‘ကို႐ိုနာကူးစက္ခံရရင္ ဘယ္လိုခံစားရေၾကာင္းကို ကိုယ္ေတြ႕ႀကဳံဖူးသူတစ္ဦးက ျပန္လည္ဖြင့္ဟ’

အခုအေျခအေနအထိ ကမာၻတစ္ဝွမ္းလုံးက ေၾကာက္႐ြံ႕စြာ ေစာင့္ၾကည့္ေနရတဲ့ ကို႐ိုနာဗိုင္းရပ္အေျခအေနဟာ လက္ရွိအခ်ိန္ထိ မတည္ၿငိမ္ေသးပါဘူး။ ေၾကာက္မက္ဖြယ္ရာ ကိန္းဂဏန္းေတြ ဆက္တိုးေနဆဲျဖစ္ၿပီး ေသေၾကပ်က္စီးမႈေတြလည္း ေန႔စဥ္နဲ႔အမွ် ဆက္ရွိေနဆဲပါ။

အခု ကို႐ိုနာကူးစက္ခံခဲ့ရဖူးတဲ့ အမ်ိဳးသမီးတစ္ဦးက သူမရဲ႕ အေတြ႕အႀကဳံကို အမ်ားျပည္သူ သိရွိႏိုင္ေစဖို႔ ျပန္လည္မွ်ေဝခဲ့ပါတယ္။ သူမရဲ႕အမည္ကိုေတာ့ Julie လို႔သာ သတင္းမွာ ေဖာ္ျပထားပါတယ္။ Julie ဟာ ကံေကာင္းေထာက္မစြာပဲ ဗိုင္းရပ္စက ေပ်ာက္ကင္းခဲ့သူေတြထဲမွာ တစ္ဦးအပါအဝင္ပါ။

သူမက BBC 5 နဲ႔ အင္တာဗ်ဴးမွာ ” ကြၽန္မသိတာကေတာ့ အားအင္ကုန္ခမ္းၿပီး တစ္ေနကုန္ အိပ္ေပ်ာ္ေနတယ္ … အဲဒီေနာက္ တစ္ပတ္ေလာက္ၾကာေတာ့ ကြၽန္မ အဖ်ားက်သြားတယ္ … ကြၽန္မ ႏွာေခ်တာမ်ိဳး … တဟြတ္ဟြတ္ ေခ်ာင္းဆိုးတာမ်ိဳး မရွိခဲ့ပါဘူး “လို႔ ေျပာပါတယ္။

အဖ်ားကေတာ့ ျပင္းထန္လြန္းၿပီး (၁၀၂)F ေလာက္အထိ ရွိတယ္လို႔ ေျပာပါတယ္။ သို႔ေသာ္လည္း ခံလိုက္ရတဲ့ (၅)ရက္ေလာက္ဟာ (၅)ႏွစ္ေလာက္ ၾကာရွည္တယ္လို႔ ထင္မိပါတယ္တဲ့။ အစားအစာေတြ၊ ေဆးေတြကို အထူးဝတ္စုံဝတ္ဆင္ထားသူေတြက လာပို႔ပါတယ္တဲ့။

အဆိုးဆုံးကေတာ့ အသက္ရႉရတာ အလြန္ခက္ခဲၿပီး၊ ေသသြားေတာ့မလားလို႔ေတာင္ ထင္ရပါတယ္တဲ့။ အဆုပ္ေတြဟာ အေလးခ်ိန္စီးလြန္းတဲ့ သံတုံးႀကီးနဲ႔ ဖိအားရသလိုပါတဲ့။ အိမ္သာကို အသြားအျပန္လုပ္ရတာကလည္း အလြန္ခက္ခဲလြန္းၿပီး

ဗြီဒီယိုဇာတ္ကားေတြထဲက စလိုးမိုးရွင္းအတိုင္းပဲလို႔ ဆိုပါတယ္။ ” ကြၽန္မ ဒါကို ဘယ္ေလာက္ ေတာင့္ခံႏိုင္မလဲ မေသခ်ာပါဘူး .. ေသခ်ာတာကေတာ့ ဒီထက္ပိုၿပီး လမ္းမေလွ်ာက္ႏိုင္ေတာ့ဘူးဆိုတာပဲ …

အသက္ရႈရတာလည္း မဝေတာ့ … ထိုင္ေနတာက ပိုေကာင္းတယ္ … ဒီလိုဆိုး႐ြားမႈမ်ိဳး တစ္ခါမွ မျဖစ္ဖူးဘူး … “လို႔ ေျပာခဲ့ပါတယ္။ သူမ ဒီလို လြတ္ေျမာက္လာလို႔ ေဒါက္တာေတြနဲ႔ ဘုရားကို ေက်းဇူးတင္ပါတယ္တဲ့။

ခရက္ဒစ္ ဒီေန႔ေခတ္

Unicode

အခုအခြေအနေအထိ ကမ္ဘာတစ်ဝှမ်းလုံးက ကြောက်ရွံ့စွာ စောင့်ကြည့်နေရတဲ့ ကိုရိုနာဗိုင်းရပ်အခြေအနေဟာ လက်ရှိအချိန်ထိ မတည်ငြိမ်သေးပါဘူး။ ကြောက်မက်ဖွယ်ရာ ကိန်းဂဏန်းတွေ ဆက်တိုးနေဆဲဖြစ်ပြီး သေကြေပျက်စီးမှုတွေလည်း နေ့စဉ်နဲ့အမျှ ဆက်ရှိနေဆဲပါ။

အခု ကိုရိုနာကူးစက်ခံခဲ့ရဖူးတဲ့ အမျိုးသမီးတစ်ဦးက သူမရဲ့ အတွေ့အကြုံကို အများပြည်သူ သိရှိနိုင်စေဖို့ ပြန်လည်မျှဝေခဲ့ပါတယ်။ သူမရဲ့အမည်ကိုတော့ Julie လို့သာ သတင်းမှာ ဖော်ပြထားပါတယ်။ Julie ဟာ ကံကောင်းထောက်မစွာပဲ ဗိုင်းရပ်စက ပျောက်ကင်းခဲ့သူတွေထဲမှာ တစ်ဦးအပါအဝင်ပါ။

သူမက BBC 5 နဲ့ အင်တာဗျူးမှာ ” ကျွန်မသိတာကတော့ အားအင်ကုန်ခမ်းပြီး တစ်နေကုန် အိပ်ပျော်နေတယ် … အဲဒီနောက် တစ်ပတ်လောက်ကြာတော့ ကျွန်မ အဖျားကျသွားတယ် … ကျွန်မ နှာချေတာမျိုး … တဟွတ်ဟွတ် ချောင်းဆိုးတာမျိုး မရှိခဲ့ပါဘူး “လို့ ပြောပါတယ်။

အဖျားကတော့ ပြင်းထန်လွန်းပြီး (၁၀၂)F လောက်အထိ ရှိတယ်လို့ ပြောပါတယ်။ သို့သော်လည်း ခံလိုက်ရတဲ့ (၅)ရက်လောက်ဟာ (၅)နှစ်လောက် ကြာရှည်တယ်လို့ ထင်မိပါတယ်တဲ့။ အစားအစာတွေ၊ ဆေးတွေကို အထူးဝတ်စုံဝတ်ဆင်ထားသူတွေက လာပို့ပါတယ်တဲ့။

အဆိုးဆုံးကတော့ အသက်ရှူရတာ အလွန်ခက်ခဲပြီး၊ သေသွားတော့မလားလို့တောင် ထင်ရပါတယ်တဲ့။ အဆုပ်တွေဟာ အလေးချိန်စီးလွန်းတဲ့ သံတုံးကြီးနဲ့ ဖိအားရသလိုပါတဲ့။

အိမ်သာကို အသွားအပြန်လုပ်ရတာကလည်း အလွန်ခက်ခဲလွန်းပြီး ဗွီဒီယိုဇာတ်ကားတွေထဲက စလိုးမိုးရှင်းအတိုင်းပဲလို့ ဆိုပါတယ်။ ” ကျွန်မ ဒါကို ဘယ်လောက် တောင့်ခံနိုင်မလဲ မသေချာပါဘူး ..

သေချာတာကတော့ ဒီထက်ပိုပြီး လမ်းမလျှောက်နိုင်တော့ဘူးဆိုတာပဲ … အသက်ရှုရတာလည်း မဝတော့ … ထိုင်နေတာက ပိုကောင်းတယ် … ဒီလိုဆိုးရွားမှုမျိုး တစ်ခါမှ မဖြစ်ဖူးဘူး … “လို့ ပြောခဲ့ပါတယ်။ သူမ ဒီလို လွတ်မြောက်လာလို့ ဒေါက်တာတွေနဲ့ ဘုရားကို ကျေးဇူးတင်ပါတယ်တဲ့။

ခရက်ဒစ် ဒီနေ့ခေတ်

Be the first to comment

Leave a Reply

Your email address will not be published.


*