သားကို ဗုဒ္ဓဘာသာစစ်စစ် ကိုးကွယ်တဲ့ မိန်းကလေးကို ရွေးချယ်ဖို့တစ်ခုပဲ တောင်းဆိုထားတဲ့ ထွန်းအိန္ဒြာဗိုလ်








Cele Star

Unicode

သရုပ်ဆောင်နှင့် အဆိုတော် ထွန်းအိန္ဒြာဗိုလ်က သူမရဲ့ တစ်ဦးတည်းသော သားလေးကို သူ့စိတ်ကြိုက် ဘဝကိုအကောင်အထည်ဖော်ခွင့်ပေးထားပြီးတော့ သူမကတော့ တောင်းဆိုမှုတစ်ခုပဲ ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။

တစ်ဦးတည်းသော သားလေးကိုပိုင်ဆိုင်ထားတဲ့ ထွန်းအိန္ဒြာဗိုလ်က သူမလိုပဲ ဂီတဘက်မှာ ဝါသနာပါတတ်တဲ့သားအကြောင်းလေးတွေကိုလည်း ပြောပြပါတယ်။

သားဖြစ်သူဟာ ဖခင်ရဲ့ လမ်းညွှန်မှုတွေနဲ့အတူ အတတ်ပညာတွေကို သင်ကြားလာရင်းနဲ့ Piano နဲ့ ဂေါက်ရိုက်အတတ်ပညာတွေကို တတ်မြောက်နေပြီဖြစ်ပါတယ်။

ထွန်းအိန္ဒြာဗိုလ်က သူမရဲ့ သားလေးကို သူဖြစ်ချင်တဲ့ ဘဝအတိုင်းအကောင်အထည်ဖော်ခွင့်ပြုထားပြီးတော့ အိမ်ထောင်ပြုတဲ့အချိန်မှာတော့ ကတိတစ်ခုကိုပဲတောင်းဆိုထားတာဖြစ်တယ်လို့ သိရပါတယ်။

ထွန်းအိန္ဒြာဗိုလ်ဟာ သူမရဲ့သားလေးကို အိမ်ထောင်ပြုတဲ့အခါမှာ ထေရဝါဒဗုဒ္ဓဘာသာစစ်စစ် ကိုးကွယ်တဲ့ မိန်းကလေးကိုသာ ရွေးချယ်ဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။

သူမအတွက်တော့ သူမ သားဟာ ဘာသာမတူတဲ့ သူကို အိမ်ထောင်ပြုလိုက်တဲ့အခါ စိတ်ဆင်းရဲမှုဒဏ်ကိုခံစားရမယ်လို့ သားဖြစ်သူကို တောင်းဆိုထားတာဖြစ်ပါတယ်။

ထွန်းအိန္ဒြာဗိုလ်တို့ ဇနီးမောင်နှံဟာ သားဖြစ်သူကို ငယ်စဉ်တည်းက ဘာသာတရားနဲ့ပတ်သက်ပြီး ကိုင်းရှိုင်းလေ့လာတတ်အောင် သင်ကြားလေ့ကျင့်ပေးထားတာတွေ့ရပါတယ်။

Cele Star

Be the first to comment

Leave a Reply

Your email address will not be published.


*