အချစ်ကြီးသလို စိတ်နာသွားရင်လဲ ချစ်သူကိုအလွယ်လေးဖြတ်ပစ်ဖို့ ဝန်မလေးတတ်တဲ့ ရာသီခွင်(၅)ခု
ကိုယ့်ရဲ့စေတနာတွေ၊ မေတ္တာတွေကို တန်ဖိုးထားမခံရတော့တဲ့အခါ အချစ်ဆိုတာကိုလည်း စိတ်ကုန်သွားပြီး ချစ်သူကိုလည်း ပြတ်နိုင်သွားတတ်ပါတယ်။
MAY THAZINHTOO
သင်ဟာ အချစ်ရေးမှာ အရမ်းကိုဆတ်ဆတ်ထိမခံဖြစ်တတ်ပြီးတော့ လွယ်လွယ်နဲ့ ပြတ်စဲတတ်တဲ့သူတစ်ယောက်ဖြစ်နေတယ်ဆိုရင် ဒါဟာ သင်မွေးဖွားတဲ့ ရာသီခွင်နဲ့ဆက်စပ်မှု ရှိနိုင်ပါတယ်။
အချစ်ရေးမှာ ပြတ်စဲဖို့ အလွယ်ကူဆုံး ရာသီခွင််(၅)ခုနဲ့ သူတို့ရဲ့ အချစ်ရေးဆိုင်ရာ အယူအဆတွေကို ဖော်ပြပေးလိုက်ပါတယ်နော်…..
(၁) မိဿရာသီဖွား (မတ် ၂၁ – ဧပြီ ၂၀)
မိဿရာသီဖွားတွေဟာ သူတို့ဘဝထဲမှာ သူတို့ကို နာကျင်အောင် လုပ်မယ့်သူတွေကို လုံးဝလက်မခံပါဘူး။ သူတို့ကို စိတ်ထိခိုက်နာကျင်အောင် လုပ်ရင် ဘယ်လောက်ပဲ ချစ်တဲ့သူဖြစ်ဖြစ်၊
ဘယ်နှနှစ်ကြာအောင် ချစ်ခဲ့တဲ့သူဖြစ်ဖြစ် ချက်ချင်းဖြတ်ပစ်နိုင်ပြီး လုံးဝလှည့်မကြည့်ဘဲ နေနိုင်ကြပါတယ်။ ချစ်သူက ထားခဲ့ရင်လည်း ဂရုမစိုက်တတ်သလို၊ ကိုယ့်ဘက်က စပြီးထားခဲ့ဖို့လည်းဝန်မလေးပါဘူးတဲ့နော်။
(၂) တူရာသီဖွား (စက်တင်ဘာ ၂၄ – အောက်တိုဘာ ၂၃)
တူရာသီဖွားတွေက အရမ်းကို စိတ်ကူးယဉ်ဆန်ဆန် ချစ်တတ်တဲ့သူတွေပါ။ ချစ်တဲ့သူအပေါ် အကောင်းဆုံးပေးဆပ်ပြီး အဆိုးဆုံးတွေအတွက်လည်း မျှော်လင့်ပြင်ဆင်ထားတတ်တဲ့သူတွေပေါ့။
ဒါကြောင့်လည်း ချစ်သူနဲ့ပြတ်တဲ့အခါ ရုပ်ပျက်ဆင်းပျက်ဖြစ်လောက်အောင် ခံစားရတတ်တာကြောင့် တူရာသီဖွားတွေက လက်ရှိချစ်သူအပြင် silent လေးတွေလည်း ထားထားတတ်ပါတယ်။ အဲ့ဒီ silent လေးတွေကြောင့် ချစ်သူနဲ့ပြတ်တဲ့အခါ အရမ်းဆိုးဆိုးရွားရွား မခံစားရဘဲပြတ်နိုင်ပါတယ်တဲ့။
(၃) ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၄ – နိုဝင်ဘာ ၂၂)
ဗြိစ္ဆာရာသီဖွားတွေကတော့ ချစ်သူအတွက် လိုလိုလားလား ပေးဆပ်ချင်တဲ့သူလေးတွေပါ။ ချစ်သူအပေါ်မှာ အကောင်းမြင်စိတ်ရှိပြီး ဖြည့်ဆည်းပေးတတ်ကြတာကြောင့် အချိန်ကြာလာတဲ့အခါ တစ်ဖက်သားက တန်ဖိုးမထားတော့တာမျိုးဖြစ်လာပါတယ်။
ကိုယ့်ရဲ့စေတနာတွေ၊ မေတ္တာတွေကို တန််ဖိုးထားမခံရတော့တဲ့အခါ အချစ်ဆိုတာကိုလည်း စိတ်ကုန်သွားပြီး ချစ်သူကိုလည်း ပြတ်နိုင်သွားတတ်ပါတယ်။
(၄) ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၁ – ဖေဖော်ဝါရီ ၂၈)
ကုမ်ရာသီဖွားတွေဟာ ချစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့သူတို့ကို ထိန််းချုပ်တာမျိုးကို လုံးဝမကြိုက်ပါဘူး။
သူတို့ရဲ့ အရာရာကို ဝင်စွက်ဖက်ပြီး သူတို့ကို အရမ်းထိန််းချုပ်ဖို့ကြိုးစားလာရင် ဘယ်လောက်ချစ်တဲ့သူဖြစ်ဖြစ် ချန််ထားခဲ့နိုင်ပါတယ်။ ချစ်လို့ ချည်နှောင်ခံရတာကို အသည်းကွဲရမှာထက် ပိုကြောက်တဲ့သူတွေပါ။
(၅) မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ – မတ် ၂၀)
ရာသီဖွားတွေအားလုံးထဲမှာ ထူးဆန်းတဲ့စိတ်စွမ်းအင်တစ်မျိုးကို ပိုင်ဆိုင်ထားတာကတော့ မိန်ရာသီဖွားတွေပါ။ သူတို့ ပိုင်ဆိုင်ထားတဲ့ စိတ်စွမ်းအင်ကတော့ သူတို့ချစ်သူနဲ့ပတ်သက်လို့ အလိုလိုသိနေတတ်တာမျိုးပါ။ ချစ်သူက လိမ်နေတာလား
၊ နောက်တစ်ယောက်တွေ့နေတာလား၊ သစ္စာဖောက်ဖို့ ကြံစည်နေတာလား စသဖြင့် အလိုလိုသိနေတာပါ။ အဲ့ဒီအလိုလိုသိနေတဲ့ ခံစားချက်ကြောင့် စိတ်ထဲမှာ ကြိုတင်ပြင်ဆင်ထားသလိုဖြစ်နေလို့ ချစ်ရသူနဲ့ ပြတ်ရမယ်ဆိုုရင်လည်းအလွယ်တကူပြတ်နိုင်ပါတယ်။
MAY THAZINHTOO
Be the first to comment
Leave a Reply
Your email address will not be published.
*