လုံဘူရီခရိုင်ရဲ့ လမ်းပေါ်မှာ ရာနဲ့ ချီတဲ့ မျောက်တွေ ပြည့်နက်နေ

ထိုင်းနိုင်ငံက မျောက်အုပ်စုနှစ်ခု တိုက်ပွဲကြောင့်ဒေသခံ အများပြားထိတ်လန့်

ရာနဲ့ချီတဲ့ မျောက်အုပ်စု နှစ်ခု ထိုင်းနိုင်ံ လုံဘူရီ ခရိုင်မှာ မတ်လ ၁၁ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဒေသခံတွေ ထိန့်လန့်ခဲ့ရကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ရေးသားခဲ့ပါတယ်…

ဒီတိုက်ပွဲဖြစ်ရာ လုံဘူရီခရိုင်ရဲ့ လမ်းပေါ်မှာ ရာနဲ့ ချီတဲ့ မျောက်တွေ ပြည့်နက်နေခဲ့တယ်လို့ဆိုပါတယ်…

လုံဘူရီမှာ မျောက်အကောင်ရေ ထောင်နဲ့ချီရှိပြီး မျောက်ဂိုဏ်းတွေ များစွာ ကွဲပြားနေတယ်သိရပါတယ်…

အဲထဲမှာ အင်အားကြီး ဂိုဏ်းနှစ်ခုကတော့ ဘုန်းကြီးကျောင်း မျောက်ဂိုဏ်းနဲ့ မြို့ပေါ် မျောက်ဂိုဏ်း ဖြစ်ပါတယ်… ကျန်မျောက်ဂိုဏ်းတွေဟာ အဲဒီနှစ်ခုထဲက တစ်ခုခုနဲ့ မဟာမိတ် ဖွဲ့ထားရတယ်လို့ဆိုပါတယ်…

ဘုန်းကြီးကျောင်းမျောက်တွေက ရှေးဟောင်း ဘုရားကျောင်းဖြစ်တဲ့ Phra Prang Sam Yod ဧရိယာကို ထိန်းချုပ်ထားတာဖြစ်ပြီး တစ်ခြား မျောက်ဂိုဏ်းတစ်ခုကတော့ မြို့ဘက် ဧရိယာကို ထိန်းချုပ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်…

ပုံမှန်အားဖြင့်တော့ ဒီမျောက်ဂိုဏ်း နှစ်ခုဟာ တစ်ဖက်နဲ့ တစ်ဖက် နယ်မြေကျူးကျော်တာမျိုး မရှိဘူးလို့ ဆိုပါတယ်…

မတ်လ ၁၁ ရက်နေ့မှာ ဖြစ်သွားတဲ့ တိုက်ပွဲကတော့ ဘာကြောင့်ဖြစ်သွားလဲဆိုတာ ဒေသခံတွေ အဖြေရှာစဉ်းစားနေကြပါတယ်…

တစ်ချို့ကလည်း ရာသီဉတုပူလာလို့ နယ်မြေကျော်တာ သို့မဟုတ် အစာရေစာ ရှာဖွေရေးအတွက် နယ်ကျော်တာကြောင့် တိုက်ပွဲဖြစ်တယ်လို့ ယူဆနေကြပါတယ်…

ဒီတိုက်ပွဲကို မျက်မြင်တွေ့ခဲ့တဲ့ တက္ကစီယဉ်မောင်း Beew Um-In ကတော့…

ဘုရားကျောင်းမျောက်ခေါင်းဆောင်ဟာ အစာရေစာ ရှားပါးမှုအတွက် သူ့အဖွဲ့ဝင်တွေကို မြို့ပေါ်က ဈေးထဲမှာ အစာတက်ရှာခိုင်းရာကနေ နယ်မြေကျော်လို့ မြို့ပေါ်မျောက်တွေက ပြန်တိုက်ခိုက်ရာကနေ တိုက်ပွဲဖြစ်တယ်လို့ ယူဆနေပါတယ်…

အသက် ၇၅ အရွယ်ရှိတဲ့ ဒေသခံ Somchai Unakong ကတော့ ဒါဟာ မကောင်းတဲ့ နမိတ်ပဲ သူ့ဘဝမှာ ဒီလောက်ကြီးတဲ့ မျောက်တိုက်ပွဲ တစ်ခါမှ မမြင်ဖူးဘူးလို့ ဆိုပါတယ်…

မူရင်းသတင်း https://www.bangkokpost.com/…/monkey-brawl-in-lop-buri-shoc…

Be the first to comment

Leave a Reply

Your email address will not be published.


*