အျခားသူေတြေရာဂါမကူးစက္ေအာင္ ကားဂိုေဒါင္မွာရက္ေပါင္းမ်ားစြာ ပုန္းေအာင္းေနခဲ့ရတဲ့ ဝူဟန္ၿမိဳ႕ကေက်ာင္းသား ေလးစားပါတယ္

အခ်ိဳ႕ေသာသူေတြကေတာ့ ကိုယ့္မွာ႐ွိေနတဲ့ေရာဂါမ်ိဳး အျခားသူေတြဆီမကူးစက္သြားေအာင္ ဂ႐ုတစိုက္ျပဳမႈေဆာင္ရြက္ခဲ့ၾကသူေတြလည္း ႐ိွၾကပါတယ္ ။ဒီတစ္ေခါက္မွာလည္း မိသားစုကိုခ်စ္လြန္းတဲ့ေကာင္ေလးတစ္ေယာက္ရဲ႕ အျပဳအမႈကိုေဖာ္ျပလိုက္ရပါတယ္ ။

Guo Yue အမည္႐ွိတဲ့ အသက္ 25 ႏွစ္အရြယ္ ဝူဟန္ၿမိဳ႕ကတကၠသိုလ္ေက်ာင္းသားေလးတစ္ဦးဟာ ၿပီးခဲ့တဲ့ January 22 ရက္ေန႔က ဝူဟန္ၿမိဳ႕ကေန ဇာတိေျမ Cangzhou ၿမိဳ႕သို႔ျပန္ဖို႔ လိုအပ္လာခဲ့ပါေတာ့တယ္

။ေရာဂါကူးစက္ပ်ံ့ႏွံ႔ေနမွန္း သိၿပီးေနာက္ ႀကိဳတင္ကာကြယ္မႈလုပ္တဲ့အေနနဲ႔ mask 3လႊာအထိ တပ္ၿပီး ၊ လက္အိတ္မ်ားလည္း ဝတ္ဆင္ကာ ကာကြယ္မႈမ်ားျပဳလုပ္ခဲ့ပါတယ္ ။

ထို႔ျပင္ ေလဆိပ္မွာလာႀကိဳမယ့္ဖခင္ျဖစ္သူကိုလည္း ပိုးသတ္ေစတဲ့အရက္ေတြယူေဆာင္လာခဲ့ခိုင္းပါေသးတယ္ ။ ေလယာဥ္စီးနင္လာတဲ့ခရီးတစ္ေလ်ွာက္မွာလည္း အျခားသူေတြကို စကားေျပာဆိုျခင္းမ်ိဳးလံုးဝမ႐ွိခဲ့တဲ့အျပင္ ၊ ပစၥည္းေတြ ထိေတြ႔ကိုင္တြယ္ျခင္းမ်ိဳးမ႐ွိေအာင္လည္း အတတ္ႏိုင္ဆံုးႀကိဳးစားခဲ့ပါတယ္ ။

အိမ္ျပန္ေရာက္ေရာက္ခ်ိန္မွာလည္း အျခားမိသားစုဝင္ေတြ ေရာဂါကူးစက္မႈမခံရေအာင္ သီးသန္႔ခြဲေနခဲ့ပါေတာ့တယ္ ။

ထို႔အျပင္ ” ကြၽန္ေတာ္က ဝူဟန္ၿမိဳ႕ကေန ျပန္ေရာက္လာခဲ့တာျဖစ္တဲ့အတြက္ အျခားသူေတြေရာဂါကူးစက္သြားမွာကို အေတာ္ေလးေၾကာက္မိတယ္ ၊ အဲ့ေၾကာင့္ 14 ရက္လံုးလံုး သီးသန္႔ခြဲေနခဲ့ပါတယ္ ” ဆိုၿပီး ေက်ာင္းသားေလးက ေျဖၾကားခဲ့ပါေသးတယ္ ။

2ရက္အၾကာမွာေတာ့ သူ၏အတန္းေဖာ္မွာ ကို႐ိုနာဗိုင္းရပ္ကူးစက္ခံထားရေၾကာင္း စစ္ေဆးေတြ႔႐ွိခဲ့ၿပီးေနာက္ ၊ Guo Yue ကိုယ္တိုင္လည္း ေဆးရံုမွာ သြားေရာက္စစ္ေဆးခဲ့ပါတယ္ ။

ထိုအခ်ိန္မွာေတာ့ ဗိုင္းရပ္စ္ပိုးကူးစက္ခံထားရေၾကာင္း သိ႐ွိခဲ့ၿပီးေနာက္ ေဆးရံုမွာသြားေရာက္ေဆးကုစမႈခံယူခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း ေဆးကုသမႈေအာင္ျမင္ၿပီး ေဆးရံုေပၚကေန ဆင္းလာခဲ့တဲ့အခ်ိန္မွာေတာ့ မိသားစုဝင္ေတြ ကူးစက္ခံရမွာစိုးရိမ္ပူပန္ၿပီး ေနအိမ္ရဲ႕ကားဂိုေဒါင္မွာ သီးသန္႔ခြဲၿပီးေနထိုင္ခဲ့ပါတယ္ ။

အခ်ိန္ 2ပတ္ခန္႔ သီးသန္႔ခြဲေနၿပီး ေနာက္မွာေတာ့ Guo Yue ဟာ လံုးဝေနေကာင္းက်န္းမာသလိုျပန္ျဖစ္သြားခဲ့ၿပီးေနာက္မွာမွ မိသားစုဝင္ေတြနဲ႔အတူ ျပန္ၿပီးေနထိုင္ခဲ့ပါတယ္ ။

Guo Yue ရဲ႕ႀကိဳးစားအားထုတ္ၿပီး သီးသန္႔ေနထိုင္ခဲ့မႈေၾကာင့္ သူ႔ရဲ႕မိသားစုဝင္ေတြ တစ္ဦးတစ္ေယာက္ကမွ ေရာဂါကူးစက္ခံရျခင္းမ်ိဳးမၾကံဳခဲ့ရေၾကာင္း သိ႐ွိရပါတယ္ ။

ေလးစားစြာျဖင့္ ခရစ္ဒက္ …… (Mckzone Daily)

Unicode

အချို့သောသူတွေကတော့ ကိုယ့်မှာရှိနေတဲ့ရောဂါမျိုး အခြားသူတွေဆီမကူးစက်သွားအောင် ဂရုတစိုက်ပြုမှုဆောင်ရွက်ခဲ့ကြသူတွေလည်း ရှိကြပါတယ် ။ဒီတစ်ခေါက်မှာလည်း မိသားစုကိုချစ်လွန်းတဲ့ကောင်လေးတစ်ယောက်ရဲ့ အပြုအမှုကိုဖော်ပြလိုက်ရပါတယ် ။

Guo Yue အမည်ရှိတဲ့ အသက် 25 နှစ်အရွယ် ဝူဟန်မြို့ကတက္ကသိုလ်ကျောင်းသားလေးတစ်ဦးဟာ ပြီးခဲ့တဲ့ January 22 ရက်နေ့က ဝူဟန်မြို့ကနေ ဇာတိမြေ Cangzhou မြို့သို့ပြန်ဖို့ လိုအပ်လာခဲ့ပါတော့တယ် ။

ရောဂါကူးစက်ပျံ့နှံ့နေမှန်း သိပြီးနောက် ကြိုတင်ကာကွယ်မှုလုပ်တဲ့အနေနဲ့ mask 3လွှာအထိ တပ်ပြီး ၊ လက်အိတ်များလည်း ဝတ်ဆင်ကာ ကာကွယ်မှုများပြုလုပ်ခဲ့ပါတယ် ။

ထို့ပြင် လေဆိပ်မှာလာကြိုမယ့်ဖခင်ဖြစ်သူကိုလည်း ပိုးသတ်စေတဲ့အရက်တွေယူဆောင်လာခဲ့ခိုင်းပါသေးတယ် ။ လေယာဉ်စီးနင်လာတဲ့ခရီးတစ်လျှောက်မှာလည်း အခြားသူတွေကို စကားပြောဆိုခြင်းမျိုးလုံးဝမရှိခဲ့တဲ့အပြင် ၊

ပစ္စည်းတွေ ထိတွေ့ကိုင်တွယ်ခြင်းမျိုးမရှိအောင်လည်း အတတ်နိုင်ဆုံးကြိုးစားခဲ့ပါတယ် ။ အိမ်ပြန်ရောက်ရောက်ချိန်မှာလည်း အခြားမိသားစုဝင်တွေ ရောဂါကူးစက်မှုမခံရအောင် သီးသန့်ခွဲနေခဲ့ပါတော့တယ် ။

ထို့အပြင် ” ကျွန်တော်က ဝူဟန်မြို့ကနေ ပြန်ရောက်လာခဲ့တာဖြစ်တဲ့အတွက် အခြားသူတွေရောဂါကူးစက်သွားမှာကို အတော်လေးကြောက်မိတယ် ၊ အဲ့ကြောင့် 14 ရက်လုံးလုံး သီးသန့်ခွဲနေခဲ့ပါတယ် ” ဆိုပြီး ကျောင်းသားလေးက ဖြေကြားခဲ့ပါသေးတယ် ။

2ရက်အကြာမှာတော့ သူ၏အတန်းဖော်မှာ ကိုရိုနာဗိုင်းရပ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ၊ Guo Yue ကိုယ်တိုင်လည်း ဆေးရုံမှာ သွားရောက်စစ်ဆေးခဲ့ပါတယ် ။

ထိုအချိန်မှာတော့ ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရကြောင်း သိရှိခဲ့ပြီးနောက် ဆေးရုံမှာသွားရောက်ဆေးကုစမှုခံယူခဲ့ပါတယ် ။

သို့ပေမဲ့လည်း ဆေးကုသမှုအောင်မြင်ပြီး ဆေးရုံပေါ်ကနေ ဆင်းလာခဲ့တဲ့အချိန်မှာတော့ မိသားစုဝင်တွေ ကူးစက်ခံရမှာစိုးရိမ်ပူပန်ပြီး နေအိမ်ရဲ့ကားဂိုဒေါင်မှာ သီးသန့်ခွဲပြီးနေထိုင်ခဲ့ပါတယ် ။

အချိန် 2ပတ်ခန့် သီးသန့်ခွဲနေပြီး နောက်မှာတော့ Guo Yue ဟာ လုံးဝနေကောင်းကျန်းမာသလိုပြန်ဖြစ်သွားခဲ့ပြီးနောက်မှာမှ မိသားစုဝင်တွေနဲ့အတူ ပြန်ပြီးနေထိုင်ခဲ့ပါတယ် ။

Guo Yue ရဲ့ကြိုးစားအားထုတ်ပြီး သီးသန့်နေထိုင်ခဲ့မှုကြောင့် သူ့ရဲ့မိသားစုဝင်တွေ တစ်ဦးတစ်ယောက်ကမှ ရောဂါကူးစက်ခံရခြင်းမျိုးမကြုံခဲ့ရကြောင်း သိရှိရပါတယ် ။

လေးစားစွာဖြင့် ခရစ်ဒက် …… (Mckzone Daily)

Be the first to comment

Leave a Reply

Your email address will not be published.


*