နေလောင်ခြင်းကြောင့် အသားအရေအရောင်မပြောင်းစေဖို့ သိထားရမယ့်အချက်များ

နေလောင်ခြင်းကြောင့် အသားအရေအရောင်မပြောင်းစေဖို့ သိထားရမယ့်အချက်များ

ခန္ဓာကိုယ်ကို ဂရုတစိုက် ရှိတတ်တဲ့သူတွေအဖို့တော့ အသားအရေကိုပါ ဂရုစိုက်ကြမှာပါ။ ပြောင်းလဲလာတဲ့ ခေတ်ကြီးထဲမှာ ပတ်ဝန်းကျင်တွေကလည်း

ပိုညစ်နွမ်းလာသလို ယာဉ်အမျိုးမျိုးက ထွက်တဲ့ အငွေ့တွေနဲ့ ခရမ်းလွန်ရောင်ခြည် လွန်ကဲတာတွေ စသဖြင့် အမျိုးစုံအောင် ရှိတဲ့ အကြောင်းအရာတွေက

နေ့စဉ်နဲ့ အမျှ အသားအရေကို ထိခိုက်နေစေပါတယ်။ ဒီလို အခြေအနေတွေကြောင့် အသားအရေကို ဂရုစိုက်နိုင်မှ တော်ကာကျပါမယ်နော်။

နေကာခရင်မ် လိမ်းပါ

နေ့စဉ် အပြင်ကို သွားလာ လှုပ်ရှားနေရတဲ့အတွက် နေပူထဲကို ဖြတ်သန်းသွားရတာမျိုး များတယ်ဆိုရင်တော့ နေရောင်ဖို့ကလည်း မဖြစ်နိုင်ပါဘူး။

ဒါကြောင့် နေလောင်တာကနေ ကာကွယ်ပေးနိုင်ဖို့ suncreen ကို နေ့တိုင်း လိမ်းသွားသင့်ပါတယ်။ ဒီလိုမျိုး လိမ်းရတာကို အလုပ်ရှုပ်စေ တယ်လို့တော့ မထင်စေချင်ပါဘူး။

အိုဇုန်းလွှာ ပေါက်ပြဲလာတာနဲ့အမျှ ခရမ်းလွန်ရောင်ခြည်ကလည်း ပိုကျရောက်နေတာမို့ နေကာခရင်မ် လိမ်းတာက သင့်အသားအရေကို

ဂရုစိုက်ပေးရာ ရောက်ပါတယ်။ ဒါက သင့်အသားအရေအတွက်မို့ လုပ်သင့်ပါတယ်နော်။

Lotion ပုံမှန် လိမ်းပါ

Lotion လိမ်းတယ်ဆိုတာ အသားအရေ လှဖို့တစ်ခုတည်း အတွက်တော့ မဟုတ်ပါဘူး။ lotion လိမ်းတယ်ဆိုတာက ပျက်စီးနေတဲ့ အသားအရေကို

ပြန်လည်ကျန်းမာလာအောင် ပြုလုပ်ပေးတာ ဖြစ်ပြီး အသားအရေက လိုအပ်တဲ့ ဓာတ်တွေကိုလည်း ဖြည့်ဆည်းပေးတာမို့ နေပူထဲသွားတဲ့သူတွေကတော့ မဖြစ်မနေ လိမ်းသင့်ပါတယ်။

Lotion ကို ရွေးချယ်တဲ့ အခါမှာလည်း SPF လည်း ပါဝင်ပြီး နေရောင်ကြောင့် ပျက်စီးတာကို ပြန်လည်ပြုပြင်ပေးတဲ့ အမျိုးအစားတွေကို ဝယ်ယူရွေးချယ် လိမ်းသင့်ပါတယ်။

ဒါ့အပြင် နေ့စဉ် မှန်မှန် လိမ်းပေးခြင်းအားဖြင့် သင့်အသားအရေကို ပိုမိုကောင်းမွန်စေမှာပါ။

Scrub ပုံမှန် ပြုလုပ်ပေးပါ

အသားအရေကို ဂရုစိုက်တဲ့သူဆိုရင်တော့ Srub ပုံမှန် လုပ်ပေးသင့်ပါတယ်။ ဈေးကွက်ထဲမှာ အဆင်သင့် ရှိတဲ့ Srucb တွေကို ဝယ်ယူသုံးစွဲနိုင်သလို Youtube ကနေ

Homemade scrub လုပ်နည်းတွေ ကြည့်ပြီးလည်း ကိုယ်တိုင် ပြုလုပ် အသုံးပြုနိုင်ပါတယ်။ Scrub လုပ်ပေးတဲ့အခါ အသားအရေက မလိုအပ်တဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး

ဆဲလ်သစ်ဖြစ်လာစေဖို့ အထောက်အကူဖြစ်စေပါတယ်။ Scrub လုပ်ပေးတာကလည်း အသားအရေ ကောင်းမွန်ကျန်းမာစေဖို့ အထောက်အကူပြုတဲ့ အရာဖြစ်လို့ ပြုလုပ်သင့်တဲ့အထဲ ပါဝင်ပါတယ်။

ရေဓာတ်ပြည့်ဝအောင်နေပါ

အသားအရေအတွက် လိုအပ်တဲ့ အရာတွေထဲမှာ ရေဓာတ်ပြည့်ဝခြင်းကလည်း ပါဝင်ပါတယ်။ လူတစ်ယောက်က တစ်နေ့ကို ရေ နှစ်လီတာ အနည်းဆုံး သောက်သင့်ပါတယ်။

နေပူထဲ သွားရတဲ့သူတွေကတော့ အသားအရေအတွက်ရော ခန္ဓာကိုယ်အတွက်ရော ပိုပြီး ရေဓာတ်ဖြည့်သင့်ပါတယ်။

အရည်ရွှမ်းတဲ့ အသီးတွေ စားပါ

အသီးစားတာက လူနဲ့ တည့်ပါတယ်။ အရည်ရွှမ်းတဲ့အသီးတွေက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေဓာတ်ကို ဖြည့်ဆည်းပေးနိုင်သလို အသားအရေအတွက်

ကောင်းမွန်စေတဲ့ ဓာတ်တွေလည်း ရရှိစေပါသေးတယ်။ အသားအရေကို ပျက်စီးတာကို ထိန်းသိမ်းရုံမက ကောင်းမွန်စေချင်တယ်ဆိုရင်တော့ အသီးလေးပါ ပုံမှန်စားပေးရင် ပိုလို့တောင် ကောင်းပါသေးတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*