၁၀တန္းကို ဂုဏ္ထူး ၆ ဘာသာ နဲ႔ေအာင္ျမင္ၿပီး သာသနာ့ေဘာင္ကို အၿပီးဝင္သြားတဲ့ ဆရာေတာ္ေလး ….

တကၠသိုလ္ေက်ာင္းေတြဖြင့္ေတာ့မယ္သားေရ။ သားသူငယ္ခ်င္းေတြအားလုံး ကိုယ္ဝါသနာပါရာတကၠသိုလ္အသီးသီးကိုတက္ၾကဖို႔ ျပင္ဆင္ေနၾကၿပီေပါ့။

ေမေမ့သားေလးလည္း ဘဝရဲ့တစ္ဆစ္ခ်ိဳးအေကြ႕ကို ခ်ိဳးေကြ႕မသြားခဲ့ဘူးဆိုရင္ ဟိုးအရင္သားငယ္စဥ္ကတည္းက အိပ္မက္မက္ခဲ့တဲ့ ေဆးတကၠသိုလ္ေက်ာင္းေတာ္ႀကီးကို တက္ေရာက္ပညာသင္ၾကားဖို႔အတြက္ျျပင္ဆင္ေနၿပီေပါ့ေနာ္

သားအျမဲေျပာတတ္တဲ့စကားေလးက“သားႀကီးလာရင္ လူသားေတြရဲ့အသက္ကိုကယ္တင္တဲ့၊လူေတြရဲ့ေရာဂါေဝဒနာေတြကိုသက္သာေပ်ာက္ကင္းေအာင္ကုသေပးနိုင္တဲ့ ဆရာဝန္ႀကီးတစ္ေယာက္ျဖစ္ခ်င္တယ္ေမေမ။ ျဖစ္ေအာင္လည္းသားႀကိဳးစားမယ္”

ငယ္စဥ္ကတည္းက မိဘအေပၚသိတတ္လိမၼာၿပီး အတန္းစဥ္ပညာထူူးခၽြန္ဆုေတြ အျမဲရခဲ့တဲ့သားေလးဟာ ၂၀၁၉ခုႏွစ္တကၠသိုလ္ဝင္တန္းကိုလည္း ဘာသာစုံဂုဏ္ထူး(ရမွတ္၅၂၇)နဲ႔ထူးခၽြန္စြာေအာင္ျမင္ခဲ့ပါတယ္။

သားျဖစ္ခ်င္တဲ့ဆရာဝန္ႀကီးလုပ္လို႔ရၿပီဆိုတဲ့အသိနဲ႔ ေအာင္စာရင္းထြက္တဲ့ေန႔က ေမေမဝမ္းသာလြန္းလို႔ မ်က္ရည္မ်ားေတာင္က်ခဲ့မိပါတယ္။

အဲဒီဝမ္းသာမ်က္ရည္ေလးေတာင္မေျခာက္ခင္မွာေပါ့ သားေျပာလာတဲ့စကားက“ေမေမ သား၁၀တန္းကိုလည္း ထူးခၽြန္ေအာင္ႀကိဳးစားခဲ့ၿပီးၿပီ။

ေဆးပညာသင္ယူၿပီး ဆရာဝန္တစ္ေယာက္လည္းလုပ္လို႔ရၿပီ။ ဒါေပမဲ့ေမေမ သားေရွ႕ဆက္ၿပီး ခုလိုေလာကီပညာရပ္ေတြထက္ ေလာကုတၱရာပညာရပ္ေတြကိုပဲ သင္ယူခ်င္ေလ့လာခ်င္တယ္ေမေမ။

သား သာသနာ့ေဘာင္ကိုအၿပီးဝင္ၿပီး တရားဓမၼစာေပေတြကိုပဲေလ့လာေတာ့မယ္။သားကိုခြင့္ျပဳပါေနာ္´´

႐ုတ္တရက္ ေမေမ့ရင္ေတြပူေလာင္သြားခဲ့တယ္သား။ တဒဂၤခနမွာ ေမေမေဆာက္တည္ရာမရ ဝမ္းနည္းပူေဆြးခဲ့ရတယ္။

၉တန္း၊၁၀တန္းမွာ မလွိုင္မိသားစုေက်ာင္းကို ပညာသြားသင္ေနတာမို႔ ႏွစ္ႏွစ္ခြဲေနခဲ့ရၿပီး ခုလိုမိသားစုစုံလင္အတူတူေန၊ အတူစားၾကလို႔မွမဝေသး၊

သားနဲ႔သမီးကိုေမေမ့ရင္ခြင္မွာေထြးေပြ႕ထားၿပီး ေန႔စဥ္သားမိတစ္ေတြအတူတကြအိပ္ၾကလို႔မွမဝေသး၊သားေလးႀကိဳက္တတ္တဲ့ဟင္းေတြကို မေမာတမ္းခ်က္ျပဳတ္ေကၽြးေမြးလို႔မွမဝေသး၊

ႏွစ္ႏွစ္ခြဲေနခဲ့ရတဲ့ သားေလးကို အရိပ္တစ္ၾကည့္ၾကည့္ ၾကည့္ေနလို႔မွမဝေသး သားေလးကေမေမတို႔ကိုထားခဲ့ၿပီး၊သံေယာဇဥ္ျဖတ္ၿပီး ေမေမ့ေမတၱာရိပ္၊ေမေမ့အိမ္ရိပ္ကေနထြက္ခြာၿပီး ေမေမတို႔နဲ႔အေဝးကိုသြားေတာ့မယ္တဲ့လား

သားကေမေမတို႔ကိုမခ်စ္ေတာ့၊မခင္တြယ္ေတာ့ဘူးတဲ့လား။ေမေမ့အရိပ္မွာေနရတာမေပ်ာ္ေတာ့ဘူးတဲ့လား။ ေဆာက္တည္ရာမရ၊ပူေလာင္မႈအေတြးေတြမ်ားစြာနဲ႔ သားေလးမသိေအာင္ ေမေမငိုေနခဲ့မိတယ္။

ေမေမငိုေန၊မ်က္ရည္က်ေနမိေပမဲ့ ဟိုအရင္ကတည္းက သားဆႏၵကိုအျမဲျဖည့္ဆည္းေပးခဲ့တဲ့ေမေမဟာ အခုလည္းသားဆႏၵကိုတားဖို႔စိတ္မကူးမိပါဘူးကြယ္။

တားလည္းမတားစေကာင္းတဲ့အရာပါ။ေမေမ့ရင္က ေပါက္ဖြားလာတဲ့ေမေမ့သားေလးကို ခုခ်ိန္ထိကေလးေလးတစ္ေယာက္လို ထင္မွတ္ေနေသးတဲ့ေမေမဟာ တဒဂၤခန တရားလက္လြတ္ပူေဆြးမိသြားတာပါ။

တစ္ကယ္ေတာ့ေလ…..သားေလးရဲ့မွန္ကန္ျမင့္ျမတ္တဲ့ဆုံးျဖတ္ခ်က္ကို ေမေမတို႔ကဝမ္းသာစြာ သာဓုေခၚခြင့္ျပဳေပးရမွာဆိုတာ ေမေမသိပါတယ္သား။

သစ္ရိပ္၊ဝါးရိပ္ထက္ ေဆြးမ်ိဳးအရိပ္ကပိုေအးတယ္။ေဆြမ်ိဳးရိပ္ထက္ မိဘအရိပ္ကပိုေအးတယ္။ မိဘရိပ္ထက္ ဆရာအရိပ္ကပိုေအးတယ္။ ဆရာရိပ္ထက္ မင္းျမတ္အရိပ္ကပိုေအးတယ္။

မင္းျမတ္ရိပ္ထက္ တရားအရိပ္ကပိုေအးတယ္ မဟုတ္လားသား။

ေလာကႀကီးမွာ တရားအရိပ္သာအေကာင္းမြန္ဆုံး၊အေအးျမဆုံးဆိုတာကို ေမေမသိပါတယ္သား။ aမေမတို႔ရဲ့ေက်နပ္ဝမ္းသာစြာခြင့္ျပဳေပးမႈေၾကာင့္ သားေလးတစ္ယာက္ ပရိယတၱိ၊

ပဋိပတၱိစာေပတို႔ကို ေလ့လာသင္ယူေနတာ ခုဆိုငါးလေတာင္ၾကာခဲ့ၿပီေနာ္။ ေလာကုတၱရာစာေပေလ့လာရာမွာလည္း သားေလးအျမဲထူးခၽြန္ေအာင္ျမင္တယ္ဆိုတာ ေမေမတို႔သိရၾကားရလို႔ အရမ္းဝမ္းသာၾကည္ႏူးရပါတယ္။

ဆက္လက္ၿပီးလည္း သာသနာ့အက်ိဳးကို ဆထက္တပိုးထမ္းရြက္နိုင္တဲ့ သာသနာ့အာဇာနည္တစ္ပါးျဖစ္ပါေစလို႔ ဆုေတာင္းေမတၱာပို႔ရင္း သာသနာ့ေဘာင္ကေမေမ့သာကိုရင္ေလးရဲ့ပရိယတၱိ၊ပဋိပတၱိစာေပႀကိဳးစားေလ့လာသင္ယူေနမႈတို႔ကို ေမေမသာဓုအႀကိမ္ႀကိမ္ေခၚဆိုေနပါ့မယ္ေနာ္။

ဒါေပမဲ့သားေရ …..ေမေမကိုးလလြယ္ဆယ္လမွာဖြားခဲ့တဲ့ သားေလးကို တစ္ခါတစ္ခါမွာ သတိရေနမိ၊ လြမ္းေနမိပါတယ္ကြယ္။ ေမေမ့ရဲ့မသိစိတ္က တစ္ခါတစ္ခါမွာ သား၉၊

၁၀ေက်ာင္းတက္စဥ္ကေနခဲ့တဲ့မိသားစုေက်ာင္းရဲ့ page၊ မိသားစုေက်ာင္းသားသူေဟာင္းမ်ားနဲ႔ မိဘမ်ားရွိရာ page ေတြမွာ သားေလးကိုအလြမ္းေၿပ ေက်ာင္းသတင္းေတြကိုဝင္ဝင္ၾကည့္မိ၊ဟိုးအရင္ကသားေလးေက်ာင္းသားဘဝက ။

သားေရ…..ေမေမ့သိစိတ္ကေနေတာ့ လူတစ္ရာမွာတစ္ေယာက္ေတာင္မလိုက္နိုင္တဲ့ လူ႔ေလာကႀကီးထဲကမ်ားျပားလွတဲ့ ေလာကီစည္းစိမ္ကာမဂုဏ္ေတြကို မက္ေမာစြဲလမ္းမႈမရွိ

ပယ္ျဖတ္နိုင္တဲ့သားေလးရဲ့ျမင့္ျမတ္တဲ့လုပ္ရပ္ကို အျမဲၾကည္ညိဳသာဓုေခၚေနမွာပါေနာ္။မိဘထက္ပိုေတာ္တဲ့ အတိဇာတသားအျဖစ္ ေမေမတို႔အျမဲဂုဏ္ယူ၊ပီတိျဖစ္ေနမွာပါသား။

ဒါေပမဲ့ေပါ့…..တစ္ခါတစ္ခါမွာေတာ့ ေမေမ့မသိစိတ္ကေန လြမ္းေနမိပါေသးတယ္သား။ တကၠသိုလ္ေက်ာင္းေတြ ဖြင့္ေတာ့မယ္သားေရ…….။

(၂၀၁၉တကၠသိုလ္ဝင္တန္းကို ၆ဘာသာဂုဏ္ထူးျဖင့္ေအာင္ျမင္ၿပီး သာသနာ့ေဘာင္သို႔အၿပီးဝင္သြားေသာ သားေလးေအာင္ေကာင္းဆက္(ကိုရင္ရွင္ကိတၱိဇဝ)အား ဤစာစုေလးျဖင့္ ရွိခိုးဦးတင္ဂုဏ္ျပဳလိုက္ပါသည္)

လဝန္းေသာ္တာ

Unicode Versionျဖ​င့္ဖတ္ရန္

တက္ကသိုလ်ကျောင်းတွေဖွင့်တော့မယ်သားရေ။ သားသူငယ်ချင်းတွေအားလုံး ကိုယ်ဝါသနာပါရာတက္ကသိုလ်အသီးသီးကိုတက်ကြဖို့ ပြင်ဆင်နေကြပြီပေါ့။မေမေ့သားလေးလည်း

ဘဝရဲ့တစ်ဆစ်ချိုးအကွေ့ကို ချိုးကွေ့မသွားခဲ့ဘူးဆိုရင် ဟိုးအရင်သားငယ်စဉ်ကတည်းက အိပ်မက်မက်ခဲ့တဲ့ ဆေးတက္ကသိုလ်ကျောင်းတော်ကြီးကို တက်ရောက်ပညာသင်ကြားဖို့အတွက်ြပြင်ဆင်နေပြီပေါ့နော်

သားအမြဲပြောတတ်တဲ့စကားလေးက“သားကြီးလာရင် လူသားတွေရဲ့အသက်ကိုကယ်တင်တဲ့၊လူတွေရဲ့ရောဂါဝေဒနာတွေကိုသက်သာပျောက်ကင်းအောင်ကုသပေးနိုင်တဲ့ ဆရာဝန်ကြီးတစ်ယောက်ဖြစ်ချင်တယ်မေမေ။ ဖြစ်အောင်လည်းသားကြိုးစားမယ်”

ငယ်စဉ်ကတည်းက မိဘအပေါ်သိတတ်လိမ္မာပြီး အတန်းစဉ်ပညာထူူးချွန်ဆုတွေ အမြဲရခဲ့တဲ့သားလေးဟာ ၂၀၁၉ခုနှစ်တက္ကသိုလ်ဝင်တန်းကိုလည်း ဘာသာစုံဂုဏ်ထူး(ရမှတ်၅၂၇)နဲ့ထူးချွန်စွာအောင်မြင်ခဲ့ပါတယ်။

သားဖြစ်ချင်တဲ့ဆရာဝန်ကြီးလုပ်လို့ရပြီဆိုတဲ့အသိနဲ့ အောင်စာရင်းထွက်တဲ့နေ့က မေမေဝမ်းသာလွန်းလို့ မျက်ရည်များတောင်ကျခဲ့မိပါတယ်။

အဲဒီဝမ်းသာမျက်ရည်လေးတောင်မခြောက်ခင်မှာပေါ့ သားပြောလာတဲ့စကားက“မေမေ သား၁ဝတန်းကိုလည်း ထူးချွန်အောင်ကြိုးစားခဲ့ပြီးပြီ။ ဆေးပညာသင်ယူပြီး ဆရာဝန်တစ်ယောက်လည်းလုပ်လို့ရပြီ။

ဒါပေမဲ့မေမေ သားရှေ့ဆက်ပြီး ခုလိုလောကီပညာရပ်တွေထက် လောကုတ္တရာပညာရပ်တွေကိုပဲ သင်ယူချင်လေ့လာချင်တယ်မေမေ။သား သာသနာ့ဘောင်ကိုအပြီးဝင်ပြီး တရားဓမ္မစာပေတွေကိုပဲလေ့လာတော့မယ်။သားကိုခွင့်ပြုပါနော်´´

ရုတ်တရက် မေမေ့ရင်တွေပူလောင်သွားခဲ့တယ်သား။ တဒင်္ဂခနမှာ မေမေဆောက်တည်ရာမရ ဝမ်းနည်းပူဆွေးခဲ့ရတယ်။

၉တန်း၊၁ဝတန်းမှာ မလှိုင်မိသားစုကျောင်းကို ပညာသွားသင်နေတာမို့ နှစ်နှစ်ခွဲနေခဲ့ရပြီး ခုလိုမိသားစုစုံလင်အတူတူနေ၊ အတူစားကြလို့မှမဝသေး၊ သားနဲ့သမီးကိုမေမေ့ရင်ခွင်မှာထွေးပွေ့ထားပြီး နေ့စဉ်သားမိတစ်တွေအတူတကွအိပ်ကြလို့မှမဝသေ

း၊သားလေးကြိုက်တတ်တဲ့ဟင်းတွေကို မမောတမ်းချက်ပြုတ်ကျွေးမွေးလို့မှမဝသေး၊ နှစ်နှစ်ခွဲနေခဲ့ရတဲ့ သားလေးကို အရိပ်တစ်ကြည့်ကြည့် ကြည့်နေလို့မှမဝသေး သားလေးကမေမေတို့ကိုထားခဲ့ပြီး၊သံယောဇဉ်ဖြတ်ပြီး မေမေ့မေတ္တာရိပ်၊မေမေ့အိမ်ရိပ်ကနေထွက်ခွာပြီး မေမေတို့နဲ့အဝေးကိုသွားတော့မယ်တဲ့လား

သားကမေမေတို့ကိုမချစ်တော့၊မခင်တွယ်တော့ဘူးတဲ့လား။မေမေ့အရိပ်မှာနေရတာမပျော်တော့ဘူးတဲ့လား။ ဆောက်တည်ရာမရ၊ပူလောင်မှုအတွေးတွေများစွာနဲ့ သားလေးမသိအောင် မေမေငိုနေခဲ့မိတယ်။

မေမေငိုနေ၊မျက်ရည်ကျနေမိပေမဲ့ ဟိုအရင်ကတည်းက သားဆန္ဒကိုအမြဲဖြည့်ဆည်းပေးခဲ့တဲ့မေမေဟာ အခုလည်းသားဆန္ဒကိုတားဖို့စိတ်မကူးမိပါဘူးကွယ်။ တားလည်းမတားစကောင်းတဲ့အရာပါ။

မေမေ့ရင်က ပေါက်ဖွားလာတဲ့မေမေ့သားလေးကို ခုချိန်ထိကလေးလေးတစ်ယောက်လို ထင်မှတ်နေသေးတဲ့မေမေဟာ တဒင်္ဂခန တရားလက်လွတ်ပူဆွေးမိသွားတာပါ။

တစ်ကယ်တော့လေ…..သားလေးရဲ့မှန်ကန်မြင့်မြတ်တဲ့ဆုံးဖြတ်ချက်ကို မေမေတို့ကဝမ်းသာစွာ သာဓုခေါ်ခွင့်ပြုပေးရမှာဆိုတာ မေမေသိပါတယ်သား။ သစ်ရိပ်၊ဝါးရိပ်ထက် ဆွေးမျိုးအရိပ်ကပိုအေးတယ်။

ဆွေမျိုးရိပ်ထက် မိဘအရိပ်ကပိုအေးတယ်။ မိဘရိပ်ထက် ဆရာအရိပ်ကပိုအေးတယ်။ ဆရာရိပ်ထက် မင်းမြတ်အရိပ်ကပိုအေးတယ်။ မင်းမြတ်ရိပ်ထက် တရားအရိပ်ကပိုအေးတယ် မဟုတ်လားသား။

လောကကြီးမှာ တရားအရိပ်သာအကောင်းမွန်ဆုံး၊အအေးမြဆုံးဆိုတာကို မေမေသိပါတယ်သား။ aမမေတို့ရဲ့ကျေနပ်ဝမ်းသာစွာခွင့်ပြုပေးမှုကြောင့် သားလေးတစ်ယာက် ပရိယတ္တိ၊

ပဋိပတ္တိစာပေတို့ကို လေ့လာသင်ယူနေတာ ခုဆိုငါးလတောင်ကြာခဲ့ပြီနော်။ လောကုတ္တရာစာပေလေ့လာရာမှာလည်း သားလေးအမြဲထူးချွန်အောင်မြင်တယ်ဆိုတာ မေမေတို့သိရကြားရလို့ အရမ်းဝမ်းသာကြည်နူးရပါတယ်။

ဆက်လက်ပြီးလည်း သာသနာ့အကျိုးကို ဆထက်တပိုးထမ်းရွက်နိုင်တဲ့ သာသနာ့အာဇာနည်တစ်ပါးဖြစ်ပါစေလို့ ဆုတောင်းမေတ္တာပို့ရင်း သာသနာ့ဘောင်ကမေမေ့သာကိုရင်လေးရဲ့ပရိယတ္တိ၊

ပဋိပတ္တိစာပေကြိုးစားလေ့လာသင်ယူနေမှုတို့ကို မေမေသာဓုအကြိမ်ကြိမ်ခေါ်ဆိုနေပါ့မယ်နော်။ ဒါပေမဲ့သားရေ …..မေမေကိုးလလွယ်ဆယ်လမှာဖွားခဲ့တဲ့ သားလေးကို တစ်ခါတစ်ခါမှာ သတိရနေမိ၊ လွမ်းနေမိပါတယ်ကွယ်။

မေမေ့ရဲ့မသိစိတ်က တစ်ခါတစ်ခါမှာ သား၉၊၁ဝကျောင်းတက်စဉ်ကနေခဲ့တဲ့မိသားစုကျောင်းရဲ့ page၊ မိသားစုကျောင်းသားသူဟောင်းများနဲ့ မိဘများရှိရာ page တွေမှာ သားလေးကိုအလွမ်းပြေ ကျောင်းသတင်းတွေကိုဝင်ဝင်ကြည့်မိ၊ဟိုးအရင်ကသားလေးကျောင်းသားဘဝက ။

သားရေ…..မေမေ့သိစိတ်ကနေတော့ လူတစ်ရာမှာတစ်ယောက်တောင်မလိုက်နိုင်တဲ့ လူ့လောကကြီးထဲကများပြားလှတဲ့ လောကီစည်းစိမ်ကာမဂုဏ်တွေကို မက်မောစွဲလမ်းမှုမရှိ

ပယ်ဖြတ်နိုင်တဲ့သားလေးရဲ့မြင့်မြတ်တဲ့လုပ်ရပ်ကို အမြဲကြည်ညိုသာဓုခေါ်နေမှာပါနော်။မိဘထက်ပိုတော်တဲ့ အတိဇာတသားအဖြစ် မေမေတို့အမြဲဂုဏ်ယူ၊ပီတိဖြစ်နေမှာပါသား။

ဒါပေမဲ့ပေါ့…..တစ်ခါတစ်ခါမှာတော့ မေမေ့မသိစိတ်ကနေ လွမ်းနေမိပါသေးတယ်သား။ တက္ကသိုလ်ကျောင်းတွေ ဖွင့်တော့မယ်သားရေ…….။ (၂၀၁၉တက္ကသိုလ်ဝင်တန်းကို ၆ဘာသာဂုဏ်ထူးဖြင့်အောင်မြင်ပြီး

သာသနာ့ဘောင်သို့အပြီးဝင်သွားသော သားလေးအောင်ကောင်းဆက်(ကိုရင်ရှင်ကိတ္တိဇဝ)အား ဤစာစုလေးဖြင့် ရှိခိုးဦးတင်ဂုဏ်ပြုလိုက်ပါသည်)

လဝန်းသော်တာ

Be the first to comment

Leave a Reply

Your email address will not be published.


*