အရဟံပုတီးစိပ္နည္းေၾကာင့္ ဆင္းရဲသား ( ေက်ာမြဲစစ္စစ္ ) ဘဝကေန ဆန္စက္ပိုင္ရွင္ သူေဌးႀကီးျဖစ္သြားတဲ့ “ အရဟံ ဦးဆင္

“ ငဆင္ နင့္ခႏၶာကိုယ္ထဲမွာ ခုမွ အ ရဟံ ဂုဏ္ေတာ္ ကိန္းတယ္ ဟ ။ နင္ ထူးျခားေတာ့မယ္ ။ ဆက္ႀကိဳးစား ၾကားလား ” ( အဘိဓဇမဟာရ႒ဂု႐ု မစိုးရိမ္ဆရာေတာ္ႀကီး )

စစ္ႀကီး ၿပီးခါစေလာက္က မႏၲ ေလးေျမာက္ဘက္ မတၱရာနယ္က ပိုင္႐ြာ တစ္ဝိုက္မွာေတာ့ “ အရဟံ ဦးဆင္ ” ဆိုတာ မသိသူ မရွိသေလာက္လို႔ ဆိုရေလာက္ေအာင္ လူသိမ်ားခဲ့ပါတယ္ ။

သူ႔ကို လူေတြ အသိမ်ားတာဟာဆန္စက္ပိုင္ရွင္ သူေဌးႀကီးတစ္ဦးျဖစ္လို႔ဆိုတာထက္အက်ႌဗလာ ၊ လုံခ်ည္ဖာတစ္ရာနဲ႔ႏြား ေက်ာင္း သားဘဝက ျဗဳန္းစားႀကီး ဆန္ စက္ပိုင္ရွင္ အျဖစ္ ေျပာင္းလဲသြားတာရယ္ ၊

ေသသည္ အထိ ပုတီးတစ္ကုံးနဲ႔ ပုတီးမျပတ္ စိပ္ေနေလ့ရွိတာရယ္ ၊ သူ႔အိမ္ဝမွာ “ အရဟံ ” ဆိုတဲ့ စာလုံး ဆိုင္းဘုတ္ အႀကီးႀကီး ေရးထားတာရယ္တို႔ေၾကာင့္ပါပဲ ။

ဒီ “ အရဟံ ”ဆိုတဲ့စာလုံးဆိုင္း ဘုတ္ႀကီးေၾကာင့္ပဲ သူ႔ကို “ အရ ဟံ ဦးဆင္ ” လို႔ လူေတြက သိၾကေခၚၾကတာပါ ။

ဦးဆင္၏ ငယ္ဘဝ

ဦးဆင္ဆိုတာ ငယ္ငယ္က သာ မေဏဘဝနဲ႔ မႏၲေလးၿမိဳ႕ မစိုးရိမ္ေက်ာင္း တိုက္ ဆရာေတာ္ႀကီး ဘဒၵႏၲသူရိယာဘိဝံသ ( ေနာင္ အ ဘိဓဇမဟာရ႒ဂု႐ု ) ထံမွာ ေနသြားခဲ့ဖူးတယ္ ။

ရဟန္းမျဖစ္ခင္မွာဘဲ သူ႔ဒကာႀကီး ဆုံးပါးသြားလို႔ မိခင္နဲ႔ လူမမယ္ ( မည္ ) ညီ၊ ညီမငယ္ေတြကို လုပ္ကိုင္ေကြၽးဖို႔ လူထြက္လိုက္ရတယ္ ။

လယ္ယာေျမပိုင္ မရွိတဲ့အတြက္ သူမ်ားအိမ္မွာ ထြန္ယက္ ႏြား ေက်ာင္းသူရင္း ငွားဘဝနဲ႔လုပ္ ကိုင္စားရတဲ့ဘဝမွာ မိသားစုက စားအိုးႀကီးတဲ့အတြက္ အသက္ထိန္း႐ုံ အရွက္လုံ႐ုံ အႏိုင္ႏိုင္ဘဝပါ ။

လုံခ်ည္ခါးႏြမ္း ေက်ာေနလွမ္းဘဝမွာ အိမ္က ခေနာ္ ခနဲ႔ေခတ္ သစ္ ကာကဝလိယလို႔ေတာင္ ဆိုႏိုင္ေလာက္ပါ သတဲ့ ။

ဆရာသမားရဲ႕ ဂုဏ္ေက်းဇူးကို အၿမဲ ဦးထိပ္ထားတတ္တဲ့ ေမာင္ဆင္ဟာ မစိုးရိမ္ဆရာေတာ္ဘုရားႀကီး ေမြးေန႔ နီးၿပီဆိုရင္ေတာ့ မစိုးရိမ္ေက်ာင္းတိုက္ကို အၿမဲေရာက္ေအာင္ လာတယ္ ။

လႉဖြယ္ဝတၳဳရယ္လို႔ မပါေပမယ့္ ဆရာသမားကို ဝတ္ႀကီးဝတ္ငယ္ ျပဳေပးရင္း ထင္းခြဲ၊ ေရခပ္၊ တံ ျမက္လွည္း စတဲ့ အလုပ္ၾကမ္း မွန္သမွ် အားလုံး ဒိုင္ခံၿပီး လုပ္ေလ့ရွိပါသတဲ့ ။

ေမြးေန႔ၿပီးလို႔ အျပန္မွာေတာ့ အ က်ႌဗလာနဲ႔ တပည့္ကို မၾကည့္ရက္တဲ့အတြက္ ဆရာေတာ္ႀကီးက “ငါ့တပည့္လို သံဃာ့ေဝယ်ာဝစ္ၥလုပ္သူအတြက္ ေပးေကာင္းတယ္ ကြဲ႕ ။အပ္စပ္ပါတယ္။ အက်ႌခ်ဳပ္ဝတ္” လို႔ ေျပာၿပီး အဲဒီေခတ္က နာေရးကန္ေတာ့ ပြဲေတြမွာ ပါလာေလ့ရွိတဲ့ ပိတ္စကေလးေတြကို ခ်ီးျမႇင့္တတ္ပါတယ္ ။

ဆရာေတာ္ႀကီးက မိမိအတြက္ အက်ႌခ်ဳပ္ဖို႔ဆိုၿပီး ေပးစြန႔္ေပမယ့္အိမ္မွာအ႐ြယ္ေရာက္စ ျပဳေနၿပီျဖစ္တဲ့ႏွမေတြညီငယ္ေတြအတြက္ပဲ သင့္သလိုခ်ဳပ္ေပးၿပီး ေမာင္ဆင္ကေတာ့ ထုံးစံအတိုင္း ယက္ခ်ည္ထက္ ခ်ဳပ္ခ်ည္ကေတာင္ ပိုမ်ား ေနၿပီလား ထင္ရတဲ့ လုံခ်ည္ဖာတစ္ရာ ေက်ာဗလာပဲ ေနရတာပါ ။

ေမြးေန႔နီးတိုင္း ႏွစ္စဥ္ မွန္မွန္ေရာက္လာၿပီး ေက်ာေျပာင္ႀကီး ပိုၿပီး မြဲေျခာက္ လာတာက လြဲလို႔ ဘာမွ တိုးတက္ ေျပာင္းလဲမလာတဲ့ တပည့္ကို ၾကည့္ၿပီး ဆရာ ေတာ္ ႀကီးက-“ငဆင္ နင္ မခ်မ္း သာခ်င္ဘူးလား” လို႔ ေမးေတာ့-

“ဘယ့္ႏွယ္ မိန႔္လိုက္ပါလိမ့္ဘုရား ။ တပည့္ေတာ္သူမ်ားေတြလို သူေဌးျဖစ္ေအာင္ မခ်မ္းသာခ်င္ေနပါေစ ။ အစားအဝတ္ ျပည့္ျပည့္စုံစုံနဲ႔ မိုးလုံေလလုံေလာက္ ေနရရင္ကို ေက်နပ္လွပါၿပီ ။ ဆ ရာေတာ္မစႏိုင္ရင္ မစေပးေတာ္မူပါဘုရား” လို႔ ေလွ်ာက္ထားပါသတဲ့ ။

ဆရာေတာ္ႀကီးက “ဟဲ့… ငဆင္ရဲ႕၊ ကံ ကံ၏အက်ိဳးဆိုတာ နင္လည္း သိသားပဲဟာ ။ နင့္ကို ငါ က မစလို႔ ဘယ္ရမလဲဟဲ့ ။ နင္ကိုယ္တိုင္ ႐ုန္းၿပီး ရပ္မွ မတ္လာမွာေပါ့” ဆိုေတာ့“မွန္ပါတတ္ႏိုင္သမွ်ေတာ့ႀကိဳးစားတာပါပဲဘုရား ။

မိသားစုကလည္း မ်ား၊ ညီေတြညီမေတြကလည္း လက္လုပ္လက္ကိုင္ေလးမွ အကူအညီက မရေသး ။

ဒီၾကားထဲ ေလာကအေလ်ာက္ အိမ္ေထာင္ကလည္းက်ၿပီး ဆိုေတာ့ အလုပ္နဲ႔ဝင္ေငြက မတိုးဘဲ ပါးစပ္ေပါက္ေတြသာ တိုးေနတဲ့အတြက္ ဒီလိုပဲ လုံးခ်ာလိုက္ေနတာပဲ ဘုရား” လို႔ ျပန္ေလွ်ာက္ပါတယ္ ။

ဆရာေတာ္ႀကီးက “ေအး—နင့္ကို ငါက မ,ထူေပးလို႔ေတာ့ မရဘူး ။ နင့္ ကိုယ္နင္ ႐ုန္းထႏိုင္ေအာင္ အေထာက္အကူေတာ့ ေပးလိုက္မယ္ ။ ေရာ့ ေဟာဒီ ပုတီးကို ယူ သြား ။

ဘာမွ နည္းေတြမ်ားမေနနဲ႔ “ အရဟံ ” တစ္လုံးကို အဓိပၸာယ္ပါ အာ႐ုံျပဳၿပီး မျပတ္ပြားေပေရာ့ ” ဆိုၿပီး အနားမွာရွိတဲ့ ပရိ ကၡရာပုံထဲက ပုတီးတစ္ကုံး ကို ေပးလိုက္ပါတယ္ ။

ဆရာေတာ္ႀကီးက မတာ မဟုတ္ဘူးဆိုေပမယ့္ ေမာင္ဆင္ကေတာ့ ဒါဟာ ဆရာေတာ္ႀကီးက သူ႔ကို မစလိုက္တာပဲ ဆိုၿပီး ဆရာေတာ္ မိန႔္ၾကားတဲ့အတိုင္း မျပတ္ပြားၿပီး စိပ္ေတာ့တာပဲ ။

ခါတိုင္း ကိုယ္အထက္ပိုင္းမွာ ဗ လာက်င္းေနတဲ့ ေမာင္ဆင္မွာခုေတာ့အလုပ္လုပ္ေနခ်ိန္ဆိုရင္လည္း လည္ပင္းမွာ ပုတီးတစ္ကုံး ဆြဲထားတာ ေတြ႕ရၿပီး အလုပ္နားတာနဲ႔ ပုတီးနဲ႔ လက္မျပတ္ေအာင္ စိပ္ေတာ့တာပဲ ။

ႏြားေက်ာင္းရင္လည္း ပုတီးစိပ္က မျပတ္ေတာ့ ဒုစ႐ိုက္ရယ္လို႔ က်ဴးလြန္ခ်ိန္ကို မရွိေတာ့ဘူး ။ေနာက္တစ္ႏွစ္ ဆရာေတာ္ႀကီးေမြးေန႔မွာ ေမာင္ဆင္ ေရာက္လာေတာ့လည္း ဘာမွ ထူးျခားေျပာင္းလဲမႈ မရွိေသးဘူး ။ ဆ ရာေတာ္ႀကီးထံပါးမွာ ဝတ္ခ်ေတာ့ “ငဆင္ ဘာေတြမ်ား ထူးျခားလာသလဲဟဲ့”

“ဘာမွ မထူးေသးပါဘုရာ း” “ေအး လာစမ္း ဒီနား” ဆိုၿပီး “ျဖန္း” ခနဲ ႐ိုက္လိုက္ေတာ့“အမေလးဘုရား” လို႔ လန႔္ေအာ္တယ္။

ဆရာေတာ္ႀကီးကနင္ လိုေသးတယ္၊ ဆက္ႀကိဳးစားဦး” လို႔ မိန႔္ပါတယ္ ။ ေနာက္ႏွစ္ႏွစ္ သုံးႏွစ္ ဒီအတိုင္းပဲ၊ မထူးဘူး။ အဲ… ေလးႏွစ္ေျမာက္အေရာက္မွာေတာ့ ဆရာေတာ္ႀကီး“ငဆင္ လာစမ္း ဒီနား” “ျဖန္း” ဆိုေတာ့ “အရဟံ… အရဟံ… အရဟံ…” လို႔ ေအာ္လိုက္ပါသတဲ့ ။

“ေအး နင့္ခႏၶာကိုယ္ထဲခုမွ “အ ရဟံ” ဂုဏ္ေတာ္ကိန္းတယ္ဟ။ သုံးေလး ႏွစ္အတြင္း ခႏၶာကိုယ္ထဲ အရဟံဘုရား အၿမဲကိန္းေအာင္ တည္ႏိုင္တာ နင္ မဆိုးဘူး၊ နင္ ထူးေတာ့မယ္ ။ ဆက္ႀကိဳးစား ၾကားလား”

“မွန္ပါဘုရား”အခ်ိန္က ဂ်ပန္ေတြ ျမန္မာျပည္ဝင္လာခါစ၊ ျမန္မာျပည္ကို စစ္ေငြ႕စစ္ရိပ္ မ်ား သန္းလာၿပီ ။ မတၱရာနယ္က ပိုင္႐ြာမွာရွိတဲ့ ဆန္စက္ပိုင္ရွင္ အိႏၵိယအမ်ိဳးသား မိသားစုတို႔က စစ္ေဘးဒဏ္ကို တိမ္းေရွာင္ရင္း သူတို႔ေဆြမ်ိဳးမ်ားရွိရာ အိႏၵိယကို ျပန္လိုတဲ့အတြက္

သူတို႔မရွိတုန္းမွာ သူတို႔ပိုင္တဲ့ ဆန္စက္ကို အ ေစာင့္အေရွာက္အျဖစ္ လႊဲအပ္ခဲ့ဖို႔ နယ္မွာရွိတဲ့ အႀကီးအကဲမ်ား၊ မိတ္ေဆြသဂၤဟမ်ားနဲ႔ တိုင္ပင္တဲ့အခါ အဲဒီနယ္သူႀကီးက-“ သူရင္း ငွားလုပ္ေနတဲ့ ေမာင္ဆင္ဟာ ဆင္းရဲေပမယ့္ ႐ိုးသားၿပီး သစၥာရွိ တယ္ ။

မစိုးရိမ္ဆရာေတာ္ႀကီးရဲ႕ တပည့္ျဖစ္လို႔ ဆရာေကာင္းတပည့္ပီပီ ႐ိုးသား တည္ၾကည္တယ္၊ သူမ်ားပစၥည္းကို အလြဲသုံးစားလုပ္မယ့္သူငယ္ မဟုတ္ဘူး ။

ဆရာသမားမ်ားရဲ႕ အရွိန္အဝါေၾကာင့္လည္း ဆရာေကာင္းတပည့္ မပီသတဲ့ အလုပ္မ်ိဳးလုပ္မွာ မဟုတ္တာ ေသခ်ာတယ္ ။ သူ႔ကိုပဲ လႊဲအပ္ၿပီး ေစာင့္ေရွာက္ခိုင္းတာ အေကာင္းဆုံးပဲ” လို႔ အႀကံ ေပးၾကတယ္ ။

ဆန္စက္ပိုင္ရွင္မ်ားကလည္း ဟိႏၵဴအမ်ိဳးသားမ်ား ျဖစ္တဲ့အတိုင္း “မစိုးရိမ္တိုက္” ဆိုတာကို ၾကားဖူးၿပီး အထင္ႀကီး ေလး စားၾကတဲ့အတြက္

သေဘာက်ၿပီး ေမာင္ဆင္နဲ႔ သြားေတြ႕ အက်ိဳး အေၾကာင္း ေျပာဆို ညႇိႏႈိင္းၾကၿပီး ႏွစ္ဦးႏွစ္ဖက္ သေဘာ တူၾကလို႔ ေမာင္ဆင္လက္ထဲ ဆန္စက္ကို လႊဲအပ္ၿပီး အိႏၵိယျပန္သြားၾကတယ္ ။

ေမာင္ဆင္လည္း မေမွ်ာ္လင့္ဘဲ ဆန္စက္နဲ႔လုပ္ကိုင္စားေသာက္ခြင့္ ရရွိသြားလို႔ ဆန္စက္ပိုင္ မ ဟုတ္ေပမယ့္ ဆန္စက္ကိုင္ သူ ေဌး ေလးဘ၀ ေရာက္သြားေတာ့တယ္ ။

အဲဒီႏွစ္ မစိုးရိမ္ဆရာေတာ္ႀကီးရဲ႕ ေမြးေန႔ကို သြားတဲ့အခါမွာေတာ့ ေမာင္ဆင္ဟာ ႏွစ္တိုင္းနဲ႔ မတူေတာ့ဘူး ။ အဝတ္အစား သပ္ သပ္ရပ္ရပ္နဲ႔ လႉစရာ ဆန္အိတ္ေတြ ဘာေတြ သယ္လာၿပီး မိ သားစုနဲ႔အတူ ေရာက္လာၾကတယ္ ။

ဆရာေတာ္ႀကီးက-“ငဆင္ ဒီႏွစ္ ထူးလာၿပီလား ဟ” ဆိုေတာ့“မွန္ပါ၊ ထူးဆို တပည့္ေတာ္စိတ္ကူးနဲ႔ေတာင္ မမွန္းဆရဲခဲ့ဖူးတဲ့အထိကို ထူးတာဘုရာ့ ။

အခု တပည့္ေတာ္ဆန္စက္တစ္လုံးကိုေစာင့္ေရွာက္ရင္း လုပ္ကိုင္ စားေသာက္ခြင့္ရလို႔ တပည့္ေတာ္ ေတာင့္တခဲ့တဲ့ စားဝတ္ေနေရး ျပည့္စုံၿပီး မိုးလုံ ေလလုံေနႏိုင္ဖို႔ဆိုတဲ့ အဆင့္ထက္ေတာင္ လြန္ေနၿပီ ဘုရာ့ ။

ဒါေတြဟာ ဆရာေတာ္ မ,လိုက္တဲ့ ဆရာေတာ့္ ေက်းဇူးေတြပါပဲ ဘုရား”ဆိုၿပီးဝမ္းသာမ်က္ရည္နဲ႔ ေလွ်ာက္ထားရွာတယ္ ။

“ဟဲ့—ငဆင္ရဲ႕၊ နင့္ကို ငါမလို႔ မရဘူး ။ နင့္ကိုယ္နင္ ႐ုန္းကန္ထရမွာလို႔ အစကတည္းက ေျပာထားသားနဲ႔၊ ဘယ္ကလာ ငါက မရမွာလဲ၊ အဲဒါ ငါမတာ လည္း မဟုတ္ဘူး၊ နံေဘးမွာရွိတဲ့ ဘုရားေတြက မတာလည္း မဟုတ္ဘူးဟဲ့ ။

နင့္ခႏၶာကိုယ္ထဲမွာ နင္ကိုယ္တိုင္မျပတ္ပြားထုံၿပီး တည္ထားတဲ့ “အရဟံ ဘုရား” က မတာ ။

မတယ္ဆိုလို႔ ဘုရားတန္ခိုးသက္ သက္နဲ႔ ခ်မ္းသာလာတယ္ မထင္လိုက္နဲ႔၊ ကံမ်ိဳးေစ့ ေအာင္ျမင္လာေတာ့ “အႏုတၱရံ ပုညေခတၱံ ေလာကႆ” ဆိုတဲ့ သာသနာေခတ္ႀကီးမွာ ဉာဏ္နဲ႔ လုံ႔လစိုက္ ထုတ္ႏိုင္ေလာက္ အက်ိဳး ျဖစ္ထြန္းတာေပါ့ ။

“သမၼသကတ သမၼာဒိ႒ိ” အျမင္မွန္ လက္မလြတ္ေစနဲ႔၊ မေမ့မေလ်ာ့ ဆက္ႀကိဳးစား ၾကားလား” လို႔ မိန႔္ၾကားပါတယ္

။ေမာင္ဆင္ရဲ႕ဘဝ ဘယ္လို ေျပာင္းလဲသြားေပမယ့္ မစိုးရိမ္ဆရာေတာ္ႀကီး ေမြးေန႔ေရာက္တဲ့ အခါမွာေတာ့ အရင္က လုပ္ေနက်အတိုင္း ထင္းခြဲ၊ အမႈိက္ရွင္း၊ ေရခပ္ စတဲ့ အလုပ္ၾကမ္းမွန္သမွ် မိသားစုပါ ဝိုင္းဝန္းၿပီး ေဆာင္႐ြက္ၿမဲ ေဆာင္႐ြက္ ပါတယ္ ။

စစ္ႀကီးၿပီးစေလာက္မွာေတာ့ အိႏၵိယ ျပန္သြားတဲ့ ဆန္စက္ပိုင္ရွင္မ်ားက “သူတို႔မိသားစု ဟိုမွာလည္းအလုပ္အကိုင္အဆင္ေျပေနတဲ့အတြက္ ဟိုမွာပဲ အေျခခ်ေတာ့မယ္ ။

ဆန္စက္မ်ားကိုလည္း ႐ိုးသားၿပီး သစၥာရွိတဲ့ ေမာင္ဆင္ကိုပဲ အ ၿပီးအပိုင္ေပးပါတယ္” လို႔ စာနဲ႔ လႊဲအပ္ပါတယ္ ။

စစ္ၿပီးစေလာက္တုန္းကမတၱရာနယ္တစ္ဝိုက္မွာေတာ့ ဆင္းရဲသား ( ေက်ာမြဲစစ္စစ္ ) ဘဝက ဆန္ စက္ပိုင္ရွင္ သူေဌးႀကီးျဖစ္သြားတဲ့ “အရဟံ ဦးဆင္” အေၾကာင္း လူတိုင္းလိုလိုက တအံ့ တၾသ ေျပာမဆုံးေအာင္ တစ္နယ္လုံးကို ဟိုးေဝးတေက်ာ္ ျဖစ္ရပ္ပါပဲတဲ့ ။

ဒီေနရာမွာ အထူး သတိထားရမွာကေတာ့ “ဘုရားရွင္ရဲ႕ ဂုဏ္ေတာ္ေတြ၊ ႏႈတ္ကပါဌ္ေတြမွာ ဘယ္ဂုဏ္က ဘယ္ဂုဏ္ထက္ ပိုသာတယ္၊ ဘယ္ဂါထာက ဘယ္ဂါ ထာထက္ ပိုသာတယ္ ၊

ဘယ္ဂါထာက ဘယ္ဂါထာထက္ ပိုၿပီး အစြမ္းထက္ တယ္လို႔ ကြဲျပားျခားနားမႈ မရွိပါဘူး ။ ရတနာ သုံးပါးနဲ႔ ပတ္သက္ရင္ နည္းေကာင္း နည္းညံ့ ခြဲဖို႔ မလိုဘူး ။ နည္းၿမဲဖို႔ပဲ လိုတယ္” ဆိုတဲ့ အခ်က္ပါပဲ ။

ပ႒ာန္းေဒသနာေတာ္ အလိုအရေတာ့ အာေသဝနပစ္ၥည္းတပ္တယ္လို႔ ေခၚပါတယ္ ။ ကံအေနနဲ႔ ေျပာရရင္ေတာ့ “မျပတ္ေလ့ က်က္ေနတဲ့ အာစိဏၰကံ” ပါပဲ ။

အာစိဏၰကံ ထက္သန္ၿမဲၿမံလာရင္ ပစၥဳပၸန္မွာ မ်က္ျမင္ဒိ႒ ခံစားရတဲ့ “ဒိဌဓမၼ ေဝဒနိယ” အက်ိဳးေကာ ေနာင္အဆက္ဆက္ “သမၸရာယိက” အက်ိဳးကိုပါ ထင္ထင္ရွားရွား ႀကီးႀကီးမားမား ေပးတတ္စၿမဲ ျဖစ္ပါတယ္ ။

ၿပီးေတာ့ အခုဘဝမွာ အသစ္ျပဳလုပ္တဲ့ ကံေတြဟာ ကိုယ္တိုင္အက်ိဳးေပးႏိုင္တဲ့ “ဇနကသတၱိ” ဆိုတာ ရွိသလို ကံေဟာင္းေတြကို အားေကာင္းၿပိဳ အက်ိဳးေပးခြင့္ရလာေအာင္ ေထာက္ပံ့ ကူညီေပးတတ္တဲ့ “ဥပထမၻကသတၱိ” ဆိုတာလဲ ရွိပါတယ္ ။

ဒါေၾကာင့္ ကုသိုလ္ တိုင္းဟာ ျပဳဆဲဘဝမွာပဲ ေကာင္းက်ိဳးေတြေပးတတ္,တိုးေစတတ္တယ္ဆိုတာ အရဟံ ဦးဆင္လို ျဖစ္ရပ္မ်ားအရ သိသာထင္ရွားပါတယ္ ။

မစိုးရိမ္ဆရာေတာ္ႀကီးထံမွၾကား နာမွတ္သားခဲ့ရသည့္အတိုင္းအမရပူရၿမိဳ႕တူေမာင္းတိုက္ပဓာနနာယက ဆရာေတာ္ ဘဒၵႏၲေမဓိယ ( အဂၢမဟာပ႑ိတ )ထပ္ဆင့္မိန႔္ၾကားဆုံးမခ်က္ကို မွ်ေဝတင္ျပလိုက္ပါတယ္ ။

ဓမၼေဘရီအရွင္ဝီရိယ-ေတာင္စြန္း

Unicode

“ ငဆင် နင့်ခန္ဓာကိုယ်ထဲမှာ ခုမှ အ ရဟံ ဂုဏ်တော် ကိန်းတယ် ဟ ။ နင် ထူးခြားတော့မယ် ။ ဆက်ကြိုးစား ကြားလား ” ( အဘိဓဇမဟာရဋ္ဌဂုရု မစိုးရိမ်ဆရာတော်ကြီး )

စစ်ကြီး ပြီးခါစလောက်က မန္တ လေးမြောက်ဘက် မတ္တရာနယ်က ပိုင်ရွာ တစ်ဝိုက်မှာတော့ “ အရဟံ ဦးဆင် ” ဆိုတာ မသိသူ မရှိသလောက်လို့ ဆိုရလောက်အောင် လူသိများခဲ့ပါတယ် ။

သူ့ကို လူတွေ အသိများတာဟာဆန်စက်ပိုင်ရှင် သူဌေးကြီးတစ်ဦးဖြစ်လို့ဆိုတာထက်အင်္ကျီဗလာ ၊ လုံချည်ဖာတစ်ရာနဲ့နွား ကျောင်း သားဘဝက ဗြုန်းစားကြီး ဆန် စက်ပိုင်ရှင် အဖြစ် ပြောင်းလဲသွားတာရယ် ၊

သေသည် အထိ ပုတီးတစ်ကုံးနဲ့ ပုတီးမပြတ် စိပ်နေလေ့ရှိတာရယ် ၊ သူ့အိမ်ဝမှာ “ အရဟံ ” ဆိုတဲ့ စာလုံး ဆိုင်းဘုတ် အကြီးကြီး ရေးထားတာရယ်တို့ကြောင့်ပါပဲ ။

ဒီ “ အရဟံ ”ဆိုတဲ့စာလုံးဆိုင်း ဘုတ်ကြီးကြောင့်ပဲ သူ့ကို “ အရ ဟံ ဦးဆင် ” လို့ လူတွေက သိကြခေါ်ကြတာပါ ။

ဦးဆင်၏ ငယ်ဘဝ

ဦးဆင်ဆိုတာ ငယ်ငယ်က သာ မဏေဘဝနဲ့ မန္တလေးမြို့ မစိုးရိမ်ကျောင်း တိုက် ဆရာတော်ကြီး ဘဒ္ဒန္တသူရိယာဘိဝံသ ( နောင် အ ဘိဓဇမဟာရဋ္ဌဂုရု ) ထံမှာ နေသွားခဲ့ဖူးတယ် ။

ရဟန်းမဖြစ်ခင်မှာဘဲ သူ့ဒကာကြီး ဆုံးပါးသွားလို့ မိခင်နဲ့ လူမမယ် ( မည် ) ညီ၊ ညီမငယ်တွေကို လုပ်ကိုင်ကျွေးဖို့ လူထွက်လိုက်ရတယ် ။

လယ်ယာမြေပိုင် မရှိတဲ့အတွက် သူများအိမ်မှာ ထွန်ယက် နွား ကျောင်းသူရင်း ငှားဘဝနဲ့လုပ် ကိုင်စားရတဲ့ဘဝမှာ မိသားစုက စားအိုးကြီးတဲ့အတွက် အသက်ထိန်းရုံ အရှက်လုံရုံ အနိုင်နိုင်ဘဝပါ ။

လုံချည်ခါးနွမ်း ကျောနေလှမ်းဘဝမှာ အိမ်က ခနော် ခနဲ့ခေတ် သစ် ကာကဝလိယလို့တောင် ဆိုနိုင်လောက်ပါ သတဲ့ ။

ဆရာသမားရဲ့ ဂုဏ်ကျေးဇူးကို အမြဲ ဦးထိပ်ထားတတ်တဲ့ မောင်ဆင်ဟာ မစိုးရိမ်ဆရာတော်ဘုရားကြီး မွေးနေ့ နီးပြီဆိုရင်တော့ မစိုးရိမ်ကျောင်းတိုက်ကို အမြဲရောက်အောင် လာတယ် ။

လှူဖွယ်ဝတ္ထုရယ်လို့ မပါပေမယ့် ဆရာသမားကို ဝတ်ကြီးဝတ်ငယ် ပြုပေးရင်း ထင်းခွဲ၊ ရေခပ်၊ တံ မြက်လှည်း စတဲ့ အလုပ်ကြမ်း မှန်သမျှ အားလုံး ဒိုင်ခံပြီး လုပ်လေ့ရှိပါသတဲ့ ။

မွေးနေ့ပြီးလို့ အပြန်မှာတော့ အ င်္ကျီဗလာနဲ့ တပည့်ကို မကြည့်ရက်တဲ့အတွက် ဆရာတော်ကြီးက “ငါ့တပည့်လို သံဃာ့ဝေယျာဝစ်္စလုပ်သူအတွက် ပေးကောင်းတယ် ကွဲ့ ။

အပ်စပ်ပါတယ်။ အင်္ကျီချုပ်ဝတ်” လို့ ပြောပြီး အဲဒီခေတ်က နာရေးကန်တော့ ပွဲတွေမှာ ပါလာလေ့ရှိတဲ့ ပိတ်စကလေးတွေကို ချီးမြှင့်တတ်ပါတယ် ။

ဆရာတော်ကြီးက မိမိအတွက် အင်္ကျီချုပ်ဖို့ဆိုပြီး ပေးစွန့်ပေမယ့်အိမ်မှာအရွယ်ရောက်စ ပြုနေပြီဖြစ်တဲ့နှမတွေညီငယ်တွေအတွက်ပဲ သင့်သလိုချုပ်ပေးပြီး မောင်ဆင်ကတော့ ထုံးစံအတိုင်း ယက်ချည်ထက် ချုပ်ချည်ကတောင် ပိုများ နေပြီလား ထင်ရတဲ့ လုံချည်ဖာတစ်ရာ ကျောဗလာပဲ နေရတာပါ ။

မွေးနေ့နီးတိုင်း နှစ်စဉ် မှန်မှန်ရောက်လာပြီး ကျောပြောင်ကြီး ပိုပြီး မွဲခြောက် လာတာက လွဲလို့ ဘာမှ တိုးတက် ပြောင်းလဲမလာတဲ့ တပည့်ကို ကြည့်ပြီး ဆရာ တော် ကြီးက-“ငဆင် နင် မချမ်း သာချင်ဘူးလား” လို့ မေးတော့-

“ဘယ့်နှယ် မိန့်လိုက်ပါလိမ့်ဘုရား ။ တပည့်တော်သူများတွေလို သူဌေးဖြစ်အောင် မချမ်းသာချင်နေပါစေ ။ အစားအဝတ် ပြည့်ပြည့်စုံစုံနဲ့ မိုးလုံလေလုံလောက် နေရရင်ကို ကျေနပ်လှပါပြီ ။ ဆ ရာတော်မစနိုင်ရင် မစပေးတော်မူပါဘုရား” လို့ လျှောက်ထားပါသတဲ့ ။

ဆရာတော်ကြီးက “ဟဲ့… ငဆင်ရဲ့၊ ကံ ကံ၏အကျိုးဆိုတာ နင်လည်း သိသားပဲဟာ ။ နင့်ကို ငါ က မစလို့ ဘယ်ရမလဲဟဲ့ ။ နင်ကိုယ်တိုင် ရုန်းပြီး ရပ်မှ မတ်လာမှာပေါ့” ဆိုတော့“မှန်ပါတတ်နိုင်သမျှတော့ကြိုးစားတာပါပဲဘုရား ။

မိသားစုကလည်း များ၊ ညီတွေညီမတွေကလည်း လက်လုပ်လက်ကိုင်လေးမှ အကူအညီက မရသေး ။

ဒီကြားထဲ လောကအလျောက် အိမ်ထောင်ကလည်းကျပြီး ဆိုတော့ အလုပ်နဲ့ဝင်ငွေက မတိုးဘဲ ပါးစပ်ပေါက်တွေသာ တိုးနေတဲ့အတွက် ဒီလိုပဲ လုံးချာလိုက်နေတာပဲ ဘုရား” လို့ ပြန်လျှောက်ပါတယ် ။

ဆရာတော်ကြီးက “အေး—နင့်ကို ငါက မ,ထူပေးလို့တော့ မရဘူး ။ နင့် ကိုယ်နင် ရုန်းထနိုင်အောင် အထောက်အကူတော့ ပေးလိုက်မယ် ။ ရော့ ဟောဒီ ပုတီးကို ယူ သွား ။

ဘာမှ နည်းတွေများမနေနဲ့ “ အရဟံ ” တစ်လုံးကို အဓိပ္ပာယ်ပါ အာရုံပြုပြီး မပြတ်ပွားပေရော့ ” ဆိုပြီး အနားမှာရှိတဲ့ ပရိ က္ခရာပုံထဲက ပုတီးတစ်ကုံး ကို ပေးလိုက်ပါတယ် ။

ဆရာတော်ကြီးက မတာ မဟုတ်ဘူးဆိုပေမယ့် မောင်ဆင်ကတော့ ဒါဟာ ဆရာတော်ကြီးက သူ့ကို မစလိုက်တာပဲ ဆိုပြီး ဆရာတော် မိန့်ကြားတဲ့အတိုင်း မပြတ်ပွားပြီး စိပ်တော့တာပဲ ။

ခါတိုင်း ကိုယ်အထက်ပိုင်းမှာ ဗ လာကျင်းနေတဲ့ မောင်ဆင်မှာခုတော့အလုပ်လုပ်နေချိန်ဆိုရင်လည်း လည်ပင်းမှာ ပုတီးတစ်ကုံး ဆွဲထားတာ တွေ့ရပြီး အလုပ်နားတာနဲ့ ပုတီးနဲ့ လက်မပြတ်အောင် စိပ်တော့တာပဲ ။

နွားကျောင်းရင်လည်း ပုတီးစိပ်က မပြတ်တော့ ဒုစရိုက်ရယ်လို့ ကျူးလွန်ချိန်ကို မရှိတော့ဘူး ။နောက်တစ်နှစ် ဆရာတော်ကြီးမွေးနေ့မှာ မောင်ဆင် ရောက်လာတော့လည်း ဘာမှ ထူးခြားပြောင်းလဲမှု မရှိသေးဘူး ။ ဆ ရာတော်ကြီးထံပါးမှာ ဝတ်ချတော့ “ငဆင် ဘာတွေများ ထူးခြားလာသလဲဟဲ့”

“ဘာမှ မထူးသေးပါဘုရာ း” “အေး လာစမ်း ဒီနား” ဆိုပြီး “ဖြန်း” ခနဲ ရိုက်လိုက်တော့“အမလေးဘုရား” လို့ လန့်အော်တယ်။

ဆရာတော်ကြီးကနင် လိုသေးတယ်၊ ဆက်ကြိုးစားဦး” လို့ မိန့်ပါတယ် ။ နောက်နှစ်နှစ် သုံးနှစ် ဒီအတိုင်းပဲ၊ မထူးဘူး။ အဲ… လေးနှစ်မြောက်အရောက်မှာတော့ ဆရာတော်ကြီး“ငဆင် လာစမ်း ဒီနား” “ဖြန်း” ဆိုတော့ “အရဟံ… အရဟံ… အရဟံ…” လို့ အော်လိုက်ပါသတဲ့ ။

“အေး နင့်ခန္ဓာကိုယ်ထဲခုမှ “အ ရဟံ” ဂုဏ်တော်ကိန်းတယ်ဟ။ သုံးလေး နှစ်အတွင်း ခန္ဓာကိုယ်ထဲ အရဟံဘုရား အမြဲကိန်းအောင် တည်နိုင်တာ နင် မဆိုးဘူး၊ နင် ထူးတော့မယ် ။ ဆက်ကြိုးစား ကြားလား”

“မှန်ပါဘုရား”အချိန်က ဂျပန်တွေ မြန်မာပြည်ဝင်လာခါစ၊ မြန်မာပြည်ကို စစ်ငွေ့စစ်ရိပ် များ သန်းလာပြီ ။ မတ္တရာနယ်က ပိုင်ရွာမှာရှိတဲ့ ဆန်စက်ပိုင်ရှင် အိန္ဒိယအမျိုးသား မိသားစုတို့က စစ်ဘေးဒဏ်ကို တိမ်းရှောင်ရင်း သူတို့ဆွေမျိုးများရှိရာ

အိန္ဒိယကို ပြန်လိုတဲ့အတွက် သူတို့မရှိတုန်းမှာ သူတို့ပိုင်တဲ့ ဆန်စက်ကို အ စောင့်အရှောက်အဖြစ် လွှဲအပ်ခဲ့ဖို့ နယ်မှာရှိတဲ့ အကြီးအကဲများ၊ မိတ်ဆွေသင်္ဂဟများနဲ့ တိုင်ပင်တဲ့အခါ အဲဒီနယ်သူကြီးက-“ သူရင်း ငှားလုပ်နေတဲ့ မောင်ဆင်ဟာ ဆင်းရဲပေမယ့် ရိုးသားပြီး သစ္စာရှိ တယ် ။

မစိုးရိမ်ဆရာတော်ကြီးရဲ့ တပည့်ဖြစ်လို့ ဆရာကောင်းတပည့်ပီပီ ရိုးသား တည်ကြည်တယ်၊ သူများပစ္စည်းကို အလွဲသုံးစားလုပ်မယ့်သူငယ် မဟုတ်ဘူး ။

ဆရာသမားများရဲ့ အရှိန်အဝါကြောင့်လည်း ဆရာကောင်းတပည့် မပီသတဲ့ အလုပ်မျိုးလုပ်မှာ မဟုတ်တာ သေချာတယ် ။ သူ့ကိုပဲ လွှဲအပ်ပြီး စောင့်ရှောက်ခိုင်းတာ အကောင်းဆုံးပဲ” လို့ အကြံ ပေးကြတယ် ။

ဆန်စက်ပိုင်ရှင်များကလည်း ဟိန္ဒူအမျိုးသားများ ဖြစ်တဲ့အတိုင်း “မစိုးရိမ်တိုက်” ဆိုတာကို ကြားဖူးပြီး အထင်ကြီး လေး စားကြတဲ့အတွက်

သဘောကျပြီး မောင်ဆင်နဲ့ သွားတွေ့ အကျိုး အကြောင်း ပြောဆို ညှိနှိုင်းကြပြီး နှစ်ဦးနှစ်ဖက် သဘော တူကြလို့ မောင်ဆင်လက်ထဲ ဆန်စက်ကို လွှဲအပ်ပြီး အိန္ဒိယပြန်သွားကြတယ် ။

မောင်ဆင်လည်း မမျှော်လင့်ဘဲ ဆန်စက်နဲ့လုပ်ကိုင်စားသောက်ခွင့် ရရှိသွားလို့ ဆန်စက်ပိုင် မ ဟုတ်ပေမယ့် ဆန်စက်ကိုင် သူ ဌေး လေးဘ၀ ရောက်သွားတော့တယ် ။

အဲဒီနှစ် မစိုးရိမ်ဆရာတော်ကြီးရဲ့ မွေးနေ့ကို သွားတဲ့အခါမှာတော့ မောင်ဆင်ဟာ နှစ်တိုင်းနဲ့ မတူတော့ဘူး ။ အဝတ်အစား သပ် သပ်ရပ်ရပ်နဲ့ လှူစရာ ဆန်အိတ်တွေ ဘာတွေ သယ်လာပြီး မိ သားစုနဲ့အတူ ရောက်လာကြတယ် ။

ဆရာတော်ကြီးက-“ငဆင် ဒီနှစ် ထူးလာပြီလား ဟ” ဆိုတော့“မှန်ပါ၊ ထူးဆို တပည့်တော်စိတ်ကူးနဲ့တောင် မမှန်းဆရဲခဲ့ဖူးတဲ့အထိကို ထူးတာဘုရာ့ ။

အခု တပည့်တော်ဆန်စက်တစ်လုံးကိုစောင့်ရှောက်ရင်း လုပ်ကိုင် စားသောက်ခွင့်ရလို့ တပည့်တော် တောင့်တခဲ့တဲ့ စားဝတ်နေရေး ပြည့်စုံပြီး မိုးလုံ လေလုံနေနိုင်ဖို့ဆိုတဲ့ အဆင့်ထက်တောင် လွန်နေပြီ ဘုရာ့ ။

ဒါတွေဟာ ဆရာတော် မ,လိုက်တဲ့ ဆရာတော့် ကျေးဇူးတွေပါပဲ ဘုရား”ဆိုပြီးဝမ်းသာမျက်ရည်နဲ့ လျှောက်ထားရှာတယ် ။

“ဟဲ့—ငဆင်ရဲ့၊ နင့်ကို ငါမလို့ မရဘူး ။ နင့်ကိုယ်နင် ရုန်းကန်ထရမှာလို့ အစကတည်းက ပြောထားသားနဲ့၊ ဘယ်ကလာ ငါက မရမှာလဲ၊ အဲဒါ ငါမတာ လည်း မဟုတ်ဘူး၊ နံဘေးမှာရှိတဲ့ ဘုရားတွေက မတာလည်း မဟုတ်ဘူးဟဲ့ ။

နင့်ခန္ဓာကိုယ်ထဲမှာ နင်ကိုယ်တိုင်မပြတ်ပွားထုံပြီး တည်ထားတဲ့ “အရဟံ ဘုရား” က မတာ ။ မတယ်ဆိုလို့ ဘုရားတန်ခိုးသက် သက်နဲ့ ချမ်းသာလာတယ် မထင်လိုက်နဲ့၊

ကံမျိုးစေ့ အောင်မြင်လာတော့ “အနုတ္တရံ ပုညခေတ္တံ လောကဿ” ဆိုတဲ့ သာသနာခေတ်ကြီးမှာ ဉာဏ်နဲ့ လုံ့လစိုက် ထုတ်နိုင်လောက် အကျိုး ဖြစ်ထွန်းတာပေါ့ ။

“သမ္မသကတ သမ္မာဒိဋ္ဌိ” အမြင်မှန် လက်မလွတ်စေနဲ့၊ မမေ့မလျော့ ဆက်ကြိုးစား ကြားလား” လို့ မိန့်ကြားပါတယ် ။မောင်ဆင်ရဲ့ဘဝ ဘယ်လို ပြောင်းလဲသွားပေမယ့် မစိုးရိမ်ဆရာတော်ကြီး

မွေးနေ့ရောက်တဲ့ အခါမှာတော့ အရင်က လုပ်နေကျအတိုင်း ထင်းခွဲ၊ အမှိုက်ရှင်း၊ ရေခပ် စတဲ့ အလုပ်ကြမ်းမှန်သမျှ မိသားစုပါ ဝိုင်းဝန်းပြီး ဆောင်ရွက်မြဲ ဆောင်ရွက် ပါတယ် ။

စစ်ကြီးပြီးစလောက်မှာတော့ အိန္ဒိယ ပြန်သွားတဲ့ ဆန်စက်ပိုင်ရှင်များက “သူတို့မိသားစု ဟိုမှာလည်းအလုပ်အကိုင်အဆင်ပြေနေတဲ့အတွက် ဟိုမှာပဲ အခြေချတော့မယ် ။

ဆန်စက်များကိုလည်း ရိုးသားပြီး သစ္စာရှိတဲ့ မောင်ဆင်ကိုပဲ အ ပြီးအပိုင်ပေးပါတယ်” လို့ စာနဲ့ လွှဲအပ်ပါတယ် ။

စစ်ပြီးစလောက်တုန်းကမတ္တရာနယ်တစ်ဝိုက်မှာတော့ ဆင်းရဲသား ( ကျောမွဲစစ်စစ် ) ဘဝက ဆန် စက်ပိုင်ရှင် သူဌေးကြီးဖြစ်သွားတဲ့ “အရဟံ ဦးဆင်” အကြောင်း လူတိုင်းလိုလိုက တအံ့ တသြ ပြောမဆုံးအောင် တစ်နယ်လုံးကို ဟိုးဝေးတကျော် ဖြစ်ရပ်ပါပဲတဲ့ ။

ဒီနေရာမှာ အထူး သတိထားရမှာကတော့ “ဘုရားရှင်ရဲ့ ဂုဏ်တော်တွေ၊ နှုတ်ကပါဌ်တွေမှာ ဘယ်ဂုဏ်က ဘယ်ဂုဏ်ထက် ပိုသာတယ်၊ ဘယ်ဂါထာက ဘယ်ဂါ ထာထက် ပိုသာတယ် ၊

ဘယ်ဂါထာက ဘယ်ဂါထာထက် ပိုပြီး အစွမ်းထက် တယ်လို့ ကွဲပြားခြားနားမှု မရှိပါဘူး ။ ရတနာ သုံးပါးနဲ့ ပတ်သက်ရင် နည်းကောင်း နည်းညံ့ ခွဲဖို့ မလိုဘူး ။ နည်းမြဲဖို့ပဲ လိုတယ်” ဆိုတဲ့ အချက်ပါပဲ ။

ပဋ္ဌာန်းဒေသနာတော် အလိုအရတော့ အာသေဝနပစ်္စည်းတပ်တယ်လို့ ခေါ်ပါတယ် ။ ကံအနေနဲ့ ပြောရရင်တော့ “မပြတ်လေ့ ကျက်နေတဲ့ အာစိဏ္ဏကံ” ပါပဲ ။

အာစိဏ္ဏကံ ထက်သန်မြဲမြံလာရင် ပစ္စုပ္ပန်မှာ မျက်မြင်ဒိဋ္ဌ ခံစားရတဲ့ “ဒိဌဓမ္မ ဝေဒနိယ” အကျိုးကော နောင်အဆက်ဆက် “သမ္ပရာယိက” အကျိုးကိုပါ ထင်ထင်ရှားရှား ကြီးကြီးမားမား ပေးတတ်စမြဲ ဖြစ်ပါတယ် ။

ပြီးတော့ အခုဘဝမှာ အသစ်ပြုလုပ်တဲ့ ကံတွေဟာ ကိုယ်တိုင်အကျိုးပေးနိုင်တဲ့ “ဇနကသတ္တိ” ဆိုတာ ရှိသလို ကံဟောင်းတွေကို အားကောင်းပြို အကျိုးပေးခွင့်ရလာအောင် ထောက်ပံ့ ကူညီပေးတတ်တဲ့ “ဥပထမ္ဘကသတ္တိ” ဆိုတာလဲ ရှိပါတယ် ။

ဒါကြောင့် ကုသိုလ် တိုင်းဟာ ပြုဆဲဘဝမှာပဲ ကောင်းကျိုးတွေပေးတတ်,တိုးစေတတ်တယ်ဆိုတာ အရဟံ ဦးဆင်လို ဖြစ်ရပ်များအရ သိသာထင်ရှားပါတယ် ။

မစိုးရိမ်ဆရာတော်ကြီးထံမှကြား နာမှတ်သားခဲ့ရသည့်အတိုင်းအမရပူရမြို့တူမောင်းတိုက်ပဓာနနာယက ဆရာတော် ဘဒ္ဒန္တမေဓိယ ( အဂ္ဂမဟာပဏ္ဍိတ )ထပ်ဆင့်မိန့်ကြားဆုံးမချက်ကို မျှဝေတင်ပြလိုက်ပါတယ် ။

ဓမ္မဘေရီအရှင်ဝီရိယ-တောင်စွန်း

Be the first to comment

Leave a Reply

Your email address will not be published.


*