ဟိုတုန္းက သူ႔ခ်စ္သူကို သိပ္ခ်စ္ၿပီး သိပ္ဂ႐ုစိုက္တတ္တဲ့ ေကာင္မေလးတစ္ေယာက္ရိွတယ္…..

ဟိုတုန္းက သူ႔ခ်စ္သူကို သိပ္ခ်စ္ၿပီး သိပ္ဂ႐ုစိုက္တတ္တဲ့ ေကာင္မေလးတစ္ေယာက္ရိွတယ္…..

ေကာင္မေလး ဂ႐ုစိုက္သေလာက္ ေကာင္ေလးက အဖက္မလုပ္ခဲ့ပါဘူး….

ေကာင္ေလး ဘာေတြလုပ္လုပ္ဘယ္လိုဘဲ သူ႔ကိုဆက္ဆံပါေစ ခြင့္လႊတ္ၿပီး ေဘးနားမွာရိွေနခဲ့တယ္….

ေကာင္မေလး(message) ပို႔တိုင္း ေကာင္ေလးက ဘယ္ေတာ့မွအေရးတယူ ျပန္ပို႔တယ္မရိွခဲ့ဘူး….

ေကာင္မေလးဖုန္းဆက္တိုင္း ဘယ္ေတာ့မွ အေလးထားၿပီး ျပန္မေျပာခဲ့ဘူး…

ေကာင္မေလး တစ္ခုခုလိုက္ပို႔ဖို႔ ပူဆာတိုင္း ဘယ္ေတာ့မွၾကည္ၾကည္ျဖဴ ျဖဴ မရိွခဲ့ဘူး….

ေကာင္မေလးနဲ႔ပက္သက္တာေတြ ေမြးေန႔ ခ်စ္သူမ်ားေန႔ ႏွစ္ပတ္လည္ေန႔ သူ႔အတြက္ ဘယ္ေတာ့မွဆုမေတာင္းေပးခဲ့ဘူး….

ေကာင္မေလး(online)မွာ စာပို႔တိုင္း ဘယ္ေတာ့မွ (reply) မျပန္ခဲ့ဘူး…..

ေကာင္မေလးရဲ႕fbစာမ်က္ႏွာမွာ သူ႔အတြက္ေနရာရိွခဲ့ေပမဲ့ သူ႔စာမ်က္ႏွာေတြမွာေတာ့ ေကာင္မေလးအတြက္ေနရာမရိွခဲ့ဘူး….

ေကာင္မေလးနဲ႔ အေပါင္းအသင္းေတြယွဥ္လာတိုင္း ဘယ္ေတာ့မွ သူ႔ေကာင္မေလးကို မ်က္ႏွာသာမေပးခဲ့ဘူး….

တျဖည္းျဖည္းနဲ႔ ရက္ကိုလစား လကိုႏွစ္စား အခ်ိန္ေတြကုန္လာခဲ့ၿပီ…ေကာင္မေလးစိတ္ထဲဒဏ္ရာေသးေသးေလးေတြကေန တေျဖးေျဖးႀကီးမားလာခဲ့တယ္…..

သူ႔အေတြးထဲ ေကာင္ေလးသူ႔ကိုခ်စ္တယ္ဆိုတာ ေဝဝါးလာခဲ့တယ္…သူ႔ရင္ဘတ္ထဲေမးခြန္းေတြထုတ္လာခဲ့တယ္…. သူအေျဖတစ္ခုရခဲ့တယ္….ေကာင္ေလးသူ႔ကိုမခ် စ္ဘူး….ဟုတ္တယ္…သူအရမ္းငိုခဲ့တယ္….

ၿပီးေတာ့ ဆံုးျဖတ္ခ်က္တစ္ခုကို ျပတ္သားစြာ ခ်လိုက္တယ္။

သူ႔အတြက္ဆို အခ်ိန္မေပးႏိုင္တဲ့ ေကာင္ေလး….

သူ႔အတြက္ဆို မၾကည္ျဖဴ ႏိုင္တဲ့ ေကာင္ေလး……

သူ႔အတြက္ဆို အေရးမေပးႏိုင္တဲ့ ေကာင္ေလး…..

ေကာင္ေလး သူ႔ေၾကာင့္ မေပ်ာ္ရႊင္ႏိုင္ရတာေတြ…

ေကာင္ေလး သူ႔ေၾကာင့္ စိတ္႐ႈပ္ေနရတာေတြ…..အတြက္…သူေကာင္ေလးေဘးနားကေနထာဝရေပ်ာက္ကြယ္သြားဖို႔….

တစ္ေန႔မွာ…..ေကာင္ေလးဆီကို ေန႔တိုင္းပို႔ေနတဲ့ (message) ေတြေရာက္မလာခဲ့ပါဘူး…..

ေကာင္ေလးဆီကို ေန႔တိုင္းဆက္ေနတဲ့ ph noေလးမဝင္လာခဲ့ေတာ့ပါဘူး…..

ေကာင္ေလးလဲ တစ္ရက္ႏွစ္ရက္ေအးေဆးပါဘဲ…တစ္ပတ္ေလာက္လဲၾကာလာေရာ သူတစ္ခုခုလိုအပ္ေနသလ္ုိ ခံစားလာရတယ္….သူစဥ္းစားလာတယ္ ေကာင္မေလး သူ႔ကို ဘာလို႔ဖုန္းမဆက္တာလဲ…ေနာက္ေတာ့ သူ႔ဖုန္းဆက္ဖို႔ ဆံုးျဖတ္ၿပီး ေကာင္မေလးဖုန္းကိုသူဆက္လိုက္တဲ့အခ်ိန္မွာ သူ႔ကိုျပန္ေျပာတယ္…

ေကာင္မေလးေတာ့မဟုတ္ခဲ့ဘူး….

“လူႀကီးမင္းေခၚဆိုေသာ တယ္လီဖုန္းမွာ တပ္ဆင္ထားျခင္းမရိွေသးပါ႐ွင္”တဲ့….

အဲ့ဒီကတည္းက ေကာင္ေလးကိုသိပ္ခ်စ္ခဲ့တဲ့ ေကာင္မေလးဟာ ေကာင္ေလးေဘးကေနထာဝရေပ်ာက္ကြယ္သြားခဲ့တယ္…..

တကယ္ေတာ့ ေကာင္ေလးကေကာင္မေလးကိုသိပ္ခ်စ္ပါတယ္…ဒါေပမယ့္ ေကာင္မေလးက သူ႔ကိုသိပ္ခ်စ္ေတာ့သူ႔အနားက မထြက္သြားဘူးဆိုၿပီး ဂ႐ုမစိုက္ခဲ့တာပါ…..

ေကာင္ေလးဟာ ေနာင္တေတြတေလွႀကီးနဲ႔ေကာင္မေလးျပန္လာမဲ့ေန႔ကို ေစာင့္ေနခဲ့ပါေတာ့တယ္….

တကယ္ေတာ့ အခ်စ္ဆိုတာ အသြားအျပန္ရိွဖို႔လိုအပ္ပါတယ္….သူကငါ့ကိုခ်စ္တာဘဲ….ငါဆိုးလို႔ရတယ္….ငါသူ႔ကို ဂ႐ုမစိုက္လို႔ရတယ္ဆိုၿပီး….မေတြးလိုက္ပါနဲ႔…အတိုင္းအတာဆိုတာ ရိွပါတယ္….

လူဆိုတာခံႏိုင္ရည္ ကုန္ဆံုးတဲ့အခါ ဘယ္ေလာက္ဘဲခ်စ္ခ်စ္ လြတ္ထားခဲ့ခ်င္ျကတယ္…

ဒါေၾကာင့္ ကိုယ္ေရြးခ်ယ္ထားတဲ့ လက္တြဲေဖာ္ကို ကိုယ့္ေဘးနားကေန ထာဝရရိွေနေစဖို႔ အျပန္အလွန္ဂ႐ုစိုက္ပါ။ ၾကင္နာပါ…ေဖးမပါ…ဥပကာၡမျပဳပါနဲ႔…..

မိန္းကေလးဆိုတာ ……

ကိုယ့္လက္တြဲေဖာ္က ကိုယ့္ကိုအေလးထားတာ ကိုလိုခ်င္တယ္…..

ကိုယ့္ကို ဦးစားေပးတာကို လိုခ်င္တယ္….

သင့္ရင္ထဲမွာ ခ်စ္ေနတာကို ထုတ္မျပဘဲ…

ျမင္ေနရေအာင္ နားလည္ေနရေအာင္ မိန္းကေလးဆိုတာ အျကားအျမင္ရေနတဲ့သူေတြ မဟုတ္ပါဘူး။

Thi ha🇲🇲

unicode

ဟိုတုန်းက သူ့ချစ်သူကို သိပ်ချစ်ပြီး သိပ်ဂရုစိုက်တတ်တဲ့ ကောင်မလေးတစ်ယောက်ရှိတယ်…..

ကောင်မလေး ဂရုစိုက်သလောက် ကောင်လေးက အဖက်မလုပ်ခဲ့ပါဘူး….

ကောင်လေး ဘာတွေလုပ်လုပ်ဘယ်လိုဘဲ သူ့ကိုဆက်ဆံပါစေ ခွင့်လွှတ်ပြီး ဘေးနားမှာရှိနေခဲ့တယ်….

ကောင်မလေး(message) ပို့တိုင်း ကောင်လေးက ဘယ်တော့မှအရေးတယူ ပြန်ပို့တယ်မရှိခဲ့ဘူး….

ကောင်မလေးဖုန်းဆက်တိုင်း ဘယ်တော့မှ အလေးထားပြီး ပြန်မပြောခဲ့ဘူး…

ကောင်မလေး တစ်ခုခုလိုက်ပို့ဖို့ ပူဆာတိုင်း ဘယ်တော့မှကြည်ကြည်ဖြူ ဖြူ မရှိခဲ့ဘူး….

ကောင်မလေးနဲ့ပက်သက်တာတွေ မွေးနေ့ ချစ်သူများနေ့ နှစ်ပတ်လည်နေ့ သူ့အတွက် ဘယ်တော့မှဆုမတောင်းပေးခဲ့ဘူး….

ကောင်မလေး(online)မှာ စာပို့တိုင်း ဘယ်တော့မှ (reply) မပြန်ခဲ့ဘူး…..

ကောင်မလေးရဲ့fbစာမျက်နှာမှာ သူ့အတွက်နေရာရှိခဲ့ပေမဲ့ သူ့စာမျက်နှာတွေမှာတော့ ကောင်မလေးအတွက်နေရာမရှိခဲ့ဘူး….

ကောင်မလေးနဲ့ အပေါင်းအသင်းတွေယှဉ်လာတိုင်း ဘယ်တော့မှ သူ့ကောင်မလေးကို မျက်နှာသာမပေးခဲ့ဘူး….

တဖြည်းဖြည်းနဲ့ ရက်ကိုလစား လကိုနှစ်စား အချိန်တွေကုန်လာခဲ့ပြီ…ကောင်မလေးစိတ်ထဲဒဏ်ရာသေးသေးလေးတွေကနေ တဖြေးဖြေးကြီးမားလာခဲ့တယ်…..

သူ့အတွေးထဲ ကောင်လေးသူ့ကိုချစ်တယ်ဆိုတာ ဝေဝါးလာခဲ့တယ်…သူ့ရင်ဘတ်ထဲမေးခွန်းတွေထုတ်လာခဲ့တယ်…. သူအဖြေတစ်ခုရခဲ့တယ်….ကောင်လေးသူ့ကိုမချ စ်ဘူး….ဟုတ်တယ်…သူအရမ်းငိုခဲ့တယ်….

ပြီးတော့ ဆုံးဖြတ်ချက်တစ်ခုကို ပြတ်သားစွာ ချလိုက်တယ်။

သူ့အတွက်ဆို အချိန်မပေးနိုင်တဲ့ ကောင်လေး….

သူ့အတွက်ဆို မကြည်ဖြူ နိုင်တဲ့ ကောင်လေး……

သူ့အတွက်ဆို အရေးမပေးနိုင်တဲ့ ကောင်လေး…..

ကောင်လေး သူ့ကြောင့် မပျော်ရွှင်နိုင်ရတာတွေ…

ကောင်လေး သူ့ကြောင့် စိတ်ရှုပ်နေရတာတွေ…..အတွက်…သူကောင်လေးဘေးနားကနေထာဝရပျောက်ကွယ်သွားဖို့….

တစ်နေ့မှာ…..ကောင်လေးဆီကို နေ့တိုင်းပို့နေတဲ့ (message) တွေရောက်မလာခဲ့ပါဘူး…..

ကောင်လေးဆီကို နေ့တိုင်းဆက်နေတဲ့ ph noလေးမဝင်လာခဲ့တော့ပါဘူး…..

ကောင်လေးလဲ တစ်ရက်နှစ်ရက်အေးဆေးပါဘဲ…တစ်ပတ်လောက်လဲကြာလာရော သူတစ်ခုခုလိုအပ်နေသလ်ုိ ခံစားလာရတယ်….သူစဉ်းစားလာတယ် ကောင်မလေး သူ့ကို ဘာလို့ဖုန်းမဆက်တာလဲ…နောက်တော့ သူ့ဖုန်းဆက်ဖို့ ဆုံးဖြတ်ပြီး ကောင်မလေးဖုန်းကိုသူဆက်လိုက်တဲ့အချိန်မှာ သူ့ကိုပြန်ပြောတယ်…

ကောင်မလေးတော့မဟုတ်ခဲ့ဘူး….

“လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ တပ်ဆင်ထားခြင်းမရှိသေးပါရှင်”တဲ့….

အဲ့ဒီကတည်းက ကောင်လေးကိုသိပ်ချစ်ခဲ့တဲ့ ကောင်မလေးဟာ ကောင်လေးဘေးကနေထာဝရပျောက်ကွယ်သွားခဲ့တယ်…..

တကယ်တော့ ကောင်လေးကကောင်မလေးကိုသိပ်ချစ်ပါတယ်…ဒါပေမယ့် ကောင်မလေးက သူ့ကိုသိပ်ချစ်တော့သူ့အနားက မထွက်သွားဘူးဆိုပြီး ဂရုမစိုက်ခဲ့တာပါ…..

ကောင်လေးဟာ နောင်တတွေတလှေကြီးနဲ့ကောင်မလေးပြန်လာမဲ့နေ့ကို စောင့်နေခဲ့ပါတော့တယ်….

တကယ်တော့ အချစ်ဆိုတာ အသွားအပြန်ရှိဖို့လိုအပ်ပါတယ်….သူကငါ့ကိုချစ်တာဘဲ….ငါဆိုးလို့ရတယ်….ငါသူ့ကို ဂရုမစိုက်လို့ရတယ်ဆိုပြီး….မတွေးလိုက်ပါနဲ့…အတိုင်းအတာဆိုတာ ရှိပါတယ်….

လူဆိုတာခံနိုင်ရည် ကုန်ဆုံးတဲ့အခါ ဘယ်လောက်ဘဲချစ်ချစ် လွတ်ထားခဲ့ချင်ကြတယ်…

ဒါကြောင့် ကိုယ်ရွေးချယ်ထားတဲ့ လက်တွဲဖော်ကို ကိုယ့်ဘေးနားကနေ ထာဝရရှိနေစေဖို့ အပြန်အလှန်ဂရုစိုက်ပါ။ ကြင်နာပါ…ဖေးမပါ…ဥပက္ခာမပြုပါနဲ့…..

မိန်းကလေးဆိုတာ ……

ကိုယ့်လက်တွဲဖော်က ကိုယ့်ကိုအလေးထားတာ ကိုလိုချင်တယ်…..

ကိုယ့်ကို ဦးစားပေးတာကို လိုချင်တယ်….

သင့်ရင်ထဲမှာ ချစ်နေတာကို ထုတ်မပြဘဲ…

မြင်နေရအောင် နားလည်နေရအောင် မိန်းကလေးဆိုတာ အကြားအမြင်ရနေတဲ့သူတွေ မဟုတ်ပါဘူး။

Thi ha🇲🇲

Be the first to comment

Leave a Reply

Your email address will not be published.


*