်ချို့ကြောင့်အားနာမှုကို ခုတုံးလုပ်ပြီး ကိုယ့်ဘဝကို ချနင်းခြင်းခံလိုက်ရတာ ဘာများဆန်းကြယ်ဦးမှာလည်း

ငါ့စကားနွားရလို့အနိုင်ယူတက်သူတစ်ချို့ကြောင့်တစ်ချို့နေရာတွေမှာကိုယ်မှန်နေပါရဲ့အရှုံးပေးလိုက်တာဘာများနောင်တရနေဦးမှာလည်းသစ္စာမရှိသူလူတစ်ချို့ကြောင့်စစ်မှန်ရိုးသားတဲ့ ကိုယ်ရဲ့အချစ်တွေ အစော်ကားခံလိုက်ရတာ မထူးဆန်းတော့တဲ့ အဖြစ်ပျက်တွေပါ

အပြောချိုချိုနဲ့ ကောက်ကျစ်တက်တဲ့ လူတစ်ချို့ကြောင့်အပြောဆိုးပေမယ့် ပွင့်လင်းတက်တဲ့ ကိုယ်ကလူယုတ်မာဖြစ်သွားရတာ ဘာမှ မဆန်းကျယ်တော့ပါဘူး

ဒီလိုပါဘဲကိုယ်ခံလိုက်ရသမျှအရာတိုင်းဟာမဆန်းကျယ်တော့တဲ့လောကကြီးရဲ့သဘာဝတရားကြီးပါကိုယ်တစ်ယောက်ထဲကြုံရတဲ့အဖြစ်အပျက်တွေမှမဟုတ်တာအခုတော့နေတက်သွားပါပြီ နောင်တလည်းမရချင်တော့ပါဘူး

ဖြစ်ပျက်သမျှ ခြုံကြည့်လိုက်ပါနစ်နာခဲ့ရသူတွေကအပြစ်ကင်းတဲ့သူတွေပါ

သေချာတွေးကြည့်လေ ကိုယ်ရဲ့နစ်နာမှုတွေအပေါ်ဂုဏ်ယူမိလေ ကျေနပ်ပီတိဖြစ်မိပါတယ်အနာခံခဲ့ရလို့ နောက်တတွေကိုမသယ်ဆောင်တော့ပါဘူး

မနေ့ကထက် ဒီနေ့ရိုးသားဖို့ဘဲ ကြိုးစားနေထိုင်လိုက်ပါတယ်

နေတက်လို့ ကျေနပ်တာ မဟုတ်ခဲ့ပေမယ့်ဖြစ်ပျက်သမျှကို ကျေနပ်စွာခံယူထိုက်ဖို့နေတက်နေပါပြီ

crd-May Noe

ကြနေပျစှာခံယူတကျနပေါပွီ












crd :May Noe

Be the first to comment

Leave a Reply

Your email address will not be published.


*